ခင်ဦးမြို့နယ်၊ အင်းပတ်ဘူတာအနီး ကင်းပုန်းဝပ်ကာ ပြည်သူတို့၏ဖုန်းနှင့်ငွေ လုယက်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်း၌ လမ်းသွားလမ်းလာများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီခွဲခန့်တွင် အင်းပတ်ဘူတာအနီး လမ်းသွားလမ်းလာနှင့် တောသွားပြည်သူများအား လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“မနေ့ကတည်းက ကင်းပုန်းဝပ်ပြီး ဖြတ်သွားတဲ့ ပြည်သူတွေကို ငွေနဲ့ဖုန်းလုလို့ PDFတွေက အဲဒီလမ်း မသွားကြဖို့ သတိပေးထားတာ။ ဒီနေ့မနက်ကျတော့ သေနတ်နဲ့ လျှောက်ပစ်တာ”ဟု ခင်ဦးစစ်ရှောင်ကူ ညီနေသူတစ်ဦးကပြောသည်။
ယင်းသို့ သေနတ်နှင့် ပစ်ခတ်ပြီးနောက်နံနက် ၈နာရီမိနစ်၂၀ခန့်တွင် မြကန်ရွာထဲသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။
“သေနတ်နဲ့ ပစ်တာ ထိတယ်လို့မကြားဘူး။မြကန်ရွာ အိမ်ဘယ်နှစ်လုံးလောင်သလဲဆိုတာတော့ မသိ သေးဘူး။အကုန်ထွက်ပြေးနေကြတယ်”ဟု ၎င်းကပြောသည်။
ရေဦးမြို့၊တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကာင်စီတပ်က လက်နက်ကြီးဖြင့် ၆လုံးဆက်တိုက် ပစ်ခတ်သောကြောင့် မြကန်ရွာ၊အင်းပတ်ရွာနှင့်ကုန်းသာရွာနေ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကဆိုသည်။
မတ်လ၂၂ရက်နံနက်က စစ်သားနှင့် ပျူစောထီးတို့သည် အင်းပတ်ဘူတာအနီး၊ ရွှေမော်ဓော ဘုရားကွင်းပတ် ဝန်း ကျင်၌ ကင်းပုန်းဝပ်ကာ လမ်းသွားလမ်းလာ ပြည်သူများဆီက ငွေနှင့်ဖုန်း လုယက်နေကြောင်း Khin U Dog Killers ကဆိုသည်။
ယင်းကြောင့် Khin U Dog Killers ညောင်ပင်ကြီးစု-အင်းပတ်-မြင်းဒေါင်း မူးဘောင်(DY-1မူးဘောင်)လမ်းအသုံးပြုမှုကို ယာယီရပ်ထားကြရန် Khin U Dog Killers ကအသိပေးထားသည်။