ကော်ဘရာစစ်ကြောင်းနှင့် သုံးထပ်ကွေ့အနီး တွင် တစ်လကျော်ကြာ တိုက်ပွဲ ဖြစ်ပွားနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂) မှ စစ်သည် (၄) ဦးသည် သြဂုတ်လ (၃)ရက်နေ့က ကော်ဘရာစစ်ကြောင်းအား ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ရာ အဆိုပါ စစ်သား(၄)ဦးနှင့် MPA က အမရာက တွေ့ဆုံမေးမြန်းထားပါသည်။
ပျူစောထီးမလုပ်နိုင်၍ ဂန့်ဂေါပြည်သူတချို့ နေရပ်စွန့်ခွာတိမ်းရှောင်လာ
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပျူစောထီးလုပ်ရန် ဖိအားပေးနေမှုကြောင့် ရွာလုံးကျွတ်နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက နေထိုင်စရာယာယီတဲဆောက်လုပ်ပေးထားကြောင်း ABSDF Column-3 ထံကသိရသည်။ မေလ ၂၅ ရက်နေ့တွင် တောင်ခင်ရန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က မေလ ၂၈...