(ငလျင်ပညာရှင် ဦးစိုးသူရထွန်း (NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး) နှင့် တွေ့ဆုံခြင်း)
ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ငလျင်များလှုပ်ခတ်ခဲ့သည်။ စက်တင်ဘာ ၂၃ရက်၊ ပဲခူးကိုဗဟိုပြု သောငလျင်သည် ရစ်(ခ်)တာစကေး၅ဒဿမ၁ အဆင့်။ထို့နောက် ဆက်တိုက်ဆိုသလို တိုက်ကြီးနှင့်မှော် ဘီကိုဗဟိုပြုကာ ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ ငလျင်ငယ်များလည်း ဆက်လှုပ်ခဲ့သည်။ထို့ကြောင့် လှုပ်ခတ်ခဲ့သော ငလျင်တို့နှင့် ရှေ့ အလားအလာ မည်သို့ ရှိမလဲဆိုသည်ကို MPAပရိသတ်များ ဆဝါးနိုင် ရန် အလို့ဌာ ငလျင်ပညာရှင် ဦးစိုးသူရထွန်းနှင့် တွေ့ဆုံမေးမြန်း တင်ဆက်လိုက်ရပါသည်။
(မေးမြန်းသူ – CJ 014)
မေး – စက်တင်ဘာ ၂၃ရက်ညတုန်းက ပဲခူးကိုဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တယ်ဆရာ။အဲဒါက စစ်ကိုင်းပြတ် ရွေ့ ကနေ လှုပ်တဲ့ငလျင်လားခင်ဗျ။
ဖြေ – စက်တင်ဘာလ ၂၃ရက်နေ့ညကလှုပ်တဲ့ငလျင်က ပဲခူးရဲ့အနောက်တောင်ဘက်ပေါ့နော်။ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးနဲ့ အမြန်လမ်းနဲ့ ကြားထဲတစ်နေရာကို ယူပြီးတော့လှုပ်ခဲ့တာပါ။ အဲ့ဒါစစ်ကိုင်း ပြတ်ရွေ့ကနေ လှုပ်တဲ့ငလျင်မဟုတ်ပါဘူး။သူနဲ့ယှဉ်တွဲဖြစ်ပေါ်နေတဲ့ ပဲခူးရိုးမ အစပ်က တွန်းတင်ပြတ် ရွေ့ တစ်ခုဖြစ်နိုင်ပါတယ်။မနီးဘူး။ ဘာမှ မဆိုင်ပါဘူး။ စစ်ကိုင်း ပြတ်ရွေ့နဲ့ ယှဉ်တွဲဖြစ်ပေါ်နေတဲ့ ပဲခူး ရိုးမအစပ်က တွန်းတင်ပြတ်ရွေ့တခုလို့ပဲ သုံးသပ်ပါတယ်။
မေး – ပဲခူးမှာ ရစ်(ခ်)တာစကေး ၅ကျော်တဲ့ငလျင်မလှုပ်တာကြာပြီမဟုတ်လား။အတိတ်ကာလ ပဲခူးငလျင်ကြီးတွေ၊အခုလှုပ်ခဲ့တဲ့ငလျင်နဲ့ အဆက်အစပ်၊ အလားအလာကို ပြောပေးပါဦး။
ဖြေ – အတိတ်ကာလက ပဲခူးငလျင်ကြီးက ၁၉၃၀ပြည့်နှစ်က နောက်ဆုံးလှုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ် လောက်မှာ ၆ဒဿမ၈(ရစ်(ခ်)တာစကေး) ရှိတဲ့ငလျင်တစ်ခု ပဲခူးရဲ့အနောက်မြောက်ဘက် မှာ လှုပ်ခဲ့ပြီး အခုကျွန်တော်တို့ ၁၉၃၀ ပြည့်နှစ်မှာကျတော့ ၇ဒဿမ၃ ဆိုတဲ့ ငလျင်က သုံးခွနားမှာရှိတဲ့နေ ရာတစ်ခုကို ဗဟိုပြုတာဖြစ်ပါ တယ်။ အဲ့တော့ အခုငလျင်နဲ့ တိုက်ရိုက်အဆက်အစပ်ရှိတယ်လို့မပြောနိုင် ပါဘူး။ အခုပြောနေတဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့တော့ ဆက်စပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းပြတ် ရွေ့ တစ်ခုမှာဆိုရင် သူ့ရဲ့ဘေးပတ်လည် မှာတခြားပြတ်ရွေ့တွေရှိပါတယ်။အခုလှုပ်တဲ့ ငလျင်လှိုင်းနဲ့ ပတ် သက်ပြီး လေ့လာ တဲ့အချိန်မှာ တွန်းတင်တဲ့ ပြတ်ရွေ့မျိုးဖြစ်တယ်။ပြီးတော့ သူက ပြောင်းပြန်ပေါ့ နော်။ကျွန်တော်တို့ နည်းပညာမော်ဒယ်အရ ပြောမယ်ဆိုရင်တော့ Antithetic လို့ခေါ်တယ်ပေါ့နော်။ ပြောင်းပြန် ပြတဲ့ ငလျင်ဇုန် တစ်ခုကနေ လှုပ်တဲ့ ငလျင် လို့မြင်ပါတယ်။
မေး – ဆရာတို့ အရင်တုန်းက စစ်ကိုင်းပြတ်ရွေ့နဲ့ပတ်သက်ပြီး ဂျပန်ပညာရှင်တွေနဲ့ပူးပေါင်းပြီး သုသေသနပြုခဲ့ကြတယ်လို့ သိရတယ်။အဲဒီသုတေသနတွေ့ရှိချက် အကျဉ်းကို ပြောပေးပါဦး။
ဖြေ – ကျွန်တော်တို့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သုတေသနပြုလုပ်ခဲ့တာ လွန်ခဲ့တဲ့၁၅နှစ်၊ အနှစ်၂၀လောက် ပေါ့၊ တောက်လျှောက်ပါပဲ။ ဒီစစ်ကိုင်းပြတ်ရွေ့ရဲ့ပဲခူးအပိုင်းပေါ့နော်။ပဲခူး-စစ်ကိုင်းနဲ့ပတ်သက်လာရင် တော့ ကျွန်တော်တို့ကဒီ ၇ဒဿမ ၃ ပမာဏ ဖြစ်ဖို့အ တွက်ကို အနည်းဆုံး နှစ်၁၀၀ ကနေ ၁၁၀ လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ဒါပေမယ့်၊ ဒီလိုပြောခြင်းက ကျွန်တော်တို့ ဒီကြားထဲက နှစ် တွေမှာလည်း မလှုပ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကြားထဲကနှစ်တွေမှာဆိုရင် ဒီလောက်ပမာဏ မကြီး ဘူး လို့ပဲပြောနိုင်တာပါ။
မေး – စစ်ကိုင်းပြတ်ရွေ့မှာ ငလျင်ကြီးတွေလှုပ်ခတ်နိုင်လားဆရာ။
ဖြေ – စစ်ကိုင်းပြတ်ရွေ့မှာ ငလျင်ကြီးလှုပ်နိုင်ပါတယ်။၁၉၃၀ပြည့်နှစ်ကနေ ခုဆိုရင်၂၀၃၀ဆိုရင် ကျွန်တော်တို့က နှစ်၁၀၀ ပြည့်ပါပြီ။အခုအချိန်မှာ တကယ်လို့သာ ဒီပြတ်ရွေ့ကြီးကလှုပ်မယ်ဆိုရင် ၆.၉ နဲ့ ၇ ရစ်(ခ်)တာစကေးလောက် ပမာဏရှိတဲ့ ငလျင်ကလှုပ်နိုင်နေပြီလို့ ပြောနိုင်ပါတယ်။
မေး – ပဲခူးမှာသာ ငလျင်ကြီးလှုပ်ခဲ့ရင် ထိခိုက်မှုပြင်းနိုင်တဲအထဲ ရန်ကုန်ပါသလား။
ဖြေ – နောက်ဆုံးလှုပ်ခဲ့တဲ့ ပဲခူးငလျင်ကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့က ၇ဒဿမ၃ ရစ်(ခ်)တာစကေး ရှိတဲ့ငလျင်က ပဲခူးမှာဆိုရင် လူ ၅၅၀လောက်သေဆုံးတယ်လို့ ပြောတယ်ပေါ့။ ဒါပေမယ့် တကယ့် တကယ် အပြင်လူတွေရဲ့ ပြောချက်အရတော့ လူ၇၀၀၀ လောက်တောင်ရှိတယ် လို့မှန်းတယ်ပေါ့။ ရန်ကုန် မှာလည်း တော်တော်လေး ထိခိုက်ပါတယ်။ရန်ကုန်မှာလည်း ဝန်ကြီးများရုံးပေါ့နော်။ အဲ့တုန်းက အတွင်း ဝင်ရုံး (ဝန်ကြီးများရုံး) ရဲ့ အလယ်ခေါင်က ပေါင်းမိုးကြီး ရှိခဲ့တယ်ပေါ့နော်။အရင်က အဲ့ဒါကြီး လဲပြိုကျခဲ့ တယ်လို့လည်း သိရပါတယ်။အဲ့ဒီမှာလည်း လူတွေသေခဲ့တာတွေ၊ ထိခိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။အဲ့ဒီတုန်းက ရန်ကုန်ရဲ့လူဦးရေက အကြမ်းဖျင်းပြောရရင် ၂သိန်း ကနေ ၄သိန်း လောက်ပဲ ရှိပါတယ်။အခုဆိုရင် ကျွန်တော်တို့ လူဦးရေက ၆သန်း၊၇သန်း ဖြစ်နေပြီဆိုတော့ ဒါအများကြီးသတိထား ရမှာဖြစ်ပါတယ်။
မေး – ရန်ကုန်ရဲ့ အဆောက်အအုံတွေထဲ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံ ရာခိုင်နှုန်းဘယ်လောက်ပဲ ရှိမလဲဗျ။
ဖြေ – ရန်ကုန်ရဲ့အဆောက်အအုံတွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီ၁၉၈၈- ၈၉နောက်ပိုင်း မှာဆောက်တဲ့ အဆောက်အအုံတွေက တော်တော်လေးကို ခံနိုင်ရည်အားနည်းတယ်လို့ ကျွန်တော် ယေ ဘုယျပြောလို့ရပါတယ်။၂၀၀၂ခုနှစ်လောက်ကျမှသာ အထပ်မြင့်အိမ်ယာကော်မတီတွေ ပေါ်လာတယ်။ ကျွန်တော်တို့ အဆောက်အအုံဆိုင်ရာ ထိန်းချုပ်တဲ့အဖွဲ့အစည်းတွေပေါ်လာတယ်။ မြို့တော်စည်ပင် က လည်း ဒါကို စကိုင်တွယ်ပြီးတော့ အင်ဂျင်နီယာအဖွဲ့ကအစ စနစ်တကျသူ့ရဲ့စွမ်းဆောင် ဒီဇိုင်းတွေ ကို သေချာလေ့လာပြီးတော့ ဆောက်ခိုင်းတဲ့အတွက်ကြောင့် အဲ့နောက်ပိုင်းမှာဆောက်တဲ့ အဆောက်အအုံ တွေကတော့ သက်သာနိုင်မှုများပြီးတော့ ၁၉၈၈နဲ့ ၂၀၀၀ ပြည့်နှစ်ကြားထဲမှာရှိတဲ့ အဆောက်အအုံတွေ က တော့ အများကြီးအန္တရာယ်ကြီးတယ်လို့ ပြောနိုင်ပါတယ်။
ဖြေ – အခု ပဲခူးငလျင်နဲ့ပတ်သက်ပြီး နောက်ထပ် ဘာများပြောလိုပါသေးသလဲ။
ဖြေ – အဆောက်အုံတွေကိုဆောက်လုပ်ကတည်းက ငလျင်ဒဏ်ခံနိုင်အောင်ဆောက်ဖို့ဆိုတာ တစ်ချက် ရှိပါတယ်။တကယ်လို့ ကိုယ့် အဆောက်အအုံက ခုနတုန်းက ကျွန်တော်ပြောတဲ့ အဆောက်အအုံမျိုး ထဲ မှာ စာရင်းဝင်နေတယ်။ ခံနိုင်ရည်နည်းတယ်ဆိုရင် အဲ့ဒါကို ကျွန်တော်တို့ Retrofitsလို့ခေါ်တဲ့ သူ့ပြုပြင် ပြင်ဆင်တဲ့နည်းလမ်းတွေနဲ့ ပြန်ပြီးတော့ ပြင်ဆင်ရမှာဖြစ်ပါတယ်။နောက်တစ်ခါ ငလျင်လှုပ်ရင်ဘယ်လို ဘေးအန္တရာယ်သက်သာအောင် တိမ်းရှောင်ရမယ်ဆိုတာကိုလည်း အားလုံးအနေနဲ့လည်း သိထားသင့် တယ်။ လေ့လာထားသင့်တယ်။ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက ငလျင်များနဲ့ နေထိုင်ခြင်း ဆိုတဲ့ စာအုပ်က လေးတွေ ကျွန်တော်တို့ထုတ်ခဲ့ပါတယ်။ Soft Copyလည်းရှိပါတယ်။အွန်လိုင်းမှာ လည်း ရှာ လို့ရနိုင်ပါ တယ်။Living with Earthquakesလို့ခေါ်ပါတယ်။ မိသားစုဝင်တိုင်းဟာ ဒါကိုကြိုတင်လေ့လာထားသင့်ပါ တယ်။ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ အကြောင်းတွေကိုလည်း သိသင့်ပါတယ်။ငလျင်အန္တရာယ်ဆိုတာက ကျွန်တော်တို့စကားအတိုင်းပြောရရင် ငလျင်ကလူကိုသတ်တာမဟုတ်ဘူးတဲ့။လူတွေဆောက်လုပ် ထား တဲ့ အဆောက်အအုံတွေကပဲ လူကိုသတ်တာဖြစ်တဲ့ အတွက်ကြောင့် အားလုံးက မိမိရဲ့အဆောက်အအုံ တွေ ခိုင်ခံ့ဖို့၊သက်သာဖို့၊ဘေးအန္တရာယ်ကင်းရှင်းအောင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာသိဖို့ ဒါတွေဟာ အရေးတကြီးလိုအပ်ပါတယ်။ ဒါကဘယ်ခေတ်၊ဘယ်စနစ်ရယ်မှမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကောင်း မွန်တဲ့ အစိုးရတစ်ရပ်ဆိုရင်တော့ ပြည်သူလူထုကိုအသိပညာပေးတာတွေ၊အရေးပေါ်ဘေးအန္တရာယ်အ တွက် စီစဥ် ဆောင်ရွက်တာတွေ။နောက်တစ်ခုကတော့ ငလျင်အာမခံပေါ့နော်။ အားလုံးကအာမခံ တွေ ထားထားသင့်တယ်။ အဲ့ဒီအာမခံလုပ်ပြီဆိုတာနဲ့ အဆောက်အအုံကို သေချာပြန်လည်စစ်ဆေးတာတွေ၊ ပြန်လည်ပြင်ဆင်တာတွေ၊ဒါတွေလည်းပါနေမှာဖြစ်ပါတယ်။ငလျင်ဘေးအန္တရာယ် ကျွန်တော်တို့နိုင်ငံမှာ ရှိနေတယ်ဆိုတာ အားလုံးသိထားဖို့လိုပါမယ်။
ဦးစိုးသူရထွန်း
[ ဦးစိုးသူရထွန်းသည် ၁၉၉၃ခုနှစ် မှစတင်ကာ ငလျင်ကိုဖြစ်စေသည့် ပြတ်ရွေ့ များအကြောင်း ဘူမိဗေဒဆရာတစ်ဦးအနေနှင့် လေ့လာခဲ့ပြီး ၂၀၀၄ခုနှစ်အတွင်း တောင်တွင်းကြီးငလျင် လှုပ် သည့် အခါ ကွင်းဆင်းလေ့လာကာ သုတေသနစာတမ်းစတင်ရေးသားခဲ့သည်။ မြန်မာနိုင်ငံမြေငလျင်ကော်မ တီကို စတင်တည်ထောင်သူများထဲ တစ်ဦးအပါအဝင်ဖြစ်ပြီး ပထမဆုံးပရောဂျက်အဖြစ် ရန်ကုန်မြို့၏ ငလျင် ထိခိုက်နိုင်ခြေကို လေ့လာခဲ့သည်။ထို့အပြင် နိုင်ငံတစ်ဝန်း ငလျင်လှုပ်တိုင်းကွင်းဆင်းလေ့လာခဲ့သ လို ဂျပန်၊အမေရိကန်နှင့်ပြင်သစ်ပညာရှင်များနှင့်ပူးပေါင်းပြီးလည်း သုတေသနပြုခဲ့သည်။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက နှင့် NLD အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ ]