• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
16 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ကျောင်းမအပ်သည့် မိဘများကို အကြမ်းဖက်စစ်ကောင်စီမှ အရေးယူမည်ဆိုသည့် သတင်းထွက်ပေါ်မှုကြောင့် ကျောင်းအပ်သူများပြားနေ

MPA by MPA
May 28, 2022
in Human Right Violations, သတင်း
0
0
Share on FacebookShare on Twitter
By MPA 001
ကျောင်းမအပ်သည့် မိဘများကို အကြမ်းဖက်စစ်ကောင်စီမှ အရေးယူမည်ဆိုသည့် သတင်းထွက်ပေါ်မှုကြောင့် ကျောင်းအပ်သူ များပြား နေကြောင်း ရန်ကုန်မြို့နေ ကျောင်းသားမိဘများကပြောသည်။
“ကျောင်းမတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေစာရင်းကို ရပ်ကွက်အုပ်ချုပ်မှုးရုံးကနေ စာရင်းကောက်ပေးဖို့ စစ်ခွေးတွေ လာပြောသွားတယ်။ ဒီကာလကြီးထဲ မနည်းရုန်းကန်နေရတာဆိုတော့ လက်နက်ရှိတဲ့သူတို့ကို ကြောက်ရတာပေါ့ ” ဟု ရန်ကုန်မြို့နေ ကျောင်းသားမိဘတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ရက်နေ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမဆုံးစတင်ကျောင်းအပ်နှံသည့်နေ့ဖြစ်ပြီး ယမန်နေ့က ကျောင်းအပ်နှံသူ ၁,၆၁၁,၀၅၁ ဦးရှိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီခန့် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းကျောင်းလာရောက်အပ်နှံသူများကို အကြမ်းဖက်စစ်ကောင်စီခန့် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သည့် စာရေး ကိရိယာများ နှင့် ကျောင်းသုံးစာအုပ်များကို ပေးအပ်ခဲ့ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီခန့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနကပြောသည်။
ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းမအပ်နှံသည့် မိဘများကို အရေးယူမည်ဆိုသည့် သတင်းကို အကြမ်းဖက် စစ်ကောင်စီမှ အတိအလင်း မကြေညာသော်လည်း သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ Non-CDMဆရာ၊ ဆရာမများထံ အကြောင်းအကြားသတိပေး ခြိမ်းခြောက်ထားပြီးဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်မှ MPA သို့ သတင်းပေး ပြောကြားခဲ့သည်။
“သတင်းကသေချာတယ်။ အလုံမြို့မရဲစခန်းကို ဗိုလ်ကြီးအဆင့်ရှိတဲ့ကောင်ကိုယ်တိုင် ကျောင်းမအပ်တဲ့ ကလေးတွေ စာရင်း ယူခိုင်းထားတာ။ သတင်းက ရန်ကုန်တစ်မြို့လုံးပျံ့နေတာ။ တချို့ကလဲ ကြောက်တော့ ကျောင်းအပ်တယ်။ မအပ်တဲ့ မိဘတွေလည်း ရှိတယ်။ ပြေလည်တဲ့သူတွေကတော့ ကျောင်းထုတ်ပြီး ပုဂ္ဂိလကကျောင်းထားတာမျိုးရှိတယ် ”ဟု ကျောင်းသားမိဘတစ်ဦးမှ ရှင်းပြသည်။
အထက်ပါ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေသည့်ကြားက ကျောင်းမအပ်သည့် မိဘများ နှင့် ကျောင်းထုတ်ကာ ပုဂ္ဂလိကကျောင်းထားသည့် မိဘများလည်းရှိကြောင်း အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်။
“တစ်နိုင်ငံလုံးနဲ့ယှဉ်ရင်တော့ ကိန်းဂဏန်းများတာပေါ့။ တချို့မြို့နယ်တွေမှာတော့ အရင်လိုပဲ အပ်တဲ့သူတောင်သိပ်မရှိဘူး။ ဒီနှစ်မှာ ထူးခြားတာဆိုလို့ ကျောင်းထုတ်တဲ့ မိဘတွေသိသိသာသာများလာတာပဲ ” ဟု အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်။
လက်ရှိမှာ စစ်ကျွန်ပညာရေးမသင်ကြားလိုသည့်မိဘများအနေနှင့် မိမိရင်သွေးငယ်များကို ကျောင်းထုတ်ပြီး ပုဂ္ဂလိကကျောင်းများတွင် အပ်နှံလာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မတရားရန်ရှာမှုကို ကြောက်လန့်နေရသည့် မိဘများအနေနှင့် ဝင်ငွေအပေါ်တွက်ချက်ကာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများသို့ အပ်နှံနေကြောင်းနှင့် စစ်ကျွန်ပညာရေးအလိုမရှိဆိုကာ ကျောင်းမအပ်သည့် မိဘများလည်းရှိကြောင်း စုံစမ်းသိရသည်။
#စစ်ကျွန်ပညာရေး#ကျောင်းအပ်နှံ#စစ်ကောင်စီခြိမ်းခြောက်#MPA
Tags: School EnrollTerroristSAC Educationthreats
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

Human Right Violations

အကြမ်းဖက်စစ်ကောင်စီက ရေငုပ်သင်္ဘောထုတ်ပြပြီး ရခိုင်ပြည်သူများအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်

Jun 1, 2022

                                         ဓာတ်ပုံ-အကြမ်းဖက်စစ်တပ်၏ ရေတပ်သင်္ဘောတချို့ကို ကုလားတန်မြစ်အတွင်းတွေ့ရစဥ်/ MPA By MPA ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား စစ်ရေးတင်းမာနေသည့် ရခိုင်တွင် အာဏာသိမ်းစစ်တပ်က ရေငုပ် သင်္ဘော ထုတ်ပြလာပြီး သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ကာ ရခိုင်ပြည်သူများအား ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက...

Read more
by ကောင်းဇော်ဟိန်း
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In