“သတ်လိုက်ဖို့ကအလွယ်လေးပဲ။ လက်ညှိုးလေးတစ်ချက်ကွေးလိုက်ရုံပဲ။ ရှင်အောင်ထားဖို့ကတော့ခက်တယ်။ ကျနော်တို့ကတော့ ရှင်အောင်ထားတဲ့လမ်းပဲရွေးတယ်”
(KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီ)
ကရင်နီပြည် တိုက်ပွဲများတွင် အရှင်ဖမ်းမိသည့် စစ်ကောင်စီ စစ်သုံ့ပန်းများနှင့် ရဲများကို ဖမ်းဆီးထားသည့် ကရင်နီအကျဉ်းထောင်သို့ KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီနှင့် အတူMPA က သွားရောက်ခဲ့ကာ စစ်မြေ ပြင်၌ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ မည်သို့ နေထိုင် နေကြသလဲဆိုသည်ကို ရိုက်ကူးတင် ဆက်ထားပါသည်။