PDF လူငယ်တို့၏ အသေခံဒရုန်းများက နေပြည်တော် ကျည်လုံမှန်ခန်းထဲ အဆင့်မြင့်လုံခြုံရေး အထပ်ထပ်ဖြင့် ဟုတ်လှပြီထင်နေသည့် မင်းအောင်လှိုင်နှင့် လက်တစ်ဆုပ်စစ်ဗိုလ်ချုပ်တို့၏ အသက်ကို ငရဲ လက် အပ်နိုင်ကြောင်း သက်သေပြခဲ့ပြီဖြစ်သည်။
ဧပြီ၄ရက်တွင် ကာမီကာဇေစစ်ဆင်ရေး စတင်ခဲ့သည်။အဆင်မြင့်ဂျန်ဘာများဖြင့် အန္တရာယ်ရှိ ယင် တစ်ကောင်၊ခြင်တစ်စ ထွင်းဖောက်ဝင်ရောက်နိုင်စွမ်းမရှိအောင် ကာကွယ်ထားသော နေပြည်တော်စစ်ရုံးချုပ် နှင့်အေလာလေတပ်ထဲသို့ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ အချိန် ၅လယူ ပြင်ဆင်ထားသော တိုက် ခိုက်မှု ဟုလည်း ဆိုသည်။လမ်းညွှန်ချက်များဖြင့် ဒရုန်း ၃၅စင်း ပစ်လွှတ်ခဲ့ရာ ၂၉စင်းမှာ ပစ်မှတ်ဆီသို့ ရောက် ရှိခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။ဒရုန်း တစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်း ပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ”ဟု ပြောကြားခဲ့သည်။
နေပြည်တော်စစ်ရုံးချုပ်ဆိုသည်မှာ သာမန်ဗိုလ်ချုပ်အဆင့်ပင် အဖက်လုပ်မခံရ၊ခပ်ကုပ်ကုပ် ဝင်ရ သည့် နေရာ။ မင်းအောင် လှိုင်နှင့် အပါးတော်မြဲတို့ ရုံးထိုင်ကာ တိုင်းဖျက်ပြည်ဖျက် မီးဟုန်းဟုန်းတောက်ရေး စီမံချက်များ ရေးဆွဲ လက်ညှိုးညွှန်နေသည့်နေရာ။ ထိုသို့သော နေရာကို မအောင်မြင်သော အာဏာသိမ်း ကာ လ ၃နှစ်ကျော်အတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်ခြိမ်းခြောက်မှု။ယင်းတိုက်ခိုက်မှုကြောင့် အေလာ လေဆိပ်တွင် မီးလောင်ပေါက် ကွဲမှု ရှိခဲ့ပြီး စစ်ရုံးချုပ်၌လည်း ထိ ခိုက်မှုရှိခဲ့ကြောင်း NUG ဘက်က ဆိုသည်။ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ကတော့ ထုံးစံမပျက်သောစကား ထိခိုက်မှုလုံးဝမရှိဟုလေလုံးထွား တုံ့ ပြန်သည်။
ထိခိုက်မှုအခြေအနေအသေးစိတ်ကို အတည်ပြုရန် မလွယ်သော်လည်း သေချာသည်က လုံခြုံရေး စည်းအထပ်ထပ်ချထားသော နေပြည်တော် အာဏာ၏ ဗဟိုချက်သို့ PDF ဒရုန်းများ အုံလိုက်ကျင်းလိုက် ဝင် ရောက်လာနိုင်ခြင်းဖြစ်ကြောင်း ငြင်း၍မရပေ။ယင်းသို့ တိုက်ခိုက်နိုင်ခြင်းကြောင့်လည်း ပြည်သူအပေါင်း လက် သီးလက်မောင်းတန်း ဂုဏ်ယူဝင့်ကြွားကာ စိတ်ခွန်အားဖြစ်စေခဲ့ကြသည်။
၃နှစ်သားအရွယ်ပင် မရောက်သေးသော ပြည်သူ့ကာကွယ်ရေးတပ်မတော်က နေပြည်တော်အာ ဏာ ၏ ဗဟိုချက်သို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းဖြစ်သောကြောင့် နိုင်ငံတကာသတင်းဌာနများ တွင် ပင် အ ကျယ်တဝင့် ဖော်ပြခဲ့ကြသည်။
စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကတော့ PDFတို့၏ ဒရုန်းနည်းပညာသည် အပျော်တမ်းအဆင့် သာ ရှိကြောင်း ဟိတ်ဟန်ထုတ် ဖြီးဖြန်းပြောပြန်သည်။ အပျော်တမ်းအဆင့်သာဆိုလျှင် အသေခံဒရုန်းများ သည် ခရီးရှည်ပျံသန်းနိုင်စရာအကြောင်းမရှိ။ နေပြည်တော်အနီးတစ်ဝိုက်မှသာ လွှတ်တင်ကြပေမည်။နေပြည် တော်ဝန်းကျင်မှသာ လွှတ်တင်မည်ဆိုလျှင် PDFဒရုန်းတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမမိသည့်တိုင် မည်သည့်နေရာ မှ ဒရုန်းလွှတ်တင်လိုက်ကြောင်း အကြမ်းဖျင်း ခန့်မှန်းရ မခက်။ ယခုတော့ မည် သည့်နေရာမှ လွှတ်တင်လိုက် သလဲဆိုသည်ကိုပင် မပြောနိုင်။
ထို့အပြင် စစ်ကောင်စီပြောသည့် အပျော်တမ်းအဆင့် ဒရုန်းနည်းပညာဆိုသည်ကိုပင် မင်းအောင်လှိုင် အကြောက်ကြီးကြောက်နေသည့်ပုံ။ဧပြီ၆ရက်တွင် ပြုလုပ်ခဲ့သည့် တာချီလိတ် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပနပွဲသို့ မင်းအောင်လှိုင် တက်ရောက်မည်ဟု သတင်းထွက်ပေါ်၊ တာချီလိတ်မြို့သို့ရောက်သော် လည်း ဈာပနပွဲမတက်ဘဲ နေ့ချင်းပြန်သွားခြင်းက PDFဒရုန်းကိုကြောက်သည့် မင်းအောင်လှိုင်၏ အသက်ရှူ မမှန်မှု ဖြစ်သည်။
ထို့အပြင် လတ်တလော မင်းအောင်လှိုင်တက်ရောက်ရန် စီစဉ်ထားသည့် အစည်းအဝေးအချို့သို့ မ တက်၊ နေပြည်တော်တပ်တွင်းသင်္ကြန် တက်ရောက်မည့်အစီအစဉ်ကိုလည်း ဖျက်၊ နေပြည်တော်လေကြောင်း ရန်ကာကွယ်ရေးကို အဆင့်မြှင့်ရန် ပြင်ဆင်နေရပြီဖြစ်ကြောင်း Myanmar Now သတင်းက ဆိုသည်။
နေပြည်တော်သို့ တန်းတန်းမတ်မတ် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော အသေခံ ဒရုန်းများ ကြောင့် သေရမှာကြောက်ကြကုန်သော မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ် လက်တစ်ဆုပ်တို့ သွေးပျက်ခြောက် ခြားကြရသည်။မွေးကင်းစကလေးလည်းမချန်၊သက်ကြီးရွယ်အိုများကိုလည်း ချမ်းသာမပေး၊သွေးသံတရဲရဲဖြင့် ပြည်သူကို နေ့စဉ်သတ်နေသူတို့မှာ သေရမှာ ပိုကြောက်ကြသည်။
၂၀၂၀ပြည့်နှစ်၊ဇန်နဝါရီလအတွင်းက အီရန်ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေ မာနီ ဘဂ္ဂဒက်လေဆိပ်မှ ထွက်ခွာလာစဉ် အမေရိကန်က ဒရုန်းနှင့် ပစ်ခတ်ရှင်းလင်းခဲ့သလိုမျိုး စစ်ဗိုလ်ချုပ်တို့ သွား ရာနောက် PDF အသေခံဒရုန်းတို့ လိုက်လာနိုင်ကြောင်း ဧပြီ၄ရက်တွင် ကာမီကာဇေစစ်ဆင်ရေးက သတိပေး လိုက်သည်။
စစ်ဗိုလ်ချုပ်တို့ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံ မြည်လာရသည်။အသေခံဒရုန်းတို့သည် နေပြည် တော်စစ်ဗိုလ်ချုပ်တို့၏အသက်ကို လိုက်လံရှာဖွေနေပြီဖြစ်သည်။