ရခိုင်ပြည်နယ်၊ စစ်တွေမြို့က MPT ရုံးဝင်းထဲတွင် ယနေ့ နံနက်အစောပိုင်းက MPT ဝန်ထမ်းအမျိုးသားတစ်ဦး လည်ပင်းကို ဓားနှင့် အထိုးခံရပြီး အသတ်ခံခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်း ရပ်ကွက်မှာ နေထိုင်သည့် ဦးဖြူစောလှကို ယနေ့ နံနက်အစောပိုင်းတွင် လည်ပင်း ဓားစိုက်တန်းလန်းနှင့် အသက်မသေဆုံးသေးဘဲ ပြည်သူအချို့က တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ တွေ့လျှင် တွေ့ချင်း စစ်တွေဆေးရုံကြီးသို့ အလျှင်အမြန် ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
MPT ဝန်ထမ်းဖြစ်သူ ဦးဖြူစောလှသည် မတ်လ ၃ ရက်နေ့ မနေ့က ညပိုင်းက ရုံးမှ အိမ်သို့ ပြန်လာခြင်း ရုံးတွင်ပင် ညအိပ်နေခဲ့ခြင်း ဖြစ်ပြီး ယနေ့နံနက်တွင် ဓားတန်းလန်းနှင့် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ကာ ကျူးလွန်သူများကိုတော့ စုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။