• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
30 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

တော်လှန် နိုက်တင်ဂေးလ်များ

MPA by MPA
Jan 22, 2022
in ဆောင်းပါး, အမျိုးသမီးကဏ္ဍ
0
0
Share on FacebookShare on Twitter
By MPA ( သတင်းဆောင်းပါး )
 
အရေးပေါ်လူနာရှိသည် ဆိုသည့် အကြောင်းကြားမှုကိုရလျှင်ရချင်း မထက်ထက်အပါအ၀င် ကလေး PDF မှ ဆေးတပ်ဖွဲ့၀င်များ ၊၎င်းတို့ကိုသင်တန်းပေးသည့်ဆရာ၀န်နှင့်အတူ တောင်‌အောက်ဆင်း၍ အရေးပေါ် ထွက်ခဲ့ ကြသည်။
စခန်း‌ရောက်တော့ လူနာက‌သွေးထွက်လွန်ကာ သတိလစ်နေပြီ ။ လူနာကို CPR (နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ် ပြုစုခြင်း)လုပ်ပေးသော်လည်း မကယ်လိုက်နိုင် ။ ထိုအချိန် မှာပင် နောက်ထပ်ဦးခေါင်း ကျည်ထိလူနာတစ်ယောက်ထပ်ရောက်လာပြန်သည်။
 
“ အဲ့ဒီလူနာကိုလည်း နိုးလာဦးမလား ၊အသက်ရူသံလေးများရှိလာဦးမလားဆိုတဲ့စိတ်နဲ့ CPR လုပ်ကြတယ် ” ဟု မထက်ထက်က‌ပြောသည် ။
 
ဆရာ၀န်က လက်လျှော့လိုက်တော့ဟု‌ပြောသော်လည်း မထက်ထက်တို့မရပ်ဘဲ ဆက်ကြိုးစားကြသည် ။ သို့သော် အဆိုပါရဲဘော်ကိုလည်း မထက်ထက်တို့မကယ်လိုက်နိုင်ပြန်။
 
၂၀၂၁ ဒီဇင်ဘာလအတွင်း ခရစ်စမတ်နေ့မတိုင်မီ ဖြစ်ပွားခဲ့သောအဆိုပါဖြစ်စဉ်သည် သူ၏စိတ်အာရုံ တွင်စွဲ ထင်နေသည် ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကလေး (PDF – Kalay) တွင် ဆေးတပ်ဖွဲ့၀င် အဖြစ်တာ၀န်ထမ်း ဆာင်ရန် သင်တန်းတက်‌နေစဉ်အတွင်း တိုက်ပွဲများပြင်းထန်လာပြီး အထက်ပါ ဖြစ်စဉ် ကြုံ‌တွေ့ခဲ့ခြင်း ဖြစ်သည်။
 
အသက် ၂၁ နှစ်သာရှိသေးသည့် မထက်ထက်သည် ကလေးမြို့ခံတစ်ဦးဖြစ်ပြီး PDF တပ်ဖွဲ့သို့၀င်လာသည်မှာ ငါးလကျော်ရှိပြီဖြစ်သည် ။ ရန်ကုန်တွင်‌ကျောင်းလာတက်နေချိန် အာဏာသိမ်းမှုနှင့်ကြုံတွေ့ကာ ဆန္ဒပြပွဲများ တွင်ပါ၀င်ခဲ့ရာမှ နေရပ်သို့ပြန် ၊နေရပ်ရောက်ကာမှ စစ်အာဏာရှင်ကိုအမြစ်ဖြတ်မည် ဆိုသည့်စိတ်ဖြင့် PDF တပ်ဖွဲ့သို့သူ၀င်ခဲ့သည်။
 
တောင်သူများဖြစ်သော မထက်ထက်၏မိဘများသည် သမီးဖြစ်သူ၏ ဆုံးဖြတ်ချက်အပေါ် မူလက သဘော မတူသော်လည်း လက်ရှိတွင်မူ သဘောတူလာကြသည်။
 
“ အမေကအစကမကြိုက်ဘူး ။ အဖေကတော့ ဂုဏ်ယူတယ် ၊အားပေးတယ် ၊ခုတော့အမေလည်း ဘာမှ မ‌ပြော တော့ပါဘူး ” ဟု သူ၏ မိဘများအကြောင်းကိုပြောပြသည်။
 
လူငယ်တစ်ဦးဖြစ်သည့်သူသည် အများနည်းတူ လက်နက်ကိုင်တိုက်ခိုက်လို‌ သော်လည်း လက်နက် အင်အား မပြည့်စုံသည့် အခြေအနေတွင် ဒဏ်ရာရသူများကိုကုသပေးရသည့် ဆေးတပ်သားအလုပ်ကိုသာ ပြတ်ပြတ်သားသားရွေးချယ်ခဲ့သည်။
 
CDM ဆရာ၀န်များ ၊သူနာပြုများက မထက်ထက်တို့လို ဆေးတပ်ဖွဲ့၀င်များကို အခြေခံဆေးပညာ ရက်တို သင်တန်းပေးသည် ။ သင်တန်းပေးနေရင်းတိုက်ပွဲဖြစ်လာသည့်အခါ ပြေးသည့်အခါပြေးရ ရှောင်ရရှား ရဖြင့်ပင် ဆေးပညာကိုသင်ယူကြရသည်။
 
မထက်ထက်တို့ဆေးတပ်ဖွဲ့၀င်များသည် တိုက်ပွဲများနောက်သို့လိုက်ရပြီး ဒဏ်ရာရလူနာ များကိုပြုစု ကုသ သည့် အပြင် တပ်ဖွဲ့စခန်းချရာအနီးရှိကျေးရွာများမှ ပြည်သူများကိုလည်း ကျန်းမာ‌ရေး စောင့်ရှောက် မှုပေး သည်။
 
တိုက်ပွဲများပြင်းထန်လွန်း၍ ရှောင်ရတိမ်းရသည့်အခါ မိဘများနှင့်ပါအဆက်အသွယ်ပြတ်လေ့ရှိသည်။ ထိုအခါတွင် လူငယ်တစ်ဦးဖြစ်သော မထက်ထက်သည်လည်း မိဘများကိုလွမ်းစိတ်ဖြင့် မျက်ရည်ကျရ လေသည်။
 
“ ကိုယ်က နိုင်ချင်လွန်းလို့လာတာလေ ။ အဆင်မပြေမှုတွေကအများကြီးပဲ” ဟု မထက်ထက်ကဆိုသည်။
 
PDF -Kalay တွင်မထက်ထက်တို့ကဲ့‌သို့အမျိုးသမီး‌ဆေးတပ်သား များစွာရှိပြီး ၎င်းတို့တွင် CDM သူနာပြု များ ၊ဆရာ၀န်များ နှင့်ဒေသခံများပါ၀င်ကြောင်း အဆိုပါတပ်ဖွဲ့‌ေပြာရေးဆိုခွင့်ရှိသူထံမှသိရသည်။
 
PDF – Kalay ကဲ့သို့ပင် အခြားနယ်‌မြေများမှ PDF တပ်ဖွဲ့များတွင်လည်း အမျိုးသမီး ဆေးတပ်သား များစွာ ရှိသည်။ လက်နက်မပြည့်စုံမှု‌ေကြာင့် တိုက်ပွဲများ၏ နောက်တန်းတွင် ငှက်ကြီးတောင်ဓားလွယ်၍ ရဲရဲဝံ့ဝံ့ လိုက်လေ့ရှိသောအမျိုးသမီးဆေးတပ်ဖွဲ့၀င်များတွင် မခရစ်စတီးနားလည်းပါ၀င်သည်။
တော်လှန် နိုက်တင်ဂေးလ်များကို သင်တန်းပေးနေစဉ် Photo – ထက်ထက်
 
ပြည်သူ့တော်လှန်ရေးတပ်မတော်( PRA ) မှဆေးတပ်ဖွဲ့၀င်တစ်ဦးဖြစ်သည့် မခရစ်စတီးနားသည် မြိုင်မြို့နယ် မှ ဒေသခံဖြစ်သည်။
 
မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်သည် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီကို အကြမ်း မဖက် ဆန္ဒပြမှုများနေ့စဉ်လုပ်ဆောင်ခဲ့သလို လက်နက်ကိုင်တော်လှန်ရာတွင်လည်း ရှေ့တန်းမှပါ၀င်နေသည့် မြို့နယ်ဖြစ်သည်။
 
တော်လှန်ရေးအတွက်ဆိုလျှင် လက်၀တ်ရတနာများချွတ်လှူသည်အထိ စစ်အာဏာ ရှင်ဖြုတ်ချ‌ရေးစိတ်အားထက်သန်သော မြို့နယ်လည်းဖြစ်သည်။
 
ယင်းသို့ သမိုင်းလှသည့်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ မခရစ်စတီးနားသည် အာဏာသိမ်းခံရပြီးနောက်တွင် PDFတပ်ဖွဲ့များကိုကူညီထောက်ပံ့ခဲ့ရာမှ နောက်ပိုင်းတွင်မူ စီးပွားရေးလုပ်ငန်းဖြစ်သည့် ရေနံလုပ်ငန်း ကိုထား ခဲ့ကာ PRA သို့၀င်ခဲ့ခြင်းဖြစ်သည်။
 
တပ်ဖွဲ့သို့၀င်ခဲ့ရာတွင် ပြင်ပတွင်နေထိုင်ခဲ့သည့်အခြေအနေနှင့် လုံး၀ကွာခြားသွားခဲ့ပြီး ပင်ပန်း ဆင်းရဲမှု များ ကြုံတွေ့ခဲ့ရသော်လည်းသူ စိတ်ဓာတ်မကျခဲ့။
 
“ တခါမှမစားဖူးတဲ့ဟာတွေစားခဲ့ရတယ် ။ တခါမှမပြေးဖူးတဲ့နေရာတွေမှာပြေးခဲ့ရတယ် ။ မြေကြီး ပေါ်မှာ အိပ်ခဲ့ရတယ် ” ဟု မခရစ်စတီးနားက သူ၏ အတွေ့အကြုံ ကိုပြန်ပြောပြသည်။
 
တပ်ဖွဲ့သို့၀င်လာသူများ၏ အရည်အချင်းပေါ်လိုက်၍ အဖွဲ့များခွဲသည့်အခါ သူဆေးတပ်ဖွဲ့ သို့ရောက် လာခဲ့ သည်။ သူ၏ မိခင်မှာ ယခင်ကဆေးရုံအသင်း၀င်ဖြစ်ခဲ့သောကြောင့် မခရစ်စတီးနားအတွက် ဆေးပညာသည် အစိမ်း သက်သက်တော့ဖြစ်မနေ။
 
သင်တန်းတွင် လူနာသယ်ပိုးနည်း ၊ ပတ်တီးစီးနည်း ၊ သွေးတိတ်ဆေးထိုးနည်း ၊ အရေးပေါ် အသက်ကယ် ပြုစုနည်း စသည့် အခြေခံ‌ဆေးပညာများကိုသင်ယူရသည်။
 
လိုအပ်ချက်အရဆေးတပ်ဖွဲ့သို့ရောက်လာချိန်တွင်လည်း ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ပြီး တိုက်ပွဲများသို့ လိုက်ခဲ့ သည် ။ လက်နက်မပြည့်စုံမှုကြောင့် ဓားလွယ်ပြီးလိုက်ခဲ့ရသည်ဟုဆိုသည်။
 
“ ဓားတောင်တစ်ယောက်တစ်ချောင်းမရှိကြပါဘူး ။ ” ဟု မခရစ်စတီးနား ကတိုက်ပွဲ လိုက်ရသည့် အခြေအနေကိုပြောသည်။
 
တိုက်ပွဲလိုက်ရင်း မိမိတပ်ဖွဲ့မှလက်နက်ကြီးထိ၍ကျဆုံးသွားရသည့်ဖြစ်စဉ်များ ၊ လက်နက်စမ်းသပ်ရင်း ကိုယ့်လူကိုယ်ကျည်ထိသည့်ဖြစ်စဉ်များသည် သူ့ကိုရင်နာစေသည်။
 
” အတူတူထွက်လာတဲ့ရဲဘော်ကိုလက်နက်ကြီးထိတယ် ။ သူမ‌သေမရှင်ဖြစ်နေချိန်မှာ စစ်သား‌တွေက သေနတ်နဲ့ပစ်သွားတာ ။ အလောင်းကိုနောက်နေ့မှသွား‌ကောက်ရတာ ” ဟု သူက မမေ့နိုင်သည့် တိုက်ပွဲ ဖြစ်ရပ်တစ်ခုကိုပြန်ပြောသည်။
 
သူ့အနေနှင့်အနေဆင်းရဲ အစားဆင်းရဲမှုများအပေါ် ထူးထူးထွေထွေမခံစားရသော်လည်း လက်နက်မပြည့်စုံမှု အပေါ်တွင်မူ စိတ်ခံစားချက်ရှိနေသည်။ နှစ်ဖက်အပြန်အလှန်ပစ်ရင်းသေရခြင်းမျိုးမဟုတ်ဘဲ မိမိဘက်က မပြည့်စုံ၍ မကာကွယ်နိုင်သည့်အခြေအ‌နေအ‌ပေါ် စိတ်မကောင်းဖြစ်ရသည်ဟု မခရစ်စတီးနားက‌ပြောသည်။
 
” ကျမတို့ကဆေးတပ်ဖွဲ့ဆိုပေမယ့် ဆေးကုရုံ သက်သက်ပဲ မဟုတ်ပါဘူး ။တိုက်ပွဲတိုက်ရမယ်ဆိုရင်လည်း တိုက်နိုင်တဲ့ အမျိုးသမီးတွေပါ ” ဟု သူကပြောသည်။
 
PRA ဆေးတပ်ဖွဲ့တွင် မခရစ်စတီးနားတို့လို အသက် ၃၀ကျော်အရွယ်အမျိုးသမီးများပါသလို အသက် ၂၀ကျော်အရွယ် လူငယ်အမျိုးသမီးများလည်းပါ၀င်သည် ။ ဒေသခံ CDM သူနာပြုများ ၊ ဘွဲ့ရပညာတတ်များ ၊ကျောင်းဆရာမများလည်းပါ၀င်ကြောင်း PRA ဆေးတပ်ဖွဲ့‌ခေါင်းဆောင်က ပြောသည် ။
 
” အမျိုးသမီးအားလုံးကတော်လှန်ရေးစိတ်ပြင်းထန်ကြတယ်။ တိုက်စရာရှိရင်တိုက်မယ်၊ လိုအပ်ရင် ဆေးကုမယ် ပေါ့” ဟု ၎င်းက အမျိုးသမီးတပ်ဖွဲ့၀င်များ၏ တော်လှန်ရေး အပေါ်ထားရှိသည့် စိတ်ဓာတ် ကိုပြောသည်။
လက်နက်မပြည့်စုံမှုများ ၊ဆေးဝါးမပြည့်စုံမှုများကြားမှပင် ဆေးတပ်ဖွဲ့၀င်အမျိုးသမီးများသည် ကျရာ တာ၀န်ကို ကျေပွန်စွာထမ်းဆောင်ရင်းတော်လှန်ရေးကိုထမ်းပိုးထားသည်။
တော်လှန် နိုက်တင်ဂေးလ်များကို သင်တန်းပေးနေစဉ် Photo – ထက်ထက်
 
အလှူရှင်များက လိုအပ်သည့်ဆေးဝါးများပံ့ပိုးပေးသော်လည်း တိုက်ပွဲများဖြစ်သည့်အခါ ဆေးဝါး ၊ ဆေးပစ္စည်း လိုအပ်ချက်ကအမြဲရှိနေသည်ဟု PDF -Kalay မှမထက်ထက်ကပြောသည်။
 
” တိုက်ပွဲဖြစ်လို့လူနာရောက်လာပြီဆိုရင် ဒီလူနာကို operation လုပ်နေရင်းနဲ့ ဆေးတွေကုန်သွား တာမျိုး ကြုံရတယ် ။တိုက်ပွဲဖြစ်နေရင်းကိုယ့်ဘက်ကကျည်ကုန်လို့နောက်ဆုတ်လိုက်ရတဲ့ အခြေအနေ တွေလည်း ရှိတယ် ” ဟု သူကပြောသည် ။
 
ထို့ပြင် ၂၀၂၁ နို၀င်ဘာလအတွင်းက ကလေးမြို့ အနောက်‌ေတာင်ဘက်ဒေသ ချင်းပြည်နယ်အစပ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြားနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF -Kalay စခန်းတစ်ခုသိမ်းပိုက်ခံရကာဆေးတပ်ဖွဲ့၀င်အမျိုးသမီး ၁၀ဦးနှင့်အမျိုးသားနှစ်ဦးဖမ်းဆီးခံခဲ့ရသည်။
ယင်းတို့အနက် ဆေးသင်တန်းလာရောက်ပို့ချသူ အမျိုးသမီးတစ်ဦးနှင့်အမျိုးသား နှစ်ဦးမှာ သတ်ဖြတ် ခံခဲ့ရသည်။
 
ဆေးတပ်ဖွဲ့၀င်အမျိုးသမီးများအတွက် တိုက်ပွဲအတွင်းအသက်ဆုံးရှုံးနိုင်ချေရှိသလို ဖမ်းဆီးသတ်ဖြတ် ခံရသည့်ဖြစ်စဥ်များလည်း ရှိနေသည့်တိုင် တော်လှန်ရေး အောင်မြင်သည်အထိ ရှေ့ဆက်သွားမည်ဟု ၎င်းတို့ကဆိုသည် ။ ထို့ပြင်ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအတွက်တတ်နိုင်သည့်ဘက်မှ ဝိုင်း၀န်းပူးပေါင်းကူညီကြရန်လည်း ၎င်းတို့ကမေတ္တာရပ်ခံသည်။
 
“ ကျမတို့လမ်းစဉ်က စစ်တပ်ကိုတိုက်ထုတ်ဖို့တစ်လမ်းတည်းပဲ။ ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ အဆုံးထိသွားကြမယ် ” ဟု မခရစ်စတီးနားက ပြောသည်။
 
#ကရင်နီ #သူနာပြု #တိုက်ပွဲ #သတင်းဆောင်းပါး #MPA #အမျိုးသမီး
 
ပုံစာ – တော်လှန် နိုက်တင်ဂေးလ်များကို သင်တန်းပေးနေစဉ်
 
Photo – ထက်ထက်
Tags: ArticleKarenniMPAMyanmarNurseWomen
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

နိုင်ငံရေး

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ အား ဖျက်သိမ်းလိုက်ခြင်းအပေါ် ဗြိတိန် ပြစ်တင်ရှုတ်ချ

Mar 30, 2023
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ အား ဖျက်သိမ်းလိုက်ခြင်းအပေါ် ဗြိတိန် ပြစ်တင်ရှုတ်ချ

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။ စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် ပြည်သူလူထုကို...

Read more
by MPA
0 Comments
သတင်း

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးနေစဉ်အတွင်း အသက်ငါးဆယ်ခန့် အမျိုးသားတစ်ဦးသေဆုံး

Mar 30, 2023
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးနေစဉ်အတွင်း အသက်ငါးဆယ်ခန့် အမျိုးသားတစ်ဦးသေဆုံး

ဂန့်ဂေါမြို့နယ် တောင်ပိုင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ် ခလရ (၅၀) တပ်ဖွဲ့ဝင်များသည် မတ်လ ၂၀ ရက်နေ့တွင် ပန်းထိပ်ရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး အသက်ငါးဆယ်ခန့် အမျိုးသားလူတစ်ဦးအား သတ်သွားခဲ့သည်ဟု ယင်းဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီဘက်မှ ထိုအမျိုးသားအား သတ်ပြီးနောက်...

Read more
by MPA
0 Comments
PDF

မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးနှင့် ဒုရဲမှူးအပါအဝင် (၈) ဦး ဖမ်းဆီးရမိ

Mar 30, 2023
မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးနှင့် ဒုရဲမှူးအပါအဝင် (၈) ဦး ဖမ်းဆီးရမိ

မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ သေဆုံးသူများရှိပြီး ဖမ်းဆီးရမိသူများလည်း ရှိခဲ့သည်ဟု စစ်ဒေသခွဲ...

Read more
by MPA
0 Comments
သတင်း

ရန်ကုန် ဆင်ခြေဖုံးမြို့နယ်အချို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာ

Mar 30, 2023
ရန်ကုန် ဆင်ခြေဖုံးမြို့နယ်အချို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာ

ရန်ကုန်မြို့တွင် အလှည့်ကျ မီးပေးနေသည်ဟုဆိုသော်လည်း ဆင်ခြေဖုံးမြို့နယ်အချို့တွင် မီးပိုပျက်နေကြောင်း သိရသည်။ ယခုနှစ်မတ်လ ပထမအပတ်တွင်း လျှပ်စစ်မီးပြတ်တောက်မှုပိုမိုဖြစ်ပွားလာပြီး တစ်ရက်လျှင် ငါးနာရီခန့်သာ မီးလာသည့် ရက်မျိုးလည်း ရှိကြောင်း လှိုင်သာယာမြို့နယ်၊ ငါးထိပ်မှတ်တိုင်အနီးနေသူတစ်ဦးက ပြောသည်။ "မီးက အင်းစိန်နဲ့ ငါးထိပ်တောင်မတူဘူး။...

Read more
by MPA
0 Comments
မှုခင်း

ဘီလူးချောင်းတွင် ရေနစ်သေဆုံးသွားသည့် လူငယ်အလောင်း တစ်ရက်ကြာပြီးနောက် ပြန်တွေ့

Mar 30, 2023
ဘီလူးချောင်းတွင် ရေနစ်သေဆုံးသွားသည့် လူငယ်အလောင်း တစ်ရက်ကြာပြီးနောက် ပြန်တွေ့

ကယားပြည်နယ်၊ ဒေါနိုးကူးတံတား (ဘီလူးချောင်း) တွင် ရေကူးရင်း ရေနစ်သေဆုံးသွားသည့် ၁၅ နှစ်အရွယ် လူငယ်အလောင်းကို တစ်ရက်ကြာပြီးနောက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ မတ်လ ၂၉ ရက်နေ့၊ ညနေ ၄နာရီခွဲခန့်က သေဆုံးသူ မောင်အောင်ဘုန်းမြင့်သည် သူငယ်ချင်း...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်၄၀,၀၀၀ ခန့်ရှိ၊ ပုလောတွင် အများဆုံးဟုဆို

Mar 30, 2023
တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်၄၀,၀၀၀ ခန့်ရှိ၊ ပုလောတွင် အများဆုံးဟုဆို

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၄၀,၀၀၀ ခန့်ရှိပြီး ပုလောမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။ယင်းစာရင်းမှာ မတ်လ ၁ရက်နေ့မှ ယနေ့အထိစုစည်းထားသည့် စာရင်းဖြစ်ပြီး စစ်ရှောင်ပြည်သူအရေအတွက်မှာ ကိန်းသေမရှိကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ “စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အရေအတွက်...

Read more
by MPA
0 Comments
PDF

ပြည်သူ့ ဝမ်းစာ လုယက်သယ်လာသော ယာဉ်တန်း ပခုက္ကူ တွင် မိုင်းဆွဲခံရ

Mar 30, 2023
ပြည်သူ့ ဝမ်းစာ လုယက်သယ်လာသော ယာဉ်တန်း ပခုက္ကူ တွင် မိုင်းဆွဲခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပြည်သူတို့၏ ကောက်ပဲသီးနှံ လုယက်လာသည့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ မတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပခုက္ကူမြို့သို့ ကောက်ပဲသီးနှံများ ပို့ဆောင်ရန် ထွက်ခွာလာသည့် စစ်သားနှင့်ပျူစောထီး...

Read more
by MPA
0 Comments
သတင်း

မန္တလေးရွှေဆိုင်ရှေ့ ဓားပြတိုက်မှု ရဲများကျူးလွန်သည်ဟု သတင်းပြန့်ပြီးနောက် လုယက်သူ ၂ဦး အား နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

Mar 30, 2023
မန္တလေးရွှေဆိုင်ရှေ့ ဓားပြတိုက်မှု ရဲများကျူးလွန်သည်ဟု သတင်းပြန့်ပြီးနောက် လုယက်သူ ၂ဦး အား နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

မန္တလေးမြို့လယ်ခေါင် ရွှေဆိုင်ရှေ့ ဓားပြတိုက်မှုကို ရဲများကျူးလွန်သည်ဟု ပြည်သူများကြား သတင်းပြန့်ခဲ့ပြီးနောက် လုယက်သွားသူ ၂ ဦး အား နာရီပိုင်း အတွင်း ဖမ်းဆီးမိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ မတ်လ ၂၇ရက်နေ့၊ညနေ ၅ နာရီ ၁၅...

Read more
by MPA
0 Comments
PDF

မြင်းမူသို့ ညဘက် ထွက်လာသော စစ်ကား မိုင်း၁၈လုံးအဆွဲခံရ၊စစ်သား၁၃ဦး သေဆုံးဟုဆို

Mar 30, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

စစ်ကိုင်းမြို့မှ မြင်းမူသို့ ညဘက်ထွက်ခွာလာသော စစ်ကားတစ်စီး မိုင်း၁၈လုံး အဆွဲခံရပြီး စစ်သား ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း People’s Knight Defense Force-MMU ကထုတ်ပြန် သည်။ မတ်လ ၂၉ ရက် ည...

Read more
by MPA
0 Comments
သတင်း

ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Level 3 အဆင့်မီးလောင်မှုဖြစ်ပွား၊ ယခုအချိန်ထိမီးမငြှိမ်းသေး

Mar 29, 2023
ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Level 3 အဆင့်မီးလောင်မှုဖြစ်ပွား၊ ယခုအချိန်ထိမီးမငြှိမ်းသေး

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Level 3 အဆင့်မီးလောင်မှုဖြစ်ပွားနေပြီး ယခုအချိန်ထိမီးမငြှိမ်းနိုင်သေးကြောင်း လှိုင်သာယာမြို့နယ် ၁၆ရပ်ကွက်နေသူတစ်ဦးကပြောသည်။ ယနေ့ မွန်းလွဲ ၃နာရီခန့်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ မွှေ့ယာစက်ရုံတစ်ရုံ မီးလောင်နေခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ၁၆ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ "အဆောင်က...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (2685) Myanmar (2418) News (1940) PDF (290) military (290) Politics (275) Yangon (230) SAC (227) SagaingRegion (159) RakhineState (123) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (83)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In