Photo – Kaung Mart Naing / MPA
Photo – Kaung Mart Naing / MPA
Photo – Kaung Mart Naing / MPA
Photo – Kaung Mart Naing / MPA
Photo – Kaung Mart Naing / MPA
Photo – Kaung Mart Naing / MPA
Photo – Kaung Mart Naing / MPA
Photo – Kaung Mart Naing / MPA
By Kaung Mrat Naing / MPA
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊လေးမြို့မြစ်အထက်ဖက်တွင် ပါးရဲထိုးချင်းအမျိုးသမီးများ နေထိုင်ရှိနေကြဆဲဖြစ်သည်။
ထိုမျက်နှာပေါ်တွင် ရိုးရာအစဉ်အလာအတိုင်း ပါးရဲ(ဆေးမင်ကြောင်)ထိုးထားသော အမျိုးသမီးများမှာ မြောက်ဦးခရိုင်၊လေးမြို့မြစ်အထင်ပိုင်းရှိ ချင်းလူမျိုးများနေထိုင်သည့်ကျေးရွာများအနက် ပန်းပေါင်ကျေးရွာတွင်လည်း တွေ့နိုင်သည်။
ထိုရွာတွင် ရိုးရာဓလေ့အတိုင်း မျက်နှာတွင် ဆေးမင်ကြောင်များထိုးထားသည့် နားပေါက်ကျယ်ကြီးများရှိသော သက် ကြီးအမျိုးသမီးကြီး လေးဦးသာ ကျန်ရှိနေပြီဖြစ်သည်။
အဆိုပါဓလေ့မှာ ချင်းလူမျိုးများတွင်သမီးမိန်းကလေးမွေးလာလျှင် ၁၄ နှစ် ၁၅ နှစ်အရွယ်မတိုင်မှီ ပါးရဲထိုးကြရပြီး ရွာထဲမှ မိန်းမကြီးတစ်ဦးမှထိုးပေးလေ့ရှိသော်လည်း ထိုပန်းပေါင်ကျေးရွာမှာပါးရဲထိုးပေးမည့် တက်ကျွမ်းသည့်အ မျိုးသမီးကြီးတစ်ဦးမှ မရှိတော့ကြောင့်လည်း ရှင်းပြကြသည်။
ထိုသို့ပါးရဲထိုးခြင်းမှာ အရွယ်ရောက်သူတိုင်း မျက်နှာအလှကို ရုပ်ဖျက်ထားကာ ရှေးခေတ်ဘုရင်များ တော်ကောက်တော်မူခံရခြင်းမှ ကင်းဝေးစေဖို့ဖြစ်ကြောင့်လည်း ဆိုကြသည်။
ထိုသို့ပါးရဲထိုးရာတွင် မင်အဖြစ် အသုံး ပြုရန် မိန်းကလေး၏ဖခင်က နွားထီး သို့မဟုတ် ကျွဲ၏သည်းခြေရည်ကို ရှာ ဖွေရသည့်အတွက် ခုခေတ်တွင်မလွယ် ကူသကဲ့သို့ ထိုးမယ့်သူများမရှိတော့သဖြင့် ပျောက်ကွယ်တော့မည့်အခြေအ နေရှိနေကြောင့်လည်း ရှင်းပြကြသည်။
ထိုသို့ မျက်နှာပါးရဲထိုးခြင်းက တစ်ဘ ဝလုံး စွဲမြဲသွားပြီး ပင့်ကူအိမ်ပုံစံ မျက် နှာဆေးမင်ကြောင်ပြီးဆုံးရန်အတွက်အချိန်တစ်ရက်၊နှစ်ရက်ခန့် ကြာနိုင်ပြီး နာကျင်လွန်းလှသည့်အတွက် တခါတ ည်းနှင့်မပြီးနိုင်ကြောင့်လည်း ဆိုသည်။