အလုပ်သမားထု၏ ရုန်းကန်မှုအား ဖော်ထုတ်ကိုယ်စားပြုသည့် အလုပ်သမားများနေ့(May Day)ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The The Space Youth Learning Center တွင် ၂၀၂၄ခုနှစ်၊ မေ ၁ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်သမားထု၏ ရုန်းကန်မှုကို ကိုယ်စားပြုသည့် အလုပ်သမားများနေ့ကို ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားများနှင့် အစိုးရများက တစ်စုတစ်စည်းထဲပြုလုပ်ခဲ့ရာ ၂၀၂၄ခုနှစ်တွင် ၁၃၄ကြိမ်မြောက်ရှိပြီဖြစ်သည်။
လက်ရှိ ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှု၊ ဝင်ငွေ၊ ထွက်ငွေမမျှတမှုများကြောင့် အလုပ်သမားထုသည် အထွေထွေအကျပ်မတည်းများကိုပါ ရင်ဆိုင်နေရကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ဆိုသည်။
ထို့ပြင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အလုပ်သမားထုတစ်ရပ်လုံးသည် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှု၊ အဓမ္မဖိအားပေးခိုင်းစေမှု၊ လုပ်ငန်းခွင်၌ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရမှုနှင့် လုပ်ငန်းခွင် တည်မြဲရေး ခြိမ်းခြောက်ခံရမှုများကိုပါ ဆိုးရွားစွာ တွေ့ကြုံလာရကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက အခမ်းအနားတွင် ပြောကြားခဲ့သည်။