ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် အမျိုးသားတစ်ဦး ရုတ်တရက်လဲကျ၍ သေဆုံးသွားကြောင်း သာကေတလူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
ယမန်နေ့ ဧပြီ ၂၆ ရက်နေ့ ညနေ ၅:၅၁ အချိန်ခန့်တွင် သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီး ရုပ်ရှင်ရုံထိပ်အနီးတွင် အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးလဲကျ၍ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ တက်ခြင်းတို့ဖြစ်ပေါ်သဖြင့် ပရဟိတ အဖွဲ့များမှ အချိန်မှီ သွားရောက်ကုသမှုပေးခဲ့သော်လည်း သေဆုံးသွားသွားကြောင်း သိရှိရသည်။
“ ကျနော်တို့ရောက်တဲ့အချိန်မှာ လူနာကကိုယ်အပူချိန်အရမ်းမြင့်ပြီး တက်နေတာ၊ အဲ့အချိန် အနားက လူတွေနှိပ်နယ်ပေးထားတယ်၊ ကျနော်တို့ရောက်တဲ့ အချိန် အနီးအနား ဆေးခန်းကို ခေါ်သွားပေမယ့် မရတော့ဘူး” ဟု သာကေတလူမှုရေး အသင်းမှ တာဝန်ရှိသူထံမှ သိရှိရသည်။
လက်ရှိတွင်သေဆုံးသွားသူ၏ နာမည်၊နေရပ်လိပ်စာကို အတိအကျ သိရှိခြင်းမရှိသေးပေ။ သေဆုံးသွားသော ရုပ်အလောင်းကို အောင်နိုင်သူအသင်းကားဖြင့် စံပြဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။ နေ့အပူချိန်မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ရုတ်တရက်ဖျားနာသေဆုံးမှုများဆက်တိုက်ဖြစ်ပေါ်နေလျက်ရှိရာ ကျန်းမာရေး၀န်ကြီးဌာနမှ အပူချိန်ရှောင်ရှားနိုင်မည့်နည်းလမ်းများနှင့် အရေးပေါ်ကုသရေးနည်းလမ်းများကိုထုတ်ပြန်ထားသည်။