Project Dragon Fly အစီစဉ်မှ ရရှိလာသည့် အမေရိကန်ဒေါ်လာနှစ်သန်းကျော်ကို လေကြောင်းရန်ကာကွယ်ရေးနှင့် တန်ပြန်လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍများတွင် သုံးစွဲနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်အသိပေးသည်။
လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ကာကွယ်ရေးတပ်များသည်လည်း ဒရုန်းအသုံးပြုတိုက်ခိုက်မှုများ ပိုမို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။
Project Dragon Fly အစီစဉ်တစ်ခုအဖြစ် လူသိများသည့် ယင်းအစီအစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ရှိလာသည့် အခါတိုင်း မေးခွန်းထုတ်ခံရမှုများရှိခဲ့ပြီး NUG ဘက်မှ ရန်ပုံငွေနှင့်ပတ်သက်၍ ပထမဆုံးကြိမ် ထုတ်ပြန်ရှင်းလင်းလာခြင်းလည်းဖြစ်သည်။
ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နှင့် အလေအလွင့်မရှိ လက်ခံရရှိထားကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။