မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းသို့ ဆန်သယ်ယူလာသော ကားများကို စစ်ကောင်စီတပ် လယ်ကြီးဂိတ်မှ ပိုက်ဆံတောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
” တိုက်ပွဲတွေဖြစ်တုန်းကဆို မိုးကုတ်ကနေ ဆန်တင်လာရင် လုံးဝ ပေးမတင်ဘူး။ အကုန်သိမ်းပစ်တာ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကို ထောက်ပံ့မှာ ဆိုးနေတာ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က လယ်ကြီးဂိတ်တွင် မိုင်းလုံမှ ဆန်အိတ်သယ်ဆောင်လာသော ကားများထံမှ ငါးထောင်ကျပ်နှုန်းဖြင့် တောင်းခံနေပြီး ပါလာသော ကုန်ပစ္စည်းများကိုလည်း ဖောက်ထုတ် စစ်ဆေးနေသည်ဟုလည်း စုံစမ်းသိရှိရသည်။
” မိုင်းလုံမြို့ကနေ မီးသွေးတင်လာရင်လည်း ပိုက်ဆံပေးရတယ်။ အိမ်သုံးမယ်ပြောလို့ စျေးညှိနှိုင်းကြည့်ရင် နည်းနည်းလျှော့ပေးတယ်။ ပိုက်ဆံမပေးရင် ပေးမသွားဘူး” ဟု ဒေသခံတစ်ဦးက MPA သို့ ရှင်းပြသည်။
စစ်ကောင်စီတပ်သည် လယ်ကြီးဂိတ်ကို ညနေ ၅ နာရီ နောက်ပိုင်း မည်သည့်ယာဉ်မျှ ပေးဖြတ်ခြင်းမရှိဘဲ ယင်းစည်းကမ်းသည် ၎င်းတို့ လုံခြုံရေးအတွက် ချမှတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။