By MPA CJ 014
ကယား(ကရင်နီ)ပြည်နယ်၊လွိုင်လင်လေးမြို့နယ်၊ ကုန်းမှီကိုရွာခြံဝန်းတစ်ခုထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မေလ ၂၈ရက်၊ည ၈နာရီခန့်ကလွိုင်ကော်မြို့နယ်၊လွိုင်လင်လေးမြို့၊ကုန်းမှီကိုရွာရှိ နေအိမ် ခြံဝင်းတစ်ခုအတွင်းသို့ စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရကလေး၂ဦးမှာအသက်အန္တရာယ်မစိုးရိမ်ရတော့ ကြောင်း လွိုင်လင်လေးမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ မနေ့ညကဖြစ်တာ။ လက်နက်ကြီးတစ်လုံးကျတာပေါ့။မိသားစု၄ယောက်ရှိတာ။ကလေး၂ယောက်ထိတယ်။အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး” ဟု ၎င်းကပြောသည်။
အသက် ၉နှစ်အရွယ် မောင်ထွန်းလင်းသည် ဦးခေါင်းနှင့် ရင်ဘတ် လက်နက်ကြီးယမ်းစထိမှန်ခဲ့ပြီး အသက် ၇နှစ်အရွယ် မောင်ဟန်ထွန်းသည် ညာလက်ကောက်ဝတ် ယမ်းစထိမှန်ခဲ့ကြောင်း ရွှေလွိုင်ကော် ပရဟိတအသင်း ဒုဥက္ကဌ ဦးအောင်မိုးမြင့် ကပြောသည်။
“ သူတို့ရွာကနေ လွိုင်လင်လေးအထိခေါ်တာပေါ့နော်။လွိုင်လင်လေးကနေ ကားချင်းချိန်းပြီး လွိုင်ကော်ဆေးရုံကို ပို့ပေးလိုက်တာပေါ့။အခုတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူး” ဟု ၎င်း ကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့မှ နေ၍ ဒီမော့ဆိုအရှေ့ခြမ်းနှင့် မိုးဗြဲမြို့အတွင်းသို့ လက်နက်ကြီးြင့် နေ့စဉ်ပစ်ခတ်နေသောကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရနေကြောင်း MPAက စုံစမ်းသိရသည်။