ရှမ်းပြည်နယ်အခြေစိုက် ” သံလွင်သွေးချင်း” သတင်းဌာန အယ်ဒီတာချုပ် မြဝန်းရံ နှင့် ၄င်း၏ သ မီး ၂ ဦးအားဇူလိုင်လ ၂၀ရက် မနေ့ညက တောင် ကြီးမြို့တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
၄င်း အယ်ဒီတာချုပ်နှင့်သမီး၂ဦးအပါအဝင် ၃ ယောက်ကို စစ်ကောင်စီတပ်များမှ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကိုမသိရှိရသေးဘဲ ဖမ်းဆီးပြီးနောက် မည်သည့်နေရာတွင် ချုပ်နှောင်ထား သည်ကိုလည်း မသိရသေးကြောင်း သိရသည်။
စစ်ကောင်စီတပ်များအနေဖြင့် သတင်းမီဒီယာ သမားများအား ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၈၀ ကျော် ထိရှိနေပြီး ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ အကျဥ်းထောင်အသီးသီးမှ ၂၆ ယောက်သာ ပြန် လွှတ်ပေးခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဧရာဝတီတိုင်မ်း သတင်းဌာန ကိုအောင်မြသန်း ဖမ်းဆီးခံခဲ့ရပြီး ဇွန် ၃၀ ရက်နေ့ပြန်လွှတ်ပေးပြီး ၁၀ ရက်အကြာ ပြန်လည်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။