By MPA
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်အစပ်တွင် ဇူလိုင်လ ၇ ရက်နေ့ညကထားဝယ် local PDF စုပေါင်းတပ်များနှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၇ ရက်နေ့ ည ၁၁ ခွဲလောက်ကနေ ၈ ရက်နေ့နံနက် ၂ နာရီခွဲလောက်အထိ ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်အစပ် ယောင်းမော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တပ်မှ ၅ ဦးခန့်သေဆုံးနိုင်ပြီး PDF ဘက်မှ ၂ ဦးကျဆုံးနိုင်ကြောင်း Intelligence Agency_ Tanintharyi မှ ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါတိုက်ပွဲတွင် စစ်တပ်တစ်ခုတည်းသာမဟုတ်ပဲ ပျူစောထီးများပါ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကူလာသော စစ်ကားတစ်စီးကို လမ်းပိုင်းတစ်နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အကျအရှုံးရှိနိုင်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရသည့်ဖြစ်စဥ်အေသးစိတ်နှင့်ပက်သက်ပြီး MPA အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲသည် စစ်တပ်မှအာဏာသိမ်းမှု ကျူးလွန်ပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သောအပြန်အလှန် တိုက်ခိုက်မှုဖြစ်သည်။
Photo- CJ