Photo – JPaing / Myanmar Pressphoto Agency
သီတင်းကျွတ်လပြည့်နေ (အဘိဓမ္မာအခါတော်နေ့)တွင် မြတ်စွာဘုရားရှင်အား ရည်စူးပြီး ဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆီမီးများကိုကပ်လှူရန်အတွက် ရွှေတိဂုံစေတီတော်တွင် မိုးရွာနေကြသော်လည်း ရိုးရာမပျက် လာရောက်ဖူးမျော်သူများနှင့် စည်ကားလျက်ရှိပါသည်။
ရိက္ခာပြတ်လပ်ပြီး အဟာရချို့တဲ့မှုကြောင့် အမ်းဒေသခံတစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုများကြောင့် ရိက္ခာပြတ်လပ်ပြီး အဟာရလုံလောက်စွာမရရှိခြင်းကြောင့် အမ်းဒေသခံတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီတပ်က အမ်းမြို့သို့ကုန်သွယ်နိုင်သည့်လမ်းကြောင်းများကိုပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ထိုသို့ပိတ်ဆို့မှုများကြောင့် မြို့နယ်အတွင်း ရိက္ခာပြတ်လပ်ကာ ဒေသခံများအနေဖြင့် အဟာရလုံလောက်စွာမရရှိခြင်းကြောင့် ယခုနှစ်၊ ဧပြီ...