By MPA
စစ်တပ်၏ လက်ချက်ကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်က ကင်းမကျေးရွာသို့ သွားရောက်ပြီးအကူအညီများ ပေးခဲ့သည့် ရန်ကုန် သူနာပြုတက္ကသိုလ်မှ ကျောင်းသူတစ်ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးခံရတာဟုတ်ပါတယ်။ အခုချိန်ထိတော့အသေးစိတ် သိရဖို့ စုံစမ်းနေကြတုန်းပါပဲ” ဟုသူနာပြု တက္ကသိုလ်၊ ရန်ကုန်က ကျောင်းသားများသမဂ္ဂမှ MPA သို့ အတည်ပြုသည်။
ဖမ်းဆီးခံရသူမှာ သူနာပြုတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မသဥ္ဇာထွန်းဖြစ်ပြီး သြဂုတ် ၂ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ကင်းမရွာမှ ကံမရွာသို့ သွားစဥ် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကင်းမရွာသည် ဇွန် ၁၅ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ ရွာလုံးကျွတ် မီးရှို့ခြင်းခံခဲ့ရခြင်းဖြစ်ပြီး ကျေးရွာအနေဖြင့် ဆေးဝါးရိက္ခာများ လိုအပ်နေသည်။
စစ်တပ်အနေဖြင့် ကင်းမရွာသို့ အကူအညီပေးရန်သွားရောက်သော လူများ၊ ယာဥ်များကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိနေခြင်းဖြစ်သည်။
#ကင်းမရွာ #စစ်ကောင်စီ #သူနာပြုကျောင်းသူ