ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ဗောဓိညောင်ပင်လမ်းတွင် ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မနက်က ဆက်သွယ်လာတာတော့ ၈ နာရီကျော်ကျော်လောက်ကပေ့ါ။ အသက်ကတော့ ၂၅ နှစ်ဝန်းကျင်လောက် ခန့်မှန်းရတယ်။ နာမည်တွေဘာတွေတော့ သေချာမသိသေးဘူး ဟု တွဲလက်လူမှုကူညီရေး အသင်းထံမှ သိရသည်။
မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့သည်ကိုတော့ မသိရှိရသေးဘဲ သေဆုံးသူ အမျိုးသား အလောင်းကို စနစ်တကျထုပ်ပိုးပြီး အင်းစိန်ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ နောက်ဆက်တွဲအချက်များကို သိရှိနိုင်ရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင့် မည်သည့်အတွက်ကြောင့် သေဆုံးကြောင်းကိုတော့ မသိရှိရသေးပေ။