ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် (၁၄၄)ရပ်ကွက်၊ ရွာသာကြီးစက်မှုဇုန်အတွင်း သြဂုတ်လ ၄ ရက် ယနေ့မနက် ၄နာရီချိန်ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွာသာကြီးစက်မှုဇုန် ရာဇသကြ်န်လမ်း ရွှေလှေ မုန့်စက်ရုံ မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ပြီး မီးဘုတ်မှဝါယာရှော့ဖြစ်၍ စတင်လောင်ကျွမ်းခဲ့ကာ အဆိုပါစက်ရုံအပါအဝင် စက်ရုံ သုံး ခု ကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
“ ဒီ ၁၄၄ ရပ်ကွက် ရွာသာကြီးထဲက ရွှေလှေမုန့်စက်ရုံက စလောင်တာ။စက်ရုံထဲက မီးဘုတ်ကဝါယာကြိုး အပူလွန်ပြီးရှော့ဖြစ်ပြီးလောင်တာ။ သူက အ ကွက်နံပါတ် ၄၅ပေါ့နော်။ သူ့ဘေးက ၄၃ ရယ် ၄၄ ရယ်က အထည်ဆိုးဆေးတွေထုတ်တဲ့စက်ရုံတွေပါကူးပြီး လောင်တယ်” ဟု ရွာသာကြီးစက်မှုဇုန် တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
မနက် ၄ နာရီချိန်က စတင်လောင်ကျွမ်းခဲ့ပြီး ၆ နာရီဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ဆီကို မီးလောင်နေတယ်ဆိုပြီး သ တင်းပေးဖုန်းဝင်လာတာ ၄ နာရီ ၁၃ မိနစ်လောက်က ဝင်လာတယ်။ ရောက်သွားတော့ စက်ရုံတစ်ခုကနေ နောက်တစ်ခုဆီကူးနေပြီ။ level 3 သတ်မှတ်ပြီး ငြှိမ်းလိုက်ရတယ်။ ၆နာရီလောက်ကျတော့မီးငြိမ်းသွားတယ်” ဟု တောင်ဒဂုံ မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစက်ရုံသည် လက်ရှိရုံးပိတ်ရက်ကာလဖြစ်၍ ဖွင့်လှစ်ထားခြင်းမရှိဘဲ စက်ရုံအတွင်း နယ်မှလာရောက်လုပ်ကိုင်သော ဝန်ထမ်းအနည်း ငယ်နေထိုင်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း ပျက်စီဆုံးရှုံးမှုတန်ဖိုး အ များအပြားရှိပြီး တွက်ချက်ဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – Myanmar Fire Service