မြန်မာနိုင်ငံမှ ထွက်ခွာပေးရန် အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအကျပ်တွန်းအားပေးနှင်ထုတ်ခံရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Pete Vowels က ယနေ့တွင် ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ ယင်းသို့ပြုလုပ်ခြင်းသည် ၎င်းအတွက် ဝမ်းနည်းစရာအဖြစ် ရှိခဲ့သော်လည်း ရက်စက်ကြမ်းကြုတ်သည့် အာဏာသိမ်းမှုကို တရားဝင်ဖြစ်မြောက်အောင် အလျှော့မပေးခဲ့ခြင်းအတွက် တော်သေးကြောင်း တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
ယင်းအခြေအနေကြောင့် ၎င်း၏ မြန်မာနိုင်ငံအတွင်း နေ့ရက်များသည် အဆုံးသတ်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း သံရုံးအနေဖြင့် ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် တရားမျှတမှုများထက် ဘာမျှမလိုချင်သော မြန်မာလူထု၏ စိတ်ဓာတ်ခွန်အားများနှင့်အတူ ဆက်လက်ရပ်တည် ကူညီပေးနေမည်ဟု တွစ်တာတွင် အသိပေးထားသည်။ အဆိုပါအခြေအနေနှင့် ပတ်သက်၍ MPA အနေဖြင့် အသေးစိတ် မသိရှိသေးပေ။