By MPA CJ 020
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာသော တပ် တိုက်ခိုက်ခံရပြီး စစ်သား၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ် မြောင်ဦးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို လက်ဝဲကြီးရွာအရောက် မေလ ၃၀ရက်နေ့ နံနက် ၉နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြန္ဒာစစ်ဆင်ရေး -မန္တလေးက သတင်းထုတ်ပြန်ထားသည်။
“ ပစ်ကွင်းက ကျနော်တို့ပစ်ကွင်း၊စောင့်ပစ်တာ၊အဲ့တော့အသာစီးကပစ်ရတာ၊သူတို့ကတော့ ပြေးလိုက်ပစ်လိုက်ပဲ “ ဟု မြနန္ဒာစစ်ဆင်ရေး- မန္တလေးမှ တာဝန်ရှိသူ က MPA သို့ပြောသည်။
ယင်းစစ်ကြောင်းကို မြနန္ဒာစစ်ဆင်ရေး အဖွဲ့သားများက အရှည်၊စနိုက်ပါတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ဦးနေရာတင်သေဆုံးသွားကြောင်း မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။
စစ်သားများသေဆုံးမှုနှင့်ပတ်သက်၍ MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
မြနန္ဒာစစ်ဆင်ရေး အတွက် လက်နက်ခဲယမ်းလိုအပ်နေသည့်အတွက် ပြည်သူများအနေနှင့် ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံထားသည်။