အစဉ်အလာမပျက်သော အလံဖြူထောင်တပ်အဖြစ် ၁၀၂၇စစ်ဆင်ရေး၊ဒုတိယပိုင်းအစီအစဉ်၏ ၁၂ရက်မြောက်နေ့တွင် လားရှိုး၌ စတင်ခဲ့သည်။
လားရှိုးမြို့နယ်၊နမ့်ပေါင်ကျေးရွာအခြေစိုက် ခလရ၂၉၁ တပ်ရင်းက စစ်သားအင်အား ၃၀၀ကျော် ကိုးကန့်တပ် MNDAA ထံ လက်နက်ချအညံ့ခဲ့ခြင်းဟုဆိုသည်။ ခလရ၂၉၁ တပ်ရင်းကို ဇူလိုင်သုံးရက်တွင် MNDAA ကထိုးစစ်စတင်ခဲ့ရာ ဇူလိုင်ငါးရက်ညပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်ဂီလာနတပ်၏ ထုံးစံအတိုင်း အရှုံးပေါ်သည်နှင့် စစ်ဗိုလ်ချုပ်တို့အတွက် အသေမခံဘဲ လက်နက်ချအညံ့ခံလိုက်ကြခြင်းဖြစ် သည်။
၁၀၂၇စစ်ဆင်ရေး၏ ဒုတိယပိုင်းအစီအစဉ်ကို ဇွန်၂၅ရက်တွင် TNLAပူးပေါင်းတပ်က စတင်ဖွင့်လှစ်ခဲ့ သည်။ဇွန်၂၉ရက်၊စစ်ဆင်ရေးကာလ ငါးရက်မြောက်သို့ ရောက်သောအခါ နောင်ချို၊ကျောက်မဲ၊သီပေါ၊မိုးကုတ် နှင့်မိုးမိတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး လက်နက်ချအညံ့ခံခဲ့ကြသည်။
ထို့အပြင် မတ္တရာစစ်မျက်နှာတွင်လည်း လက်နက်ချအညံ့ခံစစ်သား ၆၄ဦးနှင့် တပ်မိသားစုဝင် ၁၁၇ဦး တို့ကို ထိန်းသိမ်းခဲ့ကြောင်း MDY-PDF က ဇူလိုင်နှစ်ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ယခုဆိုလျှင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို စစ်ရေးအရ အကောင်းဆုံးခြိမ်း ခြောက်နိုင်သည့်အနေအထား။နောင်ချို၊ကျောက်မဲနှင့် မိုးမိတ်မြို့သိမ်းတိုက်ပွဲတို့သည် သိပ်များမကြာမီ တော် လှန်ရေးအောင်လံ လွှင့်ထူနိုင်တော့မည့် အခြေအနေ။ဇူလိုင်သုံးရက်နေ့၊မိုးကုတ်မြို့အနောက်ပိုင်း အမြင့်ဆုံး နေရာတွင် ပြည်သူ့တော်လှန်ရေးအလံတော်ကို လွှင့်ထူ။ MDY PDF ထုတ်ပြန်ချက် မန္တလေးတိုင်း၊စဉ့်ကူးမြို့ နယ် အတွင်းရှိ တပ်စခန်း ခြောက်ခုနှင့် မတ္တရာမြို့နယ်က တပ်စခန်း၂၅ခုကို အပြီးသတ်သိမ်းပိုက်ပြီးဖြစ်ပါ ကြောင်း။
၁၀၂၇စစ်ဆင်ရေး၏ ဒုတိယပိုင်းအစီအစဉ်တွင် ရှမ်းမြောက်နှင့်ဆက်စပ် မန်းတိုင်းကိုပါတွဲလျက် ရှမ်း မန်းစစ်ဆင်ရေး တစ်ပြိုင်နက် ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ရှမ်းမြောက်အရေးသာ ယောက်ယက်ခတ် တွေးနေ သော နေပြည်တော်ကျည်လုံမှန်ခန်းထဲ လက်ညှိုးထိုးတိုက်ပွဲဝင်နေသည့် စစ်ဗိုလ်ချုပ်တို့၏ နားထင်ဆီ သွေး ဆောင့်တက်စေခဲ့မှာ သေချာသည်။
ထို့အပြင် စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းမှာပင် မန္တလေးမြို့နှင့် ၁၅မိုင်ခန့်အကွာတွင် PDF အလံတော် တလူလူလွင့်လာခြင်းကလည်း စစ်ရှုံး ကာချုပ် မင်းအောင်လှိုင်အတွက် အိပ်ဆေးတစ်လုံးတိုး ထပ်မြိုချရပေ တော့မည်။
ရှမ်းမန်းစစ်ဆင်ရေးဆိုသည်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROS)နှင့်NUGအစိုးရ တို့၏ ညီညွတ်မှုအဆင့်သစ်ဖြစ်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ နိုင်ငံတကာပရောဟိတ်အချို့၏ အယူအဆကို ချေဖျက်ပြလိုက်ခြင်းလည်း ဖြစ်သည်။
နိုင်ငံတကာပရောဟိတ်အချို့က စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတို့က အောင်နိုင်လိမ့် မည်မဟုတ်ဟုသာ အခိုင်အမာဟောကိန်းထုတ်ခဲ့ဖူးသည်။၁၀၂၇စစ်ဆင်ရေး ပထမပိုင်းအစီအစဉ်က စစ် ကောင်စီတပ်ကို အထင်အရှားအနိုင်ပိုင်းပြခဲ့ပြီးနောက် ရခိုင်နှင့်ကချင်စစ်မျက်နှာတို့တွင်ပါ စခန်းသိမ်းမြို့သိမ်း ထိုးစစ် ဆင်နိုင်ခဲ့သည့်အခါ EROS များသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအမြင်နှင့် ဖက်ဒရယ်အမြင်ကင်းမဲ့ ကာ ကိုယ့်နယ်မြေကိုယ် အုပ်ချုပ်ခွင့်ရရေးသာတိုက်နေခြင်းဖြစ်ကြောင်း ပရောဟိတ်အချို့က မှတ်ချက်ပေးကြ ပြန်သည်။
EROS တို့၏ စစ်ရေးရည်မှန်းချက်မှာ ၎င်းတို့တိုင်းရင်းသားဒေသအတွင်းသာဖြစ်ပြီး မြေပြန့်အထိ ဆင်းတိုက်မည်မဟုတ်ကြောင်း ပရောဟိတ်အချို့၏ မှတ်ချက်ကို ယခု ရှမ်းမန်းစစ်ဆင်ရေးက ချေဖျက်ပစ် လိုက်ပြီဖြစ်သည်။
ရှမ်းမန်းစစ်ဆင်ရေး၏ ရှေ့အလားအလာကို လတ်တလော မှန်းဆကြည့်ရန် စောနေသေးသော်လည်း ရှမ်းမြောက်မြို့တော် လားရှိုး၊ စစ်တပ်၏အသည်းနှလုံး ပြင်ဦးလွင်နှင့် အထက်မြန်မာ မြို့ကြီး မန္တလေးတို့ကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း သက်သေကောင်းများ ထွက်ပေါ်နေပြီဖြစ်သည်။
ရှမ်းမြောက်ဒေသ အပစ်ရပ် ကမကထ တရုတ်မှာမူ စစ်တပ်က ဟိုင်ဂင်သဘောတူညီချက်ကို တစ် ဖက်သတ်ဆုတ်ဖြဲခဲ့သည့်အချိန်မှ ယခုအချိန်ထိ တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ငြိမ်လျက်ရှိ သည်။သို့သော်၊စစ်ကောင်စီတပ် ခွက်ခွက်လန်ထပ်ရှုံးသည့်အခါ TNLAနှင့် MNDAAတို့အပေါ် တရုတ်က လည်မျို ထပ်ညှစ်ကာ မရမက အပစ်ရပ်စေခြင်းမျိုး ထပ်ဖြစ်လာနိုင်သော်လည်း နောက်ထပ်အကြိမ်ကြိမ် ပြန်လည် တိုက်ခိုက်ခြင်းလည်း ဖြစ်လာမှာ သေချာသည်။
ယနေ့ ရှမ်းမန်းစစ်ဆင်ရေးသည် နေပြည်တော်သို့ အရောက်မနှင်နိုင်သေးသော်လည်း နေပြည်တော် သို့ရောက်ရန် အရေးပါသောခြေလှမ်းများ လှမ်းလိုက်နိုင်မည်ဟု ယုံကြည်ရသည်။နိုင်ငံတကာအသိုင်းအဝိုင်းအ နေနှင့် နွေဦးတော်လှန်ရေးဘက်ခြမ်းဆီသို့ ခြေစုံပစ် ကူညီခြင်းဖြင့် မြန်မာပြည်သူတို့၏အသက်ကို ကယ်တင် သင့်ပေပြီဖြစ်သည်။