PLA – N တာဝန်ခံ ကိုပီတာ ( အင်တာဗျူး )
လူမျိုးပေါင်းစုံ သွေးစုပ်ခံ အဖိနှိပ်ခံ လုပ်သားပြည်သူလူထုကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုနေသည့် အဖိနှိပ်ခံ လုပ်သားပြည်သူတို့၏ ကိုယ်ပိုင်တပ်မတော်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(နာဂ) People’s Liberation Army – Naga မှ တာဝန်ခံ ကိုပီတာကို MPA မှ ဆက်သွယ် အင်တားဗျူး ထားပါသည်။
မေး။ ။ ပေါင်းစပ်တိုက်ပွဲအတွက် ဘာမူတွေ ရှိလဲ (နိုင်ငံရေးမဟာမိတ် / စစ်ရေးမဟာမိတ်)
ဖြေ။ ။ ကျနော်တို့မှာတော့ ဒီဖောက်ပြန်မှုကင်းတဲ့ နိုင်ငံရေး သမားတွေနဲ့ နည်းဗျူဟာ အရပဲ ဖြစ်ဖြစ် မဟာ ဗျူဟာအရပဲ ဖြစ်ဖြစ် အမြဲ လက်တွဲ ဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် အဲ့အပေါ်မှာ ပြောရမယ်ဆိုရင်တော့ PDF ပဲ ဖြစ်ဖြစ်NUG ပဲဖြစ်ဖြစ် တခြားတိုင်းရင်းသား လူမျိုးစု တပ်မတော်ဘဲ ဖြစ်ဖြစ်ပေါ့ တကယ်သွား ချင်တဲ့ ရည်မှန်းချက်တွေ ခံယူချက်တွေ တူတယ်ဆိုရင်တော့ ကျနော်တို့တွေ မဟာဗျူဟာ အနေနဲ့ လက်တွဲဖို့ အဆင်သင့်ရှိတယ်။ ဒါပေမယ့် မဟာဗျူဟာအရ လက်တွဲဖို့ အဆင်သင့် မဖြစ်တဲ့ အဆင်မပြေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဆိုရင်တော့ ဒီသွားနေတဲ့ လမ်းကြောင်းပေါ်မှာ ဆူးငြောင့်ခလုတ် မဖြစ်ဖို့ အတွက် နည်းဗျူဟာအရ ကျနော်တို့လက်တွဲဖို့အတွက် အမြဲ ပြင်ဆင်ထားတယ်။ ကျနော်တို့လည်း အခုက တချို့ အဖွဲ့အစည်းတွေဆိုရင် မဟာဗျူဟာအရ လက်တွဲ ဆောင်ရွက်ဖို့ ကျနော်တို့ဘက်က ပြင်ဆင် ကမ်းလှမ်းထားတာတွေရှိတယ်။ တချို့ အဖွဲ့အစည်းတွေဆို နည်းဗျူဟာအရ လက်တွဲဆောင်ရွက်ဖို့ ကျနော်တို့ဘက်က ပြင်ဆင် ကမ်းလှမ်းထားတာတွေရှိတယ်။ ဒါပေမယ့် တချိို့ တချိ့ သော အဖွဲ့အစည်းတွေကတော့ သူတို့ကိုယ်သူတို့ ကိုယ့်ဟာနဲ့ ကိုယ်ပဲ ရပ်တည်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေ ဥပမာ PDF အနေနဲ့ဆိုရင် NUG ရဲ့ ညွှန်ကြားမှု တစ်စုံတရာ မပါဘဲနဲ့ တခြား အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်ချင်တဲ့ ဆန္ဒမရှိတဲ့ သဘော သဘာဝတွေလည်းတွေ့နေရတဲ့ အပေါ်မှာ တော့ ကျနော်တို့ အနေနဲ့ မဟာမိတ် တခြား မဟာမိတ်တွေနဲ့ ဘယ်လို လက်တွဲ ဆောင်ရွက်နေသလဲဆိုတဲ့ အပေါ်မှာတော့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (နာဂ) အဖွဲ့ ဖြစ်တဲ့အတွက် ကျနော်တို့ က အမြဲတမ်း တသားတည်း ရပ်တည်တဲ့ အဖွဲ့အစည်းဆိုရင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တွေနဲ့ပဲ အမြဲတမ်း တသားတည်း ရပ်တည်နေတယ်လို့ပဲ ဖြေရမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရဲ့ ခံယူချက်တွေကဆိုရင် စစ်တိုင်း ဒေသ အသီးသီးရဲ့ ခံယူချက်တွေက ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ခံယူချက်နဲ့ တသားတည်း ဖြစ်တဲ့အတွက်ကြောင့် ဘယ်ကိစ္စမဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တွေရဲ့ ခံယူချက်နဲ့ ကျနော်တို့ နာဂ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ခံယူချက် တသားတည်း ဖြစ်တဲ့အတွက် အမြဲတမ်း တထပ်တည်း ကျနေတဲ့ အပိုင်းတွေရှိပေါ့နော်။ PDF ဆိုတာ NUGရဲ့ ကာကွယ်ရေး အောက်မှာ NUG ရဲ့ ကာကွယ်ရေး တပ်မတော်ဆိုရင်လည်း မမှားပါဘူး။ NUG အစိုးရရဲ့ ကာကွယ်ရေး တပ်မတော်ဆိုပြီးတော့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် NUG ဟာလည်းပဲ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို အယုံအကြည် မရှိတာလား။ ပေါင်းသင်းဆက်ဆံမှု မလုပ်ချင်တာလားဆိုတဲ့ အပေါ်မှာတော့ မေးခွန်းထုတ်စရာပေါ့နော်။ ကျနော်တို့က local အဆင့်အနေနဲ့ PDF တွေနဲ့ မေးထူး ခေါ်ပြောလောက်တော့ ရှိပါတယ်။ တချို့ကိစ္စတွေ သတင်း ဖလှယ်တာ တချို့ကိစ္စတွေ မဟာဗျူဟာအရ အလုပ်လုပ်လို့ မရဘူးဆိုရင်တောင် နည်းဗျူဟာမြောက် အပေးအယူလုပ်တဲ့ အပိုင်းတွေတော့ ရှိတယ်ပေါ့လေနော်။
မေး။ ။ တော်လှန်ရေးအလွန်ဆိုင်ရာ ကိစ္စရပ်တွေအပေါ် မူဝါဒ (ပြန်လည်တည်ဆောက်ရေး / အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု / နိုင်ငံရေးဦးဆောင်မှု)
ဖြေ ။ ။ ကျနော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နာဂ အဖွဲ့ရဲ့ တော်လှန်ရေးဟာဆိုရင် စကစကို ဖြုတ်ချယုံအတွက်ပဲ တော်လှန်တာ မဟုတ်ပါဘူး။ ကျနော်တို့တွေဟာ စကစ အာဏာရှင်အတွက်ပဲ တော်လှန်တယ်ဆိုရင်တော့ ကျနော်တို့ကတော့ တော်လှန်ရေးကို လုပ်နေတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေက တစ်ခေတ်ပြောင်း တစ်ခေတ် ပြန်လာတယ်။ တစ်ခေတ်ပြီး တစ်ခေတ် အမြဲတမ်း တချိန် မဟုတ် တချိန် အာဏာရှင်တွေက ပေါ်စမြဲဆိုတော့လေ။ ကျနော်တို့ အခုလက်ထက်မှာ တော်လှန်ပြီးရင်လည်း နောက်တစ်ယောက် ထပ်ပေါ်လာနိုင် တဲ့နိုင်ခြေလည်း ဖြစ်နိုင်တဲ့ ပုံစံတွေ ဖြစ်နေတော့ ကျနော်ကတော့ တော်လှန်ရေးကို လုပ်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စကစကို ဖြုတ်ချယုံအတွက်ပဲ တော်လှန်တယ်ဆိုရင်ပေါ့နော်။ အဲ့ဒီတော့ ကျနော်တို့တွေရဲ့ တော်လှန်ရေး ခံယူချက်ဟာဆိုရင် ဘယ်အာဏာရှင်ကိုမဆို တော်လှန်ဖို့ တော်လှန်တာ ဖြစ်တယ်။ ဒီမိုကရေစီ အာဏာရှင်ကိုလည်း တော်လှန်မယ်။ စစ်အာဏာရှင်ကိုလည်း တော်လှန်မယ်။ ဘာလို့ ဒီမိုကရေစီ အာဏာရှင်လို့ ပြောတာလဲဆိုရင် တခါတခါမှာ ကိုယ်ကိုယ်တိုင် တော်လှန်ရေး လုပ်နေရင်းနဲ့ ကိုကိုယ်တိုင် အာဏာရှင် ဖြစ်သွားတဲ့အပိုင်းတွေ အများကြီးရှီတယိ။အဲ့ဒါကို တော်လှန်တာ ဖြစ်တယ်။ ကိုယ်က အာဏာရှင်ကို မကြိုက်ဘူး၊ မကြိုက်ဘူးဆိုပြီး ကိုယ်ကိုတိုင် တော်လှန်ရေးတွေ လုပ်ခဲ့ကြတယ်။ ပြီးရင် ကိုယ်က နိုင်သွားတဲ့ အခါ အာဏာရှင်ထက် ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ အာဏာရှင်အုပ်စုတွေ ပြန်ဖြစ်သွားတတ်တဲ့ သာဓကတွေလည်း သမိုင်းမှာအများကြီး ရှိတယ်။ အဲ့ဒါကို မလိုလားဘူး။ မလိုလားလို့ စကစကိုပဲ တိုက်တာ မဟုတ်ဘူး။ အဓမ္မ အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းတို့အုပ်စုကိုပဲ တိုက်တာ မဟုတ်ဘူး။ ကျနော်တို့တွေက ဘယ်တိုင်းရင်းသား လက်နက်ကိုင်ပဲ ဖြစ်ဖြစ် ၊ ဘယ် PDF ပဲဖြစ်ဖြစ်၊ ဘယ် NUG ပဲဖြစ်ဖြစ်၊ ဘယ် CRPHပဲ ဖြစ်ဖြစ် ၊ ဘယ်အုပ်စုပဲ ဖြစ်ဖြစ်၊ ပြည်သူကို သွေးစုတ် အမြတ်ထုတ်ပြီးတော့ အနိုင်ကျင့်မဲ့ ဘယ်အုပ်စုကိုမဆို ကျနော်တို့က ရာသက်ပန် တော်လှန်ဖို့အတွက် တော်လှန်ရေး လုပ်လာတာလို့ပဲ ဖြေချင်တယ်။ မေးခွန်းရဲ့ အားလုံးကို ပြန်ပေါင်းရမယ်ဆိုရင် ပြန်လည် တည်ဆောက်ရေးကိစ္စတွေ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ကိစ္စတွေ နိုင်ငံရေး ဦးဆောင်မှု အပိုင်းတွေကို အကိုက မေးတယ်ဆိုရင် ကျနော်တို့မှာ ဒီ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ထိန်းကျောင်းတာဆိုရင် ဗမာပြည် ကွန်မြူနစ်ပါတီ ရှိတယ် ။ သူက အဓိက တိုက်ရိုက် ထိန်းကျောင်းတဲ့ အပိုင်းတွေရှိတယ်။ ဒါပေမယ့် အဲ့မှာတော့ မတူတာ တစ်ခုက ကျနော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နာဂ အုပ်စုမှာဆိုရင် နာဂ ဒေသ၊ နာဂ နယ်မြေ ဘိုးဘွားပိုင် သမိုင်းအရ ပိုင်ဆိုင်ခဲ့တဲ့ နာဂရဲ့ နာဂမြေ နာဂနိုင်ငံတော်ပေါ့ ၊ နာဂနိုင်ငံ သမိုင်းအရ ပြောရမယ်ဆိုရင် အတိအကျပြောရမယ်ဆိုရင် နာဂတွေက ဘယ်သောအခါမှ ကိုလိုနီ ပြုခြင်း မခံလိုက်ရတဲ့ နယ်မြေဖြစ်တယ်။ Free Naga ဆိုပြီးတော့ လည်း အရင်က သမိုင်းမှာ ထင်ကျန်ခဲ့တဲ့ နယ်မြေတွေ ဖြစ်တယ်။ ယနေ့အထိလည်း နာဂ အမျိုးသား တပ်မတော် ကလည်း နာဂတွေဟာဆိုရင် လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်ဆိုပြီး ခံယူနေဆဲဖြစ်တယ်။ အိန္ဒိယနဲ့ မြန်မာကသာ နာဂနိုင်ငံ ကို (၂) ခြမ်းပိုင်းပြီးတော့ အုပ်ချုပ်ခဲ့တယ်။ သိမ်းသွင်းခဲ့တယ်။ နာဂ နိုင်ငံရဲ့အချုပ် အခြာ အာဏာကို အဓမ္မ သိမ်းလိုက်တာပဲ ဖြစ်တယ်။ ကျနော်တို့ အပါအဝင် ကျနော်တို့သမိုင်းကို ချစ်မြတ် နိုးတာ ဖြစ်တဲ့ အတွက် နာဂနိုင်ငံ ရဲ့ ရေခံ၊ မြေခံ ပေါ်မှာ မူတည်ပြီးတော့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နာဂဟာဆိုရင် နာဂပထဝီနိုင်ငံရေးပေါ်မှာ မူတည်ပြီးတော့ ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် နာဂရဲ့ ပထဝီ နိုင်ငံရေးကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတော့ ဘယ်အခါမှ အဖြစ်ခံမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့တွေဟာဆိုရင် နာဂ နိုင်ငံရေး သမားတွေနဲ့ ကင်းလို့ မရသလို နာဂ အမျိုးသားရေး တပ်မတော်နဲ့လည်း ကင်းလို့ မရဘူး။ ဘာလို့ ကျနော် အဲ့ဒါပြောလဲဆိုရင် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ထိန်းကျောင်းမှုကိုလည်း ကျနော်တို့ အတိုင်းအတာ တစ်ခုထိ လက်ခံမှာ ဖြစ်သလို နာဂ အမျိုးသား တပ်မတော်တွေရဲ့ အကြံပေးမှုတွေ ပြီးတော့ နာဂပါတီတွေရဲ့ နာဂ လူမျိုးကို အခြေခံထားတဲ့ အသင်းအဖွဲ့ နာဂ လူမျိူးကို အခြေခံထားတဲ့ နိုင်ငံရေးပါတီ နာဂပြည်သူလူထုရဲ့ ခံယူချက်နဲ့ တသားတည်း ရပ်တည်မဲ့ အုပ်စု ဖြစ်တဲ့အတွက် ပြန်လည် တည်ဆောက်ရေး ကာလမှာ ဖြစ်ဖြစ် အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုမှာပဲ ဖြစ်ဖြစ် နိုင်ငံရေး ဦးဆောင်မှု အပိုင်းမှာပဲ ဖြစ်ဖြစ် နာဂ ရဲ့ ရေခံ၊ မြေခံ နာဂရဲ့ ပထဝီ နိုင်ငံရေး အပေါ်မှာ အဓိက အသားပေးပြီးတော့ ရပ်တည်သွားဖို့ အစီအစဥ် ရှိတယ်လို့ပဲ ဖြေပေးချင်ပါတယ်။
မေး ။ ။ ကိုင်စွဲထားတဲ့ နိုင်ငံရေးမူဝါဒ
ဖြေ။ ။ ကျနော်တို့ တွေက နာဂလူမျိုး ရှိလို့ နာဂလူမျိုးကို အခြေခံတဲ့ အဖွဲ့အစည်းတွေက ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့တွေက နာဂ အမျိူးသား တပ်မတော်ရဲ့ ထိန်းချုပ်မှု အောက်မှာလည်း ရှိတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ နာဂ အမျိုးသား တပ်မတော်ဆိုတာ နာဂအမျိုးသားရေး ခံယူချက်ပေါ်မှာ ရပ်တည်နေတာ ဖြစ်တဲ့အတွက် သူရဲ့ ခံယူချက်က ဆိုရင် သူ့ရဲ့ နိုင်ငံရေး မူဝါဒဆိုရင် လုံးဝ လွတ်လပ်ရေးနဲ့ နာဂ အချုပ်အခြာအာဏာ အပြည့်အဝ ရရှိဖို့အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒါပေမယ့ PLA-Naga ပြည်သူ့လွတ်မြောက်ရေးတပ်မတော်_နာဂအဖွဲ့ဆိုရင် နာဂလူမျိုးရှိလို့ နာဂ အဖွဲ့အစည်းရယ်လို့ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် နံပါတ် (၁) အနေနဲ့ နာဂ တစ်မျိူးသားလုံး လက်ခံ ခံယူထားတဲ့ သမိုင်းအရ နာဂ တွေရဲ့ ရပိုင်ခွင့် အပြည့်အဝနဲ့ ရပ်တည် ခဲ့တဲ့ ပကတိ အခြေအနေကို မဆန့်ကျင်တာ ဖြစ်တဲ့အတွက် နာဂ တစ်မျိုးသားလုံးရဲ့ လိုလားတောင့်တနေတဲ့ အင်မတန်မှ တန်ဖိုးထားတဲ့ နာဂ လွတ်လပ်ရေးကို ကျနော်တို့က မဆန့်ကျင်ထားဘူး။ နာဂလွတ်လပ်ရေးကို မဆန့်ကျင်ထားဘူး။ လက်ရှိ ပကတိ နိုင်ငံရေး အခြေအနေအရ ရေခံ၊ မြေခံအရ နာဂ ဒေသက ဆိုရင် ဆိုရှယ်လစ်လမ်းစဉ်ကို ကိုင်စွဲထားတဲ့ဒေသ ဖြစ်တဲ့အတွက် အနောက် နာဂဘဲ ဖြစ်ဖြစ်၊ အရှေ့ နာဂဘဲဖြစ်ဖြစ် နာဂဒေသဟာဆိုရင် ဆိုရှယ်လစ်လမ်းစဉ်နဲ့ သွားနေတဲ့ ဒေသဖြစ်တဲ့ အတွက် နာဂ ဆိုရှယ်လစ်လမ်းစဉ်ကိုလည်း ကျနော်တို့က မဆန့်ကျင်ဘူး။ နံပါတ် (၁) အနေနဲ့ ဘာလဲဆိုရင် နာဂ လွတ်လပ်ရေးကို မဆန့်ကျင်သလို နံပါတ် (၂) အနေနဲ့ နာဂ ဆိုရှယ်လစ်လမ်းစဉ်ကိုလည်း မဆန့်ကျင်ထားဘူး။ ဒါပေမယ့် နာဂရဲ့ နိုင်ငံကို အိန္ဒိယ နဲ့ မြန်မာက (၂)ခြမ်း ခွဲလိုက်ပြီးတော့ အနောက် နာဂ နဲ့ အရှေ့ နာဂရယ်လို့ ဖြစ်သွားတယ်။ အရှေ့နာဂဟာဆိုရင် ဗမာစစ်တပ်ရဲ့ သိမ်းသွင်းခြင်းကို ခံလိုက်ရတာ ဖြစ်တဲ့အတွက် ဗမာနိုင်ငံထဲ ပါသွားတယ်။ အဲဒါကြောင့် အရှေ့ နာဂအတွက် လှုပ်ရှားဖို့အတွက် ပေါ်ပေါက်လာတဲ့ ကျနော်တို့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နာဂ အဖွဲ့ဟာဆိုရင် မြန်မာပြည်ဘက် အခြမ်းမှာ ပါသွားတာ ဖြစ်တဲ့အတွက် ကျနော်တို့တွေဟာ ဗမာ ပြည်သူ ပြည်သားတွေ မြန်မာ ပြည်သူ ပြည်သားတွေ လက်တွေ့မှာ ခံစားနေရတဲ့ မတရား အဓမ္မ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စကစရဲ့ မတရား အဓမ္မ အာဏာသိမ်း ညှင်းပန်း နှိပ်စက်မှုကို လက်မခံထားတဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လက်တွေ့ လက်ရှိ ပကတိအရ အမျိုးမျိူး နည်းလမ်းပေါင်းစုံနဲ့ ညှင်းပန်း နှိပ်စက်နေရတဲ့ ဖြစ်ရပ်ကို ကျနော်တို့က လက်မခံဘူး၊ ရှုံချတယ်။ အဲ့ဒါကြောင့် နံပါတ် (၃) အနေနဲ့ ဘာကို ကျနော်တို့ မူဝါဒ အရ လက်ခံထားလဲဆိုရင် မြန်မာ ပြည်သူ ပြည်သားတွေ လိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်ဖို့အတွက် ကျနော်တို့တွေကလည်း ကြိုးစားပေးနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲ့ဒါကြောင့် အဓိက အရေးကြီးဆုံးက မြန်မာနိုင်ငံက တရား ဥပဒေ စိုးမိုးရေးကို မဖြစ်မနေ ရဖို့လိုတယ်။ Rule of law ပေါ့နော်။ Law and Order လို့တော့ ကျနော်တို့ မသုံးချင်ဘူး။ Rule of law ပေါ့ တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေ စိုးမိုးရေး လို့ပြောပြီဆိုရင် ကျနော်တို့တွေက မတရားတဲ့ ဥပဒေတွေ မစိုးမိုးရေးကိုဘဲ ဆိုလိုတယ်လို့ပဲ အတိုချုံးပြောရမှာပေါ့နော်။ အဲ့ဒါကြောင့် law and order ဆိုတဲ့ အောက်မှာဆိုရင် မတရားတဲ့ ဥပဒေလည်းရှိသလို တရားတဲ့ ဥပဒေလည်းရှိတယ်။ Rules of law တရားဥပဒေ စိုးမိုးရေး အောက်က ပြောရမယ်ဆိုရင် ဥပဒေမှန်သမျှဟာဆိုရင် တရားတဲ့ ဥပဒေတွေဘဲ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေး What is rule of law? လို့ပြောမယ်ဆိုရင် Rules of law is just law. Law and order လို့ပြောရင် just law လည်းရှိ နိုင်သလို unjust law လည်းရှိနိုင်တယ်ပေါ့နော်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတာက တရား ဥပဒေ စိုးမိုးရေး အမှန်တကယ် လိုအပ်နေတာ ဖြစ်တယ်။ တရားဥပဒေက မစိုးမိုး နိုင်ဘူး၊ မြန်မာနိုင်ငံက စီးနောင် အား မရှိတာ ဖြစ်တဲ့အတွက် စကစက အာဏာကို အချိန်မရွေး တက်သိမ်းသွားတာ ဖြစ်တယ်။ အဲ့ဒါကြောင့် ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးလို့ ဘယ်လောက်ဘဲ ပြောပြော တကယ်တမ်း သူကိုယ်တိုင်ကလည်း အာဏာသိမ်းလို့ မရတဲ့ အခြေအနေရှိတယ်။ သူအာဏာသိမ်းလို့ မရဘူး။ ဒါပေမယ့် အာဏာသိမ်းလို့ မရပေမယ့်လည်း ငါ့မှာ လက်နက်ရှိတယ်ကွာ၊ ဘာဖြစ်ချင်လဲကွာ ငါအချိန်မရွေး ဝင်သိမ်းတယ်ကွာဆိုတာပြီး သူဝင်သိမ်းသွားတယ်။ အဲ့ဒါ ဘာကို ပြတာလဲဆိုရင် မြန်မာနိုင်ငံဟာ တရား ဥပဒေ စိုးမိုးမှု မရှိဆုံးနိုင်ငံထဲမှာ တစ်နိုင်ငံ ဖြစ်ပါတယ်လို့ မီးမောင်းထိုးပြလိုက်တာပဲ။ ဥပဒေကို တန်ဖိုးထားတဲ့ နိုင်ငံတိုင်းကို စော်ကား လိုက်တာဘဲ။ ဥပဒေကို လေးစား မြတ်နိုးနေတဲ့ ပြည်သူတိုင်းကို စော်ကားလိုက်တာဘဲ။ အဲ့ဒါကြောင့် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နာဂအနေနဲ့ နံပါတ် (၃)အနေနဲ့ ကျနော်တို့တွေရဲ့ မူဝါဒဆိုရင် မြန်မာနိုင်ငံက စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး ပေါ်ပေါက်ဖို့အတွက် ကျနော်တို့တွေက ရပ်တည်မယ်။ အဲ့ဆိုတော့ အချုပ်ပြောရမယ်ဆိုရင်တော့ ကျနော်တို့တွေက နာဂ လူမျိုးဖြစ်တဲ့အတွက် နာဂတမျိုးသားလုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ နာဂလွတ်လပ်ရေးကို ကျနော်တို့ မဆန့်ကျင်ထားဘူး။ နာဂရဲ့ ရေခံမြေခံ ဖြစ်တဲ့ ဆိုရှယ်လစ် လမ်းစဉ် နာဂ ဆိုရှယ်လစ်လမ်းစဉ်ကို မဆန့်ကျင်ထားဘူး။ နံပါတ် (၃) အနေနဲ့ ကျနော်တို့ နာဂရဲ့ နိုင်ငံကို အိန္ဒိယ နဲ့ မြန်မာက (၂) ခြမ်း ခွဲလိုက်တယ်။ အိန္ဒိယဘက် ပါသွားတဲ့ အုပ်စုကို အနောက် နာဂ အုပ်စုလို့ ခေါ်ပြီးတော့ မြန်မာပြည်ဘက် အခြမ်းမှာ ပါသွားတဲ့ အုပ်စုကို အရှေ့နာဂ အုပ်စုလို့ ခေါ်တယ်။ အဲ့တာကြောင့် ကျနော်တို့ အရှေ့နာဂ အုပ်စု အနေနဲ့ ကြည့်ရမယ်ဆိုရင် လက်ရှိမှာ မြန်မာ နိုင်ငံ ဗမာပြည်သူ ပြည်သားတွေ ခံစားနေရတဲ့ မတရားတဲ့ ဥပဒေတွေ စိုးမိုးနေတဲ့ တိုင်းပြည်မှာ အင်မတန်မှ လိုအပ်တဲ့ အရာဟာ တရား ဥပဒေ စိုးမိုးရေး ဖြစ်တယ်။ Rule of Law ဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့က Rule of Law အမှန်တကယ် ပေါ်ပေါက်ဖို့အတွက် အမှန်တကယ် တရားဥပဒေ စိုးမိုးရေး ပေါ်ပေါက်ဖို့အတွက် ကျနော်တို့တွေက ရပ်တည်ဖို့ ကျနော်တို့မှာ မူဝါဒ သာမန်အားဖြင့် (၃) ချက်ရှိတယ်လို့ပဲ ပြောပါရစေ။ အဲ့မှာ Rule of Law လို့ပြောရမယ်ဆိုရင် တကယ်သာ တရားဥပဒေ စိုးမိုးရေး ဖြစ်လို့ရှိရင် အဖိနှိပ်ခံ လူတန်းစားဆိုလည်း ဖြစ်စရာ အကြောင်း မရှိတော့ဘူး။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းတွေလည်း ရှိစရာ အကြောင်းမရှီတော့ဘူး။ ပိုက်ဆံရှိတဲ့သူကလည်း မရှိတဲ့သူကို အနိုင်ကျင့်စရာ အကြောင်းမရှိတော့ဘူး။
မေး။ ။ ဖိနှိပ်ခံလူထုလူတန်းစားတွေအတွက်တိုက်ပွဲ၀င်မယ်ဆိုတာကို ပြည်သူလူထုနားလည်အောင်ရှင်းပြပေးပါဦး
ဖြေ။ ။မြန်မာနိုင်ငံမှာလည်း ကြည့်ရအောင် ခေတ်အဆက်ဆက်ကို ပြန်ကြည့်မယ် အရင် အာဏာသိမ်း အုပ်စုကြီးတွေရဲ့ လက်ထက်မှာပဲ ဖြစ်ဖြစ်၊ စစ်တပိုင်း ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ကြံခိုင်ရေးပါတီ ကြီးစိုးတဲ့ ကာလမှာပဲ ဖြစ်ဖြစ်၊ NLD တက်လာတဲ့ ၂၀၁၅-၂၀ ကြားကာလမှာပဲ ဖြစ်ဖြစ် ပြန်ကြည့်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အင်အားကြီးသူ အနိုင်ယူတဲ့ စနစ်နဲ့ပဲ အနိုင်ကျင့်ကြတဲ့ စနစ်တွေက မျက်ဝါးထင်ထင်တွေ့ရတယ်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းတွေဆိုတာ ဘယ်အစိုးရ လက်ထက်မှာပဲ နေနေ ဖြစ်ခဲ့တယ်။ ပိုင်ရှင်တွေကို ပိုင်ရှင်မဲ့ လုပ်ပလိုက်တယ်။ တကယ့် ဘိုးဘွားပိုင် လုပ်ကိုင် စားသောက်နေကြတဲ့ ပြည်သူတွေမှာတော့ လယ်မဲ့၊ ယာမဲ့ ဖြစ်သွားရော။ ဒါပေမယ့် စာရွက်ပေါ်မှာ မလိမ့်တပတ် လုပ်ပြီး သိမ်းသွားတဲ့ အုပ်စုမှာတော့ ပိုင်ရှင်တွေ ဖြစ်သွား ရော။ အဲ့ဒါဆိုတော့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းကြား ဆင်းရဲသားပြည်သူ တောင်သူလယ်သမားတွေ ဖြစ်ကြတယ်။ အဲ့ဒါ့ဆိုတော့ ၂၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ကသာ အဆင်ပြေကြတဲ့ လူလတ်တန်းစားလို့ပဲ ပြောပြော အထက်တန်းလွှာလို့ပဲ ပြောပြော အဲ့ဒီ အုပ်စုတွေ ဖြစ်ကြတယ်။ အထက်တန်းလွှာတွေကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက အများဆုံးဆိုရင် ပိုမှန်မယ်ထင်တယ်။ အဲ့တာဆိုတော့ တကယ့် တကယ် မြန်မာ နိုင်ငံရဲ့ လူဦးရေ အများစုဟာဆိုရင် ဆင်းရဲပြီးတော့ ဒုက္ခခံနေရတဲ့ ပြည်သူတွေ ဖြစ်တယ်။ တစ်နည်းပြောမယ်ဆိုရင် အပြစ်ပယ်ခံ လူတန်းစားတွေ ဖြစ်ကြတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သယံဇာတတွေကို သူတို့မှာ ခွဲဝေခံစား ပိုင်ခွင့် မရှိဘူး။ အာဏာပါဝါရှိတဲ့ သူတွေကပဲ အကျိူးခံစား နေကြတယ်။ ဒါကလူသားချင်း မစာနာတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ အဲ့ဒါဆိုရင် ကျနော်တို့ လိုချင်တာက တောင်သူလယ်သမားတွေဟာ လယ်ရှိရမယ်။ ယာရှိရမယ်။ မြေရှိရမယ်။ တောင်သူလယ်သမား ဖြစ်ပြီးတော့ လယ်မရှိဘူး၊ ယာမရှိဘူး၊ မြေမရှိဘူး ဆိုရင် သူတို့တေက ဘာနဲ့ လုပ်ကိုင် စားသောက်ကြမလဲ။ တောင်သူလယ်သမားတစ်ယောက်မှာ လယ်တော့ ရှိရမယ်။ မြေတော့ရှိရမယ်။ ယာတော့ ရှိရမယ်။ ဒါကျနော်တို့ရဲ့ အခြေခံ ခံယူချက်ပေါ့။ အဲ့လိုပဲ တောင်သူလယ်သမား မဟုတ်တဲ့ တခြား လုပ်ငန်းတွေနဲ့ လုပ်ကိုင် စားသောက်နေရတဲ့ ပြည်သူတွေမှာလည်း တခြားလုပ်ငန်းနဲ့ ပတ်သတ်တဲ့ အလုပ်အကိုင် အခွင့်အလန်း လည်း ရှိစေရတယ်။ ဥပမာ-ကျောင်းဆရာ တစ်ယောက်အတွက်ဆိုရင် ကျောင်းတော့ ရှိဖို့ လိုအပ်တယ်။ ကျနော်တို့ရဲ့ အခြေခံ ခံယူချက်က ဆိုလိုတာက လူမှန် နေရာမှန် ဖြစ်ဖို့ လိုအပ်တယ်။ တောင်သူလယ်သမား တွေမှာ လယ်ယာမရှိဘူး ဆိုရင် တောင်သူလယ်သမားတွေက ဘာကိုလုပ်ပြီး ဘယ်လို အသက်ရှင်ကြမလဲ။ စာရွက် ပေါ်မှာပဲ ဒါဘယ်သူ့ဟာ သူ့ဟာ ကိုယ့်ဟာ အပိုင်သိမ်းသွားတဲ့သူတွေက တကယ်ရော အလုပ်လုပ် နေလို့ လား။ ဒါဆိုရင် လူမှန် နေရာမှန် မဟုတ်တော့ဘူး။ မြန်မာနိုင်ငံမှာကြည့် အခု အလုပ်သမားတွေ အလုပ်လက်မဲ့ တွေ ဖြစ်နေကြတယ်။ အလုပ်သမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ လစာနည်းတယ် အလုပ်ချိန် ပိုဆင်းနေရတယ်။ ကျန်းမာရေးကို စောင့်ရှောက်မှုတွေ မရှိဘူး။ ဥပဒေအရ ကာကွယ်ပေးထာတဲ့ အပိုင်းကလည်း အင်မတန်မှ အားနည်းတယ်။ ကျနော်တို့တွေ အဲ့ဒါတွေကို မဖြစ်စေချင်ဘူး။ သာမန် လူတစ်ယောက် ထမင်း (၃) နပ်စားရမယ်ဆိုရင် ချမ်းသာတဲ့သူပဲ ဖြစ်ဖြစ် ဆင်းရဲတဲ့ သူပဲ ဖြစ်ဖြစ် လူတိုင်းကတော့ မဖြစ်မနေစားရမှာ ထမင်း (၃) နပ်ဆိုလည်း (၃) နပ်စားရမှာပဲ။ ရေသောက်ရမယ်ဆိုလည်း သောက်ရ (၁) လီတာ ဆိုရင် (၁) လီတာ (၂) လီတာဆိုရင် (၂)လီတာ။ ကျနော်တို့ ဖြစ်စေချင်တာက လူမှန် နေရာမှန် ဖြစ်ဖို့ပါ။ ဦးထုပ်မရှိတဲ့ သူတွေ အတွက် ဦးထုပ်ပေးရမယ်။ ဖိနပ်မရှိတဲ့ သူတွေအတွက် ဖိနပ်ပေးရမယ်။ ဘောင်းဘီ မရှိတဲ့ သူအတွက် ဘောင်းဘီ ပေးရမယ်။ အင်္ကျီမရှိတဲ့သူ အတွက် အင်္ကျီပေးရမယ်။ ဒါပေမယ့် အင်္ကျီလည်း ရှိတယ်၊ ဘောင်းဘီလည်း ရှိတယ်၊ ဖိနပ်လည်း ရှိတယ်။ အဲ့လိုရှိတဲ့ သူအတွက် ပေးစရာမလိုတော့ဘူး။ ကျနော်တို့ ရဲ့ ခံယူချက်ပေါ့။ အဲ့ဒါဆို မရှိတဲ့သူ အတွက် ကျနော်တို့က ရှိဖို့ အတွက် ကာကွယ်ပေးရမယ်။ အကျိုးဆောင်ပေးရမယ်။
မေး။ ။ လက်ရှိကကော ဘယ်လိုမျိုးရပ်တည်နေလဲ။NUG အစိုးရနဲ့ကော ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်တာမျိုးရှိသလား။
ဖြေ။ ။ ပထမဆုံး တပိုင်းကို အရင်ဖြေရမယ်ဆိုရင် ကျနော်တို့တွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျနော်တို့တွေက ရုန်းကန်ပြီးတော့ ရပ်တည်နေတယ်။ တခြား PDFတွေနဲ့ မတူတဲ့ အချက်က မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေက NUG ကို ထောက်ခံတယ်။ NUG ကဖွဲ့စည်းလိုက်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဆိုတဲ့ အုပ်စုတွေကို ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ အနည်း အများရယ်လို့ မဟုတ်ဘဲနဲ့ ထောက်ပံ့ကြတယ်။ PDF တွေမှာတော့ ကျနော်တို့နဲ့ မတူတာကတော့ သူတို့မှာ ပြည်သူတွေဆီက ထောက်ပံ့ကြေးရော အဆပေါင်းများစွာ ကျနော်တို့ထက် ပိုရတယ် ။ ကျနော်တို့မှာဆိုရင် ဩဂုတ်လ (၄) ရက်နေ့ကတည်းက တရားဝင် ဖွဲ့စည်းတယ်။ အဲ့ဒီကတည်းက ဒီနေ့ ဒီအချိန်အထိ ပြည်သူတွေဆီက ထောက်ပံ့ပေးတဲ့ ထောက်ပံ့တယ်ဆိုတာကို ကျနော်တို့ လူကြီးတွေနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေရှိမယ်။ ဆရာတွေရှိမယ်။ အသိမိတ်ဆွေတွေ ရှိမယ်။ သူတို့တွေက တပိုင်တနိုင် ကူညီထောက်ပံ့တာက လွဲလို့ တခြား ပြည်သူတွေဆီက ပိုက်ဆံ တပြားတချပ်မှ ကျနော်တို့ ဒီနေ့ ဒီအချိန်အထိ မရရှိခဲ့ဘူး။ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ ကျနော်တို့ အဖွဲ့ အကောင်းဆုံး ရပ်တည်နိုင်အောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားနေတာပေါ့နော်။ တကယ်လို့သာ ပြည်သူတွေဆီက PDF တွေလို ပြည်သူတွေဆီက ထောက်ပံ့ကြေးတွေသာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နာဂ PLA-Naga ကရရှိခဲ့မယ်ဆိုရင် အခုကျနော်တို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထက် အနဲဆုံး တစ်ဆ၊ နှစ်ဆ ခရီးပိုရောက်မယ်လို့ ပြောလို့ရတယ်။ ကျနော်တို့တွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ကြိုးစားနေကြရပါတယ်။ အမှန်အတိုင်းပြောမယ်ဆိုရင် ကျနော်တို့တွေက နာဂလူမျိုးတွေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် နာဂ ပြည်သူတွေက လူဦးရေ နည်းတာကလည်း တစ်ကြောင်း နိုင်ငံရေး ခံယူချက် အသိဉာဏ်ပိုင်းဆိုင်ရာမှာ နိုင်ငံရေး အတွေးအခေါ် ပိုင်း ဆိုင်ရာမှာလည်း တခြား လူမျီုးထက် နည်းနည်း နောက်ကျ ကျန်ရစ်ခဲ့တာက တပိုင်း ပြီးတော့ ပေးချင် ပေမယ့် လည်း မပေးနိုင် ကူညီနိုင်ပေမယ့်လည်း မကူညီနိုင်တဲ့ အင်မတန်မှ ဆင်းရဲ ချို့တဲ့ နာဂ ပြည်သူတွေ ဖြစ်နေတာက တကြောင်းပေါ့နော်။ အဲ့ဒါတွေကြောင့် ကျနော်တို့တွေဟာ တခြား အဖွဲ့အစည်းတွေနဲ့ မတူဘဲ တော်တော်ကို ခက်ခက်ခဲခဲနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းပေါ့နော်။ ပြီးတော့ ကျနော်တို့တွေဟာ နာဂ လူမျိုး ပေါ်မှာ အခြေခံတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် တခြား တခြား လူမျိုးခြားတွေကလည်း ကျနော်တို့ကို ကူညီဖို့ဆိုတာ တွန့်ဆုတ်ကြတယ်ပေါ့နော်။ ပြောမယ်ဆိုရင်တော့ဗျာ မကူညီချင်ကြဘူးပေါ့ဗျာ။ အဲ့လိုတွေ အခက်အခဲတော့ ရှိတယ်ဗျ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျနော်တို့တွေက သူတို့တွေ ကူညီမှပဲ ကျနော်တို့ ရပ်တည်နိုင်မယ်ဆိုတဲ့ အတွေးအခေါ် ကျနော်တို့မှာ မရှိဘူးဗျ။ ကိုယ့်နည်း ကိုယ့်ဟာနဲ့ အတတ်နိုင်ဆုံး ရုန်းမယ်။ သူများတွေက (၁) နာရီ အလုပ်လုပ်မယ်ဆိုရင် ကျနော်တို့တွေက (၂) နာရီလုပ်ရမယ်ဆိုလည်း လုပ်ရမှာပဲ။ (၃) နာရီဆိုလည်း လုပ်ရမှာပဲ။ ကျနော်တို့က အဲ့ ပုံစံနဲ့ပဲ ရုန်းကန်နေကြတာပေါ့နော်။
ကျနော်တို့ NUG ဝန်ကြီးတွေဆိုရင် အမှန်အတိုင်း ပြောရရင် တရားရေး ဝန်ကြီးရယ်၊ လူ့အခွင့်အရေး ဝန်ကြီး ရယ်ဆိုရင် ကျနော့်ရဲ့ ဆရာကြီးတွေပါပဲ။ ပြီးတော့ NUG ထဲမှာ ဝန်ကြီးတစ်ပါး နာမည်တော့ မပြောတော့ပါဘူး။ ဝန်ကြီးတစ်ပါးဆိုရင် ကျနော်တို့ထက် စီနီယာကျတယ်။ ဝန်ကြီးတပါးဆိုရင် ကျနော်တို့ထက် ဂျူနီယာကျတယ်။ NUGမှာ ကျနော်တို့နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီး အကျွမ်းတဝင်ရှိတဲ့ မိသားစုဝင်ရှိနေတဲ့ ဝန်ကြီး (၄)ပါးလောက် ရှိတယ်။ ဒါပေမယ့် NUG နဲ့ ကျနော်တို့တွေက အလုပ် သဘောအရ ချိတ်ဆက် ဆောင်ရွက်တဲ့ သဘော တော့ မရှိဘူးဗျ။ မိသားစုရဲ့ မိသားစုပုံစံနဲ့ပဲ ဆက်သွယ် ဆောင်ရွက်မှုတွေရှိတယ်။ မိသားစု အရင်းအချာတွေ ဖြစ်ခဲ့ ဘူးလို့ ။ မိသားစု အရင်းအချာပုံစံနဲ့ပဲ ဆက်သွယ် ဆောင်ရွက်တာတွေ ရှိခဲ့တယ်ပေါ့။ အများကြီးတော့ မဟုတ်ဘူး။ တကြိမ် နှစ်ကြိမ်လောက်ဘဲ တစ်ယောက်နဲ့ တစ်ယောက် စာပေး စာယူပေါ့။ အမှန်အတိုင်း ပြောမယ် ဆိုရင် NUG ဘက်က ဆက်သွယ်လာတာတော့မရှိပါဘူး။ ကျနော်ကတော့ NUG ရဲ့ ဝန်ကြီးတွေနဲ့ ကျနော်ကတော့ ဆရာ တပည့်ဆက်ဆံရေးရှိတဲ့ အရင်ကတည်းကလည်း ရှိခဲ့တယ်။ အဲ့ဒါဆိုတော့ ဆရာ တပည့်ဆက်ဆံရေး ပုံစံနဲ့ပဲ ဆက်သွယ်ဆောင်ရွက်လာတာတွေပဲရှိတယ်။ အလုပ်သဘောအရတော့ ဆက်သွယ် ဆောင်ရွက်တဲ့ ကိစ္စ ဒီနေ့ ဒီအချိန်အထိ ဘာဆို ဘာတစ်ခုမှ မရှိသေးပါဘူး။ NUG မှာလည်း အများရဲ့ စိန်ခေါ်မှုတွေရှိမယ်ဆိုတာလည်း သေချာပါတယ်။ အဓိကက NUG ကတော့ သူဖွဲ့စည်းထားတဲ့ NUG ရဲ့ လက်အောက်မှာ ဖွဲ့စည်းထာတဲ့ ကာကွယ်ရေးဝန်ကြီး ဌာနကနေ တဆင့် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် _PDF တွေနဲ့ တိုက်ရိုက်ဆယ်သွယ်မှုတွေတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ကျနော်တို့က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နာဂတွေ ဖြစ်တဲ့အတွက် ကျနော်တိုနဲ့တော့ သူတို့က ခပ်လှမ်းလှမ်း ခပ်ဝေးဝေးမှာရှိနေတယ်လို့ ယူဆသလားတော့ မပြောတတ် ဘူးပေါ့နော်။ ကျနော်တို့နဲ့မှာတော့ အလုပ်သဘောအရ ဆက်သွယ် ဆောင်ရွက်မှုတွေ ဘာဆို ဘာတစ်ခုမှ ဒီနေ့ ဒီအချိန်အထိ မရှိသေးပါဘူး။
မေး။ ။ တခြားသောတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းလုပ်ဆောင်တာရှိလား။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းဆိုရင် ကျနော်တို့က ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တွေနဲ့ပဲ လုပ်တယ်။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှာ စစ်တိုင်း ဒေသ မြောက်မြားစွာရှိတယ်ပေါ့နော်။ အဲ့ဒီထဲမှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နာဂဟာဆိုရင်လည်းပဲ တခြား စစ်တိုင်း ဒေသကြီးတွေနဲ့ တိုက်ရိုက် ဆက်သွယ်တာ မရှိခဲ့ဘူးဆိုရင်တောင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ဗဟို) ဌာနတွေနဲ့တော့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်မှုတွေ ညှိနှိုင်း ဆောင်ရွက်မှုတွေ သတင်း ဖလှယ်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေတော့ ရှိတယ်ပေါ့နော်။ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ဗဟိုနဲ့ ပတ်သတ် ဆက်နွယ်နေတဲ့ တခြား တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့တော့ ကျနော်တို့က ကင်းလို့တော့ မရဘူး။ ဒါတော်လှန်ရေး တစ်လမ်းတည်းသွားနေကြတာဘဲ ဖြစ်တဲ့ အတွက် ကျနော်တို့ နာဂ ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ အနေနဲ့ ဖွဲ့စည်းတာလည်း သိပ်မကြာသေးတာ ဖြစ်တဲ့အတွက် တခြား တခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်မှု မရှိခဲ့ဘူး ဆိုပေမယ့်လည်း ကျနော်တို့တွေကလည်း ဗဟို ဌာနမှ ကျနော်တို့ နာဂ ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ဝင် လုံခြုံရေးအရ သိပ်ပြောလို့ မရဘူး။ ကျနော်တို့တွေက စစ်တိုင်း ဒေသကြီး တစ်ခု နဲ့ တစ်ခု ခပ်ကင်းကင်းနေကြတာ မဟုတ်ဘဲနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် အစီအစဉ်တွေလည်း ရှိတာ ဖြစ်တဲ့အတွက် ကျနော်တို့တွေကလည်း လိုအပ်ရင် လိုအပ်သလို တပ်ဖြန့်တာတွေ အဲ့လို နယ်မြေ တစ်နေရာနဲ့ တစ်နေရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတာ ဖြစ်တဲ့အတွက် တခြား တခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ခပ်ကင်းကင်းတော့ မနေကြဘူး။ အထူးသဖြင့် ကျနော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နာဂဟာဆိုရင် ဖွဲ့စည်းပြီး တာမကြာသေးတာ ဖြစ်တဲ့အတွက် တခြား တခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ချိတ်ဆက် ဆောက်ရွက်မှုတွေတော့ မရှိသလောက်ပါပဲ။ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့်လည်း ဗဟို အနေနဲ့ လုပ်ကိုင်သွားလာနေတဲ့ ကိစ္စ အဝဝမှာ ကျနော်တို့တွေကလည်း တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်တဲ့ အပိုင်းတွေတော့ ရှိတာဖြစ်တဲ့အတွက် တခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ခပ်ကင်းကင်း အနေအထားတော့ မရှိပါဘူး။ ရှောင်လွှဲလို့ မရတဲ့ အပိုင်းတွေပေါ့နော်။ မေးခွန်းကတော့ တခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း တခြားသော တိုင်းရင်းသား တပ်မတော်တွေနဲ့ ကျနော်တို့တွေဟာ သူစိမ်းဆန်တဲ့ ဆက်ဆံရေးတွေတော့ မရှိပါဘူး။ မဟာမိတ်ဆန်ဆန် ပေါင်းသင်း ဆက်ဆံမှုတွေတော့ ရှိပါတယ်။
မေး။ ။ ပြည်သူတွေကိုဘာပြောချင်တာလဲ။
ဖြေ။ ။ ဒီတော်လှန်ရေးဟာဆိုရင် ရေရှည်တော်လှန်ရေးလို့ပဲ ကျနော်တို့ကပြောချင်တယ်။ ရေတိုတော်လှန်ရေးတော့ မဟုတ်ဘူး။ အဲ့ဒါဆိုတော့ တချို့ တချို့သော ပြည်သူတွေက တော်လှန်ရေးက နေ့ချင်း ညချင်းပဲ ပြီးတော့မလို တစ်လ နှစ်လနဲ့ပဲ ပြီးတော့ မလို မသိရင် တစ်နှစ်လောက် မကြာတော့မယ့်လိုလိုနဲ့ ပြည်သူတွေက အရမ်းကို အောင်ချင်စိတ်၊ အောင်ချင်ဇော အလွန် အားကြီးတဲ့အတွက် ပြည်သူတွေမှာ အားမလို အားမရ ဖြစ်သွားတဲ့ အပိုင်းတွေလည်း ရှိတယ်ပေါ့နော်။ အထူးသဖြင့် ကြည့်ရမယ်ဆိုရင် နွေဦးတော်လှန်ရေး လို့ပြောလိုက်ခြင်း အားဖြင့် ဒီနွေဦးမှာပဲ ပြီးတော့မလို မိုးရာသီ ဝင်သွားပြီ ဆောင်းရာသီ ဝင်သွားပြီ နောက်တစ်ခေါက် နွေဦးလည်း ပြန်ရောက်တော့မယ်ဆိုပြီး တော့ တချို့တွေက ပြည်သူတွေက တချို့ တချို့သော ပြည်သူတွေက အဲ့လို ပြောရမယ်ဆိုရင် တချို့လို့ ပြောတာထက်စာရင် လူတော်တော်များကက ဒီလိုတွေ ထင်မြင် ယူဆကြတယ်။ အဲ့ဒါကိုကျနော်တို့ဘက်ကနေနပြီးတော့ စေတနာနဲ့ပေါ့နော် အကြံပေး ပြောကြား ချင်တဲ့ အချက်က ဘာလဲ ဆိုရင်တော့ တော်လှန်ရေး တစ်ခု ဆင်နွှဲတာ ဘာသာရေးအရပြောမယ်ဆိုရင် ဘုရားကောင်းချီးပေးတဲ့ အချိန်မှာ ဘုရားအလုပ်လုပ်မှ တစ်ရက် နှစ်ရက်အတွင်းပြီးသွားသလို တစ်လ နှစ်လ နဲ့လည်းပြီးသွားတာတွေရှိတယ်။ နှစ်နဲ့ချီပြီးတော့လည်း ပြီးသွားတာတွေ ရှိတယ်။ ဘုရားပေးထားတဲ့အချိန် ဘုရား သတ်မှတ်ထားတဲ့အချိန်မှာ အလုပ်ဆိုတာ ပြီးမြောက်တာပေါ့။ ဒါဟာ ကျနော်တို့ရဲ့ ခရစ်ယန်တွေဖြစ်တဲ့အတွက် ခရစ်ယန်ရဲ့ ခံယူချက်အရ ပြောရမယ်ဆိုရင် ဒီအတိုင်း ပြောရမှာပေါ့ ။ ပြည်သူတွေမှာ အားမလို အားမရ ဖြစ်သွားတဲ့ ကိစ္စတွေ တချို့ ပြည်သူတွေကတော့ ဟာ ဘယ်နရက်အတွင်းပြီးမယ်ပေါ့ ဘယ်နရက်ပဲလိုတော့တယ်ပေါ့ ဆိုရှယ်မီဒီယာမှာ ပလူပျံနေကြတယ်။ ကျနော်က အဲ့ဒါတွေ အပြစ်တော့မတင်ပါဘူး။ ဒါပေမယ့်လည်း အဲ့လိုကြီး တထပ်တည်း ဖြစ်ပါလိမ့်မယ်လို့ ကျနော်ကတော့ မယုံစေချင်ဘူး။ အခုဆိုလည်း ဒီ ရက်အတွင်းဖြစ်နေကြတဲ့ ၈၈၈၈ကို နှစ်နဲ့စားလိုက်တာ လေးနဲ့စားလိုက်တာပေါ့။ အဲ့တော့ ၂ရက်နေ့ ၂လပိုင်း ၂၀၂၂မှာ ပွဲသိမ်းမယ်ဆိုတဲ့ဟာတေလည်း ပလူပျံနေကြတယ်။ အောင်ချင်စိတ် ရှိတာကို ကောင်းတယ်။ အားပေးတယ်။ ဒါပေမယ့် အဲ့လောက်ထိလည်း တော်လှန်ရေးက မလွယ်ကူဘူးလို့တော့ ကျနော်ကပြောချင်တာပေါ့။ အရိုးရှင်းဆုံးပြောမယ်ဗျာ စကစကို အထင်ကြီးတာ မဟုတ်ပါဘူး။ ကြောက်တာလည်း မဟုတ်ဘူးပေါ့။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံးရဲ့ တွင်းထွက် ပစ္စည်း သယံဇာတတွေနဲ့ အနိုင်ကျင့် ဗိုလ်ကျနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ထိန်းလို့ သိမ်းလို့မရတော့ရဲ့ စစ်တပ်ရဲ့ တစ်တပ်ကို ဒီတော်လှန်ရေး ၇လ ၈လလောက်ပဲရှိတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကပဲ ဖြစ်ဖြစ် ြည်သူ့လွတ်မြောက်ရေး တပ်မတော်ကပဲ ဖြစ်ဖြစ် တိုင်းရင်းသား မဟာမိတ် တပ်မတော်တွေကပဲ ဖြစ်ဖြစ် အားလုံး ပူးပေါင်းပြီးတော့ တိုက်တယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အချိန် ကာာလ တစ်ခုအတောအတွင်းမှာ လုံးဝ တော်လှန်ရေးကြီး ပြီးဆူံးသွားတဲ့အထိ ချေမှုန်းလို့ရပါတယ်။ ဒါပေမယ့် အခုလည်းကြည့် NUG နဲ့လက်တွဲ ဆောင်ရွက်နေတာ ကချင် အမျိုးသား တပ်မတော်တွေရှိမယ်။ ကရင် အမျိုးသား တပ်မတော်ရှိတယ်။ ကရင်နီ အမျိုးသား တပ်မတော်ရှိတယ်။ ချင်း အမျိုးသား တပ်မတော်ရှိတယ်။ ဒါလောက်ပဲ ရှိတာကို။ တခြား တခြား သော မျိုူးသားတပ်မတော်တေက ငြိမ်နေတဲ့ အပိုငး်တွေရှိတယ် ဆိုတော့ ဒီလောက်နဲ့တော့ ကျနော်အထင် ဒီလောက်နဲ့ နေ့ချင်း ညချင်း အချိန် တိုတို အတွင်း ပွဲသိမ်း ဖို့ဆိုတော့ ခက်အုံးမယ် လို့ထင်တာပေါ့နော်။ အဲ့ဒီတော့ ကျနော်တို့ ဖြစ်စေချင်တာက ကျနော်တို့အင်အားတွေ ဒီထက် ဒီထက် အင်အားတွေ ကြီးဖို့ အတွက် ဆိုရင် တခြားတခြားသော အင်အားကြီးတဲ့ တိုင်းရင်းသား အမျိုးသား တပ်မတော်တွေနဲ့ နည်းလမ်း အမျိးမျိုး ရှာကြံပီး ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းတွေနဲ့သွားလို့ရှိရင် မဟာဗျူဟာမြောက် လက်တွဲဆောင်ရွက်နိုင်ရင် အကောင်းဆုံးပေါ့နော်။ ဒါပေမယ့် မလုပ်နိုင်ဘူးဆိုရင် နည်းဗျူဟာမြောက်လက်တွဲဆောင်ရွက်ပြီးတော့ ချရင် တောင်မှ အချိန်တော့ မကြာဘူးပေါ့နော်။ အဲ့တော့ ပြည်သူတွေက ဆုတောင်းစရာ ရှိရင် ဆုတောင်း မေတ္တာ ပို့သပေးရမယ်။ ထောက်ပံ့ပေးစရာရှိလည်း ထောက်ပံ့ပေးရမယ်။ ကျနော်တို့ ဖြစ်စေချင်တာက ကျနော် တို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်_နာဂကို မထောက်ပံ့ပေးလို့ဆိုမှ အပြစ်ပြောတာတော့ မဟုတ်ဘူးပေါ့နော်။ PDF တွေကို ထောက်ပံ့ပေးသလို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နာဂအဖွဲ့ တွေကိုလည်း ဖြစ်နိင်လို့ ရှိရင် နိုင်သလောက်လေး တစ်ယောက် ဘယ်လောက် ဘယ်လောက်ပါလို့ မပြော လိုပါဘူး။ ကျနော်တို့လည်း တော်လှန်ရေး လုပ်နေတာဘဲဗျာ။ တော်လှန်ရေး သမား အချင်းချင်းတော့ တစ်ယောက်နဲ့တစ်ယောက်အ ပြန်အလှန် ဖေးမကူညီတဲ့ အဆင့် အစီအစဉ်တွေရှိလည်း မဆိုးဘူး။ အဲ့ဒါကြောင့် အထူးတလည် မှာကြားချင်တာကတော့ ဒီတော်လှန်ရေးဟာဆိုရင် ရေရှည်တော်လှန်ရေးလို့ပဲ ပြောချင်တယ်ဗျ။ ရေတိုတော်လှန်ရေးတော့ မဟုတ်ဘူး။ ကျနော်တို့ တော်လှန်ရေး ဆင်နွှဲတဲ့ အခါ အဆုံးအရှုံးအနည်းဆုံးနဲ့ ပန်းတိုင်ကို အချိန်တိုအတွင်း အောင်နိုင်ဖို့အတွက် ဘယ်လို သီအိုရီတွေနဲ့သွားမလဲဆိူတဲ့ ပုံစံနဲ့ တော်လှန်ရေး သမားတွေလည်း ချဉ်းကပ်နေတာ ဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲပလည်း စိတ်ဓါတ်မကျဘဲ စိတ်ရှည်ရှည်နဲ့ တော်လှန်ရေး အုပ်စုတွေကို အားပေး ထောက်ခံပေးကြဖို့ပေါ့နော်။ တော်လှန်ရေး သမား မပြီးမချင်း ထောက်ခံပေးကြပါလို့ မေတ္တာရပ်ခံချင်တာပေါ့။
မေး။ ။ တခြားပြောချင်တာဘာများရှိမလဲ။
ဖြေ။ ။ ကျနော်အနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူ ပြည်သား အားလုံးနဲ့ ဒီ စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးရေး ယန္တရား အကောင်အထည်ဖော်ဖို့အတွက် နည်းလမ်းပေါင်းစုံရုန်းကန် တော်လှန်ရေး ဆင်နွှဲနေကြတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အားလူံး အပါအဝင် တိုင်းရင်းသားတပ်မတော်တွေ အားလုံးကို မေတ္တရပ်ခံချင်တဲ့ အချက်က ကျနေနာ်တို့တွေက လုတိုင်း လူတိုင်းမှာ သူ့အကျိုးအမြတ် သူ့ခံယူချက် အတွေးအခေါ် အမျိုးမျိုးရှိသလို အဖွဲ့အစည်းတိုင်းမှာလည်း လူမျိုး အခေခြခံတဲ့ အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် အသင်းအဖွဲ့ အခြေခံတဲ့အဖွံ့စည်းမှာပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့စည်ဒမဆို ကို့ယ်အဖွဲံစည်းနဲ့ပတ်သတန်တဲ့ အကျိုးအမြတ်ရပိုင်ခွင့်တွေ မျိုးမျိုးတော့ ရှိကြ မှာပဲ။ ဒါပေမယ့် အဲ့အကျိုးအမြတ်ဟာ လူသားဆန်တဲ့ အကျိးအမြတ် စံချိန်စံနှုန်းနဲ့ ဒီကမ္ဘာလူသားစနစ်ပါ့နော် ဒီကမ္ဘာလူသားစနစ်အပေါ်မှအခြေခံတဲ့ သီအိုရီ အတူတကွ လက်တွဲဆောင်ရွက်ဖို့ သွားကြရအောင်လို့ မေတ္တာရပ်ခံချင်တာပေါ့လေ ကျနော်က။ ကချင်ဆိုလည်း ကချင်နဲ့ ပတ်သတ်တဲ့ ရပိုင်ခွင့်တွေရှိမယ်။ ရခိုင်ဆိုလည်း ရခိုင်ရဲ့ ပတ်သတ်တဲ့ ရပိုင်ခွင့်တွေရှိမယ်။ အဲ့လိုပဲ ကျနော်တို့ နာဂတေကလည်း နာဂလူမျိုးနဲ့ ပတ်သတ်တဲ့ အမျိူးသား ဘုံပန်းတိုင်ပေါ်မှာ ရပ်တည်တဲ့ ခံယူချက်တွေရှိမယ်။ ဘာပဲဖြစ်ဖြစ်ပါ ခံယူချက် မတူညီလို့ မဟာဗျူဟာ မြောက် လက်တွဲဆောင်ရွက်လို့ မရတဲ့ အပိုင်းတွေ ရှိခဲ့တယ် ဆိုရင်တောင်မှ လူသားဆန်စွာ နဲ့ နည်းဗျူဟာမြောက် လက်တွဲဆောင်ရွက်တဲ့ အဆင့်ထိ ကျနော်တို့တွေ ခြေလှမ်း နိုင်တယ်ဆိုရင် ဒီတော်လှန်ရေးဟာဆိုရင် တကယ်မကြာပါဘူး။ နှစ်နှစ် သုံးနှစ် အတောအတွင်းလည်း ဖြစ်နိုင်တယ်။ အလွန်ဆုံး လေး ငါး နှစါအတွင်း ဒီတော်လှန်ရေးက လုံးဝအမြစ်ပြတ်ရမယ့် တော်လှန်ရေးဖြစ်တယ်ဆိုနဲ့အကြောင်းကို ကျနော့် အနေနဲ့ထပ်လောင်း ပြောကြားချင်ပါတယ်။ မြန်မာပြည်သူတွေအားလုံး ကျန်းမား ချမ်းသာကြပါစေ။ ပြည်သူတွေ အားလုံး လိုလားတောင့်တတဲ့ ပြည်သူတွေ လိုချင်တဲ့ တရားဥပဒေစိုးမိုးတဲ့ ဗမာပြည်ကြီး တိုင်းရင်း လူမျိုးစုတွေအားလုံးလိုချင်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီး လူသားကို လူသားလိုတန်ဖိုးထားတတ်တဲ့ နိုင်ငံရေး စနစ်ကောင်းကြီး တစ်ခုကို အချိန်တို ကာလအတွင်း ပုံဖော်ထုဆစ်နိုင်ကြပါစေလို့ ခရစ်တော် နာမအားဖြင် အမည်ပြု ဆုတောင်း ပေးပါတယ်။ ဘုရားရှင်ကောင်းချီးပေးပါစေ။