By MPA CJ 012
တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင် EAOs သုံးဖွဲ့တို့သည် မိုင်းလားတွင် ညှိနှိုင်းဆွေးသွားမည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့ သုံးဖွဲ့တို့သည် လာမည့် ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း Mongla News မှ ယနေ့ မေလ ၃၀ ရက်တွင် ကြေညာသည်။
ဆွေးနွေးပွဲအား တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ရခိုင့်တပ်တော် အေအေ၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမည့်အကြောင်း ညီနောင်တိုင်းရင်းသားလက်နက်ကိုင်များမှ ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ရခိုင့်တပ်တော် (AA) ထံ MPA မှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့များမှ ကိုယ်စားလှယ်များ မိုင်းလားမြို့သို့ ရောက်ရှိနေပြီး တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကော်ပေါင်သည်လည်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် မိုင်းလားတွင် ရောက်နေပြီဖြစ်ကြောင်း ကြောညာချက်တွင် ဖော်ပြထားသည်။
မိုင်းလားအဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) မှ ဆွေးနွေးပွဲသို့ တက်မည့်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် နေထိုင်စားသောက်မှုများအတွက် တာဝန်ယူမည်ဖြစ်ကြောင်းလည်း ယင်း ကြေညာချက်အရ သိရသည်။