အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်ထုတ်လုပ်ရေးကို ထပ်မံအရေးယူရန်အတွက် ရုရှားဘဏ်နှစ်ခု၊ မြောက်ကိုရီးယားကုမ္ပဏီတစ်ခုနှင့် လူပုဂ္ဂိုလ်တစ်ဦးကို ပိတ်ဆို့အရေးယူလိုက်ကြောင်း Asahi ShinBum သတင်းဌာနက ဖော်ပြ ခဲ့သည်။
မြောက်ကိုရီးယားနိုင်၏ လက်နက်ထုတ်လုပ်ရေးအစီအစဉ်များကို ဟန့်တားသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုဘက်က ပစ်မှတ် ထားခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့်နျူလက်နက်ထုတ်လုပ်ရေးများတွင် ကူညီပါဝင်ပတ်သက်နေသူများကို ယခုလို ပိတ်ဆို့ အရေးယူ လိုက်ခြင်း ဖြစ်သည်။
ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုများ ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံအတွက် ထိုသို့ ပိတ်ဆို့အရေးယူမှုများသည် ဖိအား ဖြစ်စေခဲ့ကြောင်းလည်း Asahi ShinBum သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုအပေါ် ကုလသမဂ္ဂ၏ ထပ်မံပိတ်ဆို့အရေးယူမှုများကို တရုတ်နိုင်ငံနှင့် ရုရှား နိုင်ငံတို့က ဗီတိုအာဏာအသုံးပြုပြီး တွန်းအားပေးခဲ့၍ တစ်ရက်အကြာတွင် အမေရိကန်ပြည်ထောင်စု၏ ယခုလို လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံအတွက် ပံ့ပိုးပေးသည့် Air Koryo Trading ၊ Far Eastern Bank၊ Bank Sputnik နှင့် မြောက်ကိုရီးယား ဒုတိယ သဘာဝသိပ္ပံအကယ်ဒမီ (SANS) လက်အောက်ခံ အဖွဲ့အစည်းတစ်ခု၏ ဘီလာရုစ်အခြေစိုက် ကိုယ်စားလှယ် ဂျောင်ယွန်နမ်းတို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။