ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊လမုန်ဇွတ်ကျေးရွာဘက်ရှိ ဧရာဝတီမြစ်ကမ်းဘက်တွင် ရပ်ထားသောရွှေတူးဖော်ရေငုတ်ကျင်းဖောင် ၃ ခု မေလ ၁၂ ရက်၊ယနေ့၊နေ့လည် ၁၂ နာရီကျော်အချိန်ခန့်မီးရှို့ခံလိုက်ရကြောင့် ဒေသခံမျက်မြင်များက အတည်ပြုပြောကြသည်။
“ ဒီနေ့ ၁၂နာရီလောက်မှာ ရွှေဖော င်တွေကို လူနှစ်ယောက်မီးလိုက်ရှို့တာ။” ဟု ဒေသခံမျက်မြင်တစ်ဦးက MPA သို့ပြောသည်။
အဆိုပါဖောင်များကို လူနှစ်ဦးကလာရောက်မီးရှို့ခြင်းဖြစ်ပြီး ထိုသူများသ ည် မည်သူမည်ဝါများဖြစ်သည့်အပြင် မည့်သည့်အတွက်ကြောင့်လာရောက်မီးရှို့ခဲ့သည်ကို မသိရကြောင့်လည်း ဆိုကြသည်။
” ပထမဖောင်မှာတော့ မီးရှို့တာ မထင်ဘူး။ရွှေဖောင်ပိုင်ရှင်လို့ ထင်ထားတာ။ မီးခိုးနဲ့ စက်ပေါက်ကွဲသံကြားမှ မီးလို က်ရှို့တာသိလိုက်ရတယ်။ဘယ်သူတွေလဲတော့ အတိအကျမသိသေးဘူး။” ဟုဒေသခံမျက်မြင်တစ်ဦးက MPA သို့ပြောသည်။
ထိုနေရာတွင် စစ်အာဏာသိမ်းပြီးနော က်ပိုင်း ဒေသခံပြည်သူများ ကန့်ကွက်နေကြသည့်ကြားက စက်ယန္တယားများဖြင့် တရားမဝင်ရွှေတူးဖော်မှုများပြု လုပ်နေကြခြင်းဖြစ်ကြောင့် ဒေသခံများက ဆိုကြသည်။