စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာရှိစစ်ဆေးရေးဂိတ်တစ်ခု၌ ယနေ့ည၉နာရီကျော်အချိန်တွင် စစ်ကားမိုင်းမိခြင်းကြောင့်စစ်တပ်မှရမ်းသန်းပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရသည်။
“ဖြစ်တာကတော့ ကြည်ရွာက တံတားထိပ်ကစစ်ဆေးရေးဂိတ်မှာစစ်ကားတစ်စီးမိုင်းမိတာကြောင့်လက်နက်ကြီးနဲ့ထုနေတယ်ကြားပါတယ်။အခုထိအသံတွေတော့ကြားနေရတုန်းပါပဲ”ဟု ဒီပဲယင်းဒေသခံတစ်ဦးကပြောသည်။
ကြည်ရွာတွင်ဖြစ်ပွားခြင်းကိုအတည်ပြုနိင်သော်လည်းစစ်ကားမိုင်းခြင်းကိုမူအတည်ပြုနိုင်ခြင်းမရှိသေးချေ။ ပြီးခဲ့သည့်ဇူလိုင်လက ဒီပဲယင်းနယ်ထဲက ရွာများဖြစ်သည့်ကြည်ရွာ၊ဆပ်ပြာကျင်းရွာနှင့်ဘုတ်ရွာတို့တွင် စစ်တပ်၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် PDFနှင့်ပြည်သူ၄၀ခန့်သေဆုံးခဲ့ရသည်။
Update – ဒီပဲယင်းပြည်သူများ ညဖက်အချိန်တွင် ဘေးလွတ်ရာသို့ မိသားစုလိုက်ထွက်ပြေးနရေကြောင်း သိရသည်။