မင်းအောင်လှိုင်၏ ချိုင်းထောက် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းတစ်ယောက် လူမြင်ကွင်းရှေ့ မှောက် ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း ၎င်း ဦးဆောင်ကွပ်ကဲနေသည်ဟုဆိုသော အသေခံ အောင် ဇေယျစစ်ကြောင်းမှာမူ ယနေ့ထိတိုင် ဒေါနတောင်ကို မကျော်နိုင်သေးပေ။
မော်လမြိုင်မှသည် မြဝတီသို့ နေ့တစ်ဝက်ပင်မကြာ ရောက်သောခရီးကို ချိုင်းထောက်စိုးဝင်း၏ အသေခံ အောင်ဇေယျစစ်ကြောင်းမှာ တစ်လပြည့်ရန် ရက်ပိုင်းသာလိုတော့သော်လည်း ဒေါနတောင်ပေါ်တွင် ရှေ့ ဆက်တိုးတိုင်း သေပန်းပွင့်လျက်ပင်ဖြစ် သည်။
မြဝတီမြို့၏ မဟာဗျူဟာမြောက် ခံတပ်ကြီးဖြစ်သော သင်္ဃန်းညီနောင်တပ်ရင်းတို့ အရစ်ပြုန်း ဒူး ထောက်အညံ့ခံကာ KNLAပူးပေါင်းတပ်လက်ထဲသို့ တပ်ရင်းများရော လက်နက်များစွာပါ ထိုးအပ်ခဲ့ရပြီး နောက်တွင် ချိုင်းထောက်စိုးဝင်း ဦးစီးသည်ဆိုသော နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ ယင်း၏ ရည်ရွယ်ချက်မှာ မြဝတီမြို့ ဆိုးအောက်(Sold Out) မဖြစ်စေရေးဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းတွင် စစ်သားအင်အား ၁၅၀၀ ပတ်လည် ပါဝင်ပြီး မော်လမြိုင်မြို့မှ ဧပြီခုနှစ် ရက်ဝန်းကျင်၌ စတင်ထွက်ခွာခဲ့ရာ တော်လှန်ရေးတပ်တို့၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ သို့ပင် ဧပြီ ၁၁ရက်မှ ရောက်ရှိသည်။
သို့သော်၊ဧပြီ၁၀ရက်ညမှာပင် မြဝတီမြို့စောင့်တပ် ခလရ၂၇၅ ကို KNLAပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့သဖြင့် အောင်ဇေယျစစ်ဆင်ရေး၏ ရည်မှန်းချက်မှာ လမ်းတစ်ဝက်မှာတင် ဟက်တက်ကွဲခဲ့ကာ မြဝတီမြို့ ပြန်လည်ရရှိရေးဆီသို့ ဆက်လက်ဦးတည်လိုက်သည်။
အောင်ဇေယျစစ်ဆင်ရေးမှာ ကြိုက်သလောက်သေ မြဝတီရောက်အောင် ရှေ့ဆက်ချီမည်ဆိုသည့် မာန်မာနကြီးမှုဖြင့် ဧပြီ၁၂ရက်၊ကော့ကရိတ်မြို့မှအထွက် ကော့နွဲ့ကျေးရွာတံတားတွင် အသင့်စောင့်နေသော KNLAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ရှေ့မလှမ်းနိုင်ဘဲ ရပ်တန့်။ ဆက်လက်ပြီး တတန်းကူးရွာအနီးအရောက် နှစ်ပတ်ခန့်ကြာ ထပ်ရပ်ကာ ယခုမှ ဒေါနတောင်ပေါ်သို့ ရောက်ခြင်းဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းသည် နိုင်ငံတော်အဆင့် စစ်ကြောင်းဖြစ်ခြင်းကြောင့် မြေပြင်တွင် ရှေ့တစ် လှမ်းတိုးနိုင်ရေး လက်နက်ကြီးရော လေကြောင်းပစ်ကူဖြင့်ပါ ပုံအော တိုက်ပေးခဲ့သည်။ သို့သော်၊စိတ်ဓာတ် ခွန်အားနှင့် နယ်မြေကျွမ်းကျင်မှု ပူးချည်ကာ တိုက်နေသော တော်လှန်ရေးတပ်တို့ကို မည်သို့မျှ မယှဉ်နိုင်။ ယင်းစစ်ကြောင်းသည် ရက်ပေါင်း၂၀ကျော်အကြာတွင် လေးမိုင်သာ ရှေ့တိုးနိုင်ကြောင်း Myanmar Now သ တင်းက ဆိုသည်။
ဧပြီ၁၀ရက်ညတွင် ခလရ၂၅၇ တပ်ကို စွန့်ကာ မြဝတီမြို့ပြင် အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ခြေရင်း သံမံတလင်းပေါ် ခေါင်းအုံးခဲ့သော စစ်သားများ BGF(KNA)၏ စောင်မမှုဖြင့် မြဝတီမြို့ တွင်း ခလရ၂၅၇ တပ်ရင်းထဲသို့ ဧပြီ၂၃ရက်၌ ပြန်ရောက်သွားခဲ့သည်။အောင်ဇေယျစစ်ဆင်ရေးမှာမူ အလောင်းချင်း ထပ် ပေးဆပ်ပြီးမှသာ ရှေ့သို့ နည်းနည်းတိုးနိုင်မြဲဖြစ်သည်။သို့သော်၊ မြဝတီမြို့တွင်း အုပ်ချုပ်ရေးကို BGF ပေး စာကမ်းစာဖြင့် ပြန်လည်ရရှိလာသဖြင့် အောင်ဇေယျစစ်ဆင်ရေးအတွက် ဖိအားလျော့စေသည်။
သို့သော်၊ BGF ဆိုသည်မှာ စစ်ကောင်စီတပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်မဟုတ်တော့။ စစ်တပ်ကိုစွန့်ခွာ မပတ်သက်တော့ပါဟုဆိုကာ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ်သို့ ရပ်တည်လိုက်ပြီ ဖြစ်သော တပ်။BGFသည် ဟိုလိုလို ဒီလိုလို ခြေမငြိမ် ဗျာများ စိတ်မချ။ ထို့ကြောင့် BGF၏ စွန့်ကြဲမှုအရ မြဝ တီမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ဟန်မပျက် ပြန် လည်ပတ်ခွင့်ရခြင်းသည် စစ်ကောင်စီ လိုချင် သော အဖြေမဟုတ်သလို စစ်ကောင်စီအတွက် စိတ်ချရသည့် အခြေအနေလည်း မဟုတ်ပေ။
ထို့ကြောင့်ပင် အောင်ဇေယျစစ်ကြောင်းမှာ နောက်ကြောင်းမပြန်ဘဲ မြဝတီသို့ရောက်အောင် လှမ်းမြဲ လှမ်းနေခြင်းဖြစ်သလို မြဝတီမြို့ပေါ်သို့လည်း လေကြောင်းမှနေ၍ စစ်သားများ ချပေးနေခြင်းမှာ လိပ်လို ရွေ့ နေရသော အောင်ဇေယျစစ်ကြောင်းကို စိတ်မရှည်တော့ခြင်းကြောင့်ဟု ထင်သည်။
စစ်ကောင်စီတပ်က အောင်ဇေယျစစ်ကြောင်းတင်မက မြဝတီဘက်ခြမ်းမှလည်း စစ်ကြောင်းထိုးကာ နှစ်ဘက်ညှပ် တိုက်ခိုက်ခြင်းမျိုး လုပ်ဆောင်လာနိုင်သည်။သင်္ဃန်းညီနောင်ကို ပြန်သိမ်းနိုင်ရုံတင်မက သင်္ဃန်း ညီနောင်တွင် ယခင်လို တပ်ရင်းများ ပြန်လည်အခြေစိုက်နိုင်မှသာ မြဝတီမြို့ကို စစ်ကောင်စီ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။
အရှေ့တောင်အာရှသို့ အဓိကဝင်ပေါက် မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေးသည် စစ်ကောင်စီအတွက်ဂုဏ် သိက္ခာအရရော အစစအရာရာအတွက်ပါ အရေးပါလှသည်။ အောင်ဇေယျစစ်ဆင်ရေးသာ ဒေါနတောင်တန်း ကို မကျော်နိုင်ပါက ကရင်စစ်မျက်နှာ၏ အနာဂတ်မှာ စစ်ကောင်စီတပ် လည်စင်းခံရုံသာ ရှိပေတော့မည်။
ထို့ ကြောင့် အောင်ဇေယျစစ်ဆင်ရေး ကြိုက်သလောက်သေ မြဝတီသို့ရောက်အောင် ချီရမည်ဟု ချိုင်းထောက်စိုး ဝင်းက တစ်ချက်လွှတ်အမိန့်ဖြင့် သေတွင်းထဲ တွန်းပို့ခဲ့ခြင်းပင်ဖြစ်ပြီး သိပ်များမကြာခင် ချိုင်း ထောက်စိုးဝင်း၏ ရည်မှန်းချက် ပေါက်၊မပေါက် အဖြေတစ်ခု ရောက်ရှိလာပေတော့မည်။