By MPA
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်းရှိ ကျေး ရွာများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုများမှ ကောလင်းမြို့နယ် အထွေထွေအုပ်အုပ်ချုပ်ရေး ဌာနထံ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက် လိုသဖြင့် နှုတ်ထွက်စာပေးပို့ခဲ့ကြောင်း သတင်း ရရှိသည်။
ကောလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများ ဖြစ်သည့် ဥက္ကံ၊ ဆင်ဂေါင်း၊ သရက်ချဥ်၊ တဂေါင်းအိုင်၊ ကြိုပင်၊ မိုးနှံ၊ တောင်ကြား၊ ယင်းတိုက် ကျေးရွာအုပ်စု ၈ ခု၏ အုပ်စုအုပ်ချုပ်ရေးမှူးများ ဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့မှ စ၍ လက်ရှိရာထူးမှ နှုတ်ထွက်လိုကြောင်း ပေးပို့ခဲ့သည်။
ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့-PDF(ကောလင်း) တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင်လ ၄ ရက်နေ့ မ နက်ပိုင်းက ကောလင်းမြို့သို့လာရောက်သည့် စစ်ယာဥ်တန်းအား ရွှေဘို–မြစ်ကြီးနားကားလမ်း ပေါ်တွင် PDFအဖွဲ့ဝင်များမှ မိုင်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၄၀ ဦးခန့်သေဆုံး ခဲ့ကြောင်း သိရသည်။
၄င်း အုပ်ချုပ်ရေးမှူးများထံ MPAသတင်းဌာနအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရရှိသဖြင့် အခြေအနေအသေးစိတ်အား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူးများအား ပစ်ခတ်ခံရမှုများ မြန်မာ နိုင်ငံအနှံ့ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ ဒေသခံပြည်သူများအား နှိပ်စက်မှု များမပြုလုပ်ရေး ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ များက သတိပေးမှုများ ပြုလုပ်ထားသည်။
Photo-CJ