Photo – Htet Wai / Myanmar Pressphoto Agency
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆက်ကပ်လှူဒါန်းရန်အတွက် ရွှေတိဂုံစေတီတော် ရင်ပြင်တွင်( ၃၃) ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ပွဲနှင့် ဆီမီးပူဇော်ပွဲများကို နိုဝင်ဘာလ ၂ ရက်နေ့ ညတွင် ပြုလုပ်ကာ နိုဝင်ဘာ ၃ရက်နေ့နံက်တွင် မသိုးသင်္ကန်းကပ်လှူရန်အတွက် ဘုရားရင်ပြင်တွင် မိသားစုအလိုက် ညအိပ်ကာ စောင့်နေကြသူများကို MPA ဓါတ်ပုံသတင်းထောက်က ရိုက်ကူးတင်ပြထားပါသည်။
စဉ့်ကိုင်မြို့နယ်တွင် လောင်းကစားဝိုင်း နှင့် KTV များ၊ များလာပြီး အကြွေးကြောင့် အိမ်သိမ်းခံရသူများပါရှိနေ
မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်တွင် လောင်းကစားဝိုင်းများ နှင့် KTV များ၊ များလာပြီး အကြွေးကြောင့် အိမ်သိမ်းခံရဥူများပါရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စဉ့်ကိုင်မြို့နယ်အတွင်းရှိ လောင်းကစား၀ိုင်းများသည် ရဲနှင့်စစ်သားများကို လိုင်းကြေးပေးကာ...