” NCA ထဲမှာ အခန်း ၁ ဟာ NCA ရဲ့ နှလုံးသားပဲ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်။ ကျတော်တို့ဟာ နိုင်ငံရေးယဉ်ကျေးမှု အသစ်နဲ့ သွားမယ်ဆိုတာ စစ်တပ်ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာလေ။ အဲ့ဒါကို သူက ဖောက်လွဲဖောက်ပြန်လုပ်ပြီး နောက်ဆုံး အာဏာသိမ်းလိုက်တဲ့အခါကျတော့ ဒါက ဒီရေအတက်အကျနဲ့ လုံးဝ မဆိုင်တော့ဘူး။ ဒါက ရှင်းရှင်းပြောရရင် နာဂစ်မုန်တိုင်းဆိုပြီးတော့ တစ်ခါတည်း ဒေသတစ်ခုလုံးဝင်ရောက်ချိုးဖဲ့ပြီး အကုန်လုံး ပျက်စီးဆုံးရှုံးကုန်တဲ့ အဆင့်ကို ရောက်သွားပြီ”
ပဒိုစောတောနီး (KNU ပြောခွင့်ရ)
ယမန်နေ့က နေပြည်တော်၌ စစ်ကောင်စီကျင်းပပြုလုပ်ခဲ့သည့် NCA (၈) နှစ်မြောက် အခမ်းအနားနှင့် ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးထံ MPA သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါသည်။