• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
22 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

” စုရွေးလွှတ် ပေါ်လစီနဲ့ပဲ တော်လှန်ရေးထဲ ဝင်ကြမယ် ဆိုရင်တော့ အခုလက်ရှိ ရှိနေတဲ့ ဖက်ဒရယ် ချာတာကိုလည်း ဆန့်ကျင်ရာရောက်တယ်။ ” မလွေပိုးငယ် NUCC ကိုယ်စားလှယ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)

ကောင်းဇော်ဟိန်း by ကောင်းဇော်ဟိန်း
May 24, 2022
in သတင်း, အင်တာဗျူး
0
0
Share on FacebookShare on Twitter
By MPA ( အင်တာဗျူး)
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ် တက်ရောက်ခြင်း မရှိတော့ဘဲ မိတ်ဖက်အဖွဲ့အစည်းအဖြစ်သာရပ်တည်တော့မည့် သတင်းများနှင့်ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) မှ NUCC ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်နေသည့် မလွေပိုးငယ် နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထွက်သွားပြီ ဆိုတာနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ။
ဖြေ။ ။ ။ NUCC ရဲ့ သဘောထားကတော့ ရှိနေတဲ့ အဖွဲ့အစည်းတွေ အားလျော့သွားတဲ့ဟာမျိုးလည်း မလိုချင်သလို၊ မပါဝင်သေးတဲ့ အဖွဲ့အစည်းအသစ်တွေကိုလည်း စည်းရုံးသွားမယ်ဆိုတဲ့ မူ၊ ပေါ်လစီက ရှိထားပြီးသား။ ဒါပေမယ့်လို့ NLD က ရပ်နားခြင်း၊ မရပ်နားခြင်းသည် သူ့သဘောထားဖြစ်တယ်။
ဒါပေမယ့်လို့ ကျွန်မတို့ရဲ့ သဘောထား မှတ်ချက်ကတော့ WLB  အနေနဲ့ဆိုရင် NLD မပါခြင်း အတွက်က ကောင်းတဲ့အလားအလာ မဟုတ်ဘူးလို့တော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာက NLD ဟာ ဟိုးအရင်ကတည်းက ဒီမိုကရေစီ ပါတီကြီးတစ်ခုလို Image ရှိခဲ့တဲ့ ပါတီကြီး တစ်ခုဖြစ်တယ်။ ပြီးတော့ ၂၀၂၀ မှာလည်းပဲ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီကြီးတစ်ခုဖြစ်တယ်။ သို့ပင်မယ့်လို့ ယနေ့အချိန်မှာ ဘယ်လိုကြောင့် သူတို့ ရပ်နားသွားလဲ၊ နောက်တစ်ခုက တကယ်ပဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ပြီးတော့မှ ဖက်ဒရယ်ကို အကောင်အထည် မဖော်ချင်တာလားဆိုတာ သံသယ ဖြစ်မိတယ်။
အဲ့ဒါကြောင့်မို့လို့လည်း သူတို့က ဖက်ဒရယ်အပေါ်မှာ ယုံကြည်မှု မရှိလို့ မပါတာလားဆိုတာ မေးခွန်းမေးစရာ ဖြစ်တယ်။ အားလုံး Research ထွက်လာတဲ့ Paper ပေါ်မှာ အခြေခံပြီး ကြည့်မယ်ဆိုရင် စု ရွေး လွှတ် ပေါ်လစီကိုပဲ ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ လုံးဝ ဒီအခု ကျွန်မတို့ အကောင်အထည်ဖော်နေတဲ့ ဖက်ဒရယ်ချာတာနဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ NLD က NUCC ထဲမှာ ပါခြင်း၊ မပါခြင်းသည် သူတို့ရဲ့ သဘာထား နိုင်ငံရေး စိတ်ဆန္ဒအမှန်နဲ့ သက်ဆိုင်လိမ့်မယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ သူတို့ ရပ်နား၏ မရပ်နား၏ ဆိုတဲ့ဟာကတော့ သူတို့ သဘောထားဖြစ်တယ်။
ဒါပေမယ့်လို့ ကျွန်မတို့အနေနဲ့ကတော့ NUCC ကနေ နုတ်ထွက်တာမျိုး၊ ထွက်သွားတာမျိုးကတော့ မဖြစ်စေလိုဘူးပေါ့နော်။ တကယ်ဆိုလို့ရှိရင် ဒီထက်မက နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ ပါရမှာ ဖြစ်သလို NLD လည်း ပါရမှာ ဖြစ်တယ်။
မေး။ ။ NLD အနေနဲ့ NUCC က မထွက်ဘူးလည်း ပြောတယ်။ ထွက်တယ်လို့လည်း ပြောတယ်။ ဘယ်ဟာက အမှန်လဲ။
ဖြေ။ ။ ကျွန်မကတော့ အမှန်အတိုင်းပဲ ပြောတတ်တယ်။ ဦးအောင်ကြည်ညွန့်က အင်တာဗျူးတဲ့အခါမှာ အားလုံးတွေ့မှာပဲ။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကပဲ NLD ကို ကိုယ်စားပြုနေ သလိုလို၊ CRPH က CRPH ပဲ ပြောသလိုလို။ ဘယ်ဟာကို ယုံကြည်ရမလဲဆိုတာက ကျွန်မတို့ အချင်းချင်း ကြားထဲမှာ ရှင်းထုတ်နေရတဲ့ ကိစ္စဖြစ်တယ်ပေါ့နော်။
ဒါပေမယ့်လို့ သူတို့ရဲ့ ကိုယ်စားလှယ်တွေက ညီလာခံ ပြီးတဲ့နောက်မှာ လုံးဝကို NUCC မီတင်တွေကို မ Joint တာတော့ အမှန်ပဲ။ တရားဝင်စာပို့ပြီးတော့မှ နုတ်ထွက်ပါတယ် ဆိုတာမျိုးတော့ ယနေ့အချိန်အထိ မရှိသေးဘူး။ ပြီးတော့ ကိုယ်စားလှယ်ကိုတော့ မစေလွှတ်တော့ဘူး။ ကိုယ်စားလှယ်တွေလည်း မပါတော့ဘူး။
အဲ့ဒီလိုမျိုးဖြစ်တဲ့ အတွက်ကြောင့် NUCC ကနေ Delegation ဖွဲ့ပြီးတော့မှ သူတို့နဲ့ တွေ့ဆုံနိုင်မယ့် ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပါတယ်။ အဲ့ဒီ ကိုယ်စားလှယ်တွေ သွားတွေ့ပြီးတော့မှ ထွက်ရှိချက်ကတော့ NLD အနေနဲ့က NUCC ကို မဟာမိတ် အနေနဲ့ပဲ ပူးပေါင်းသွားမယ် ဆိုတာမျိုးကို အကြောင်းပြန်လာတာ ကျွန်မတို့ တွေ့ရတယ်။
ကျွန်မတို့ NUCC အတွင်းထဲမှာ ဖလှယ်တာကို တွေ့ရတယ်ဆိုတော့ မရှင်းဘူးပေါ့နော်။ သူတို့က ဆက်ပါဦး မလား၊ မပါဘူးလား ဆိုတဲ့ဟာက ကျွန်မတို့ ကိုယ်တိုင်လည်း မသိဘူး။ ဒါပေမယ့် အမှန်တိုင်းကတော့ People Assembly (ပြည်သူ့ ညီလာခံ) ပြီးကတည်းက အစည်းအဝေးတွေထဲမှာ မတက်ရောက်တော့ပါဘူး။ အဲ့ဒါတော့ အမှန်တရားပဲ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ ဘာကြောင့်လဲ ဘယ်လိုဖြစ်လဲ ဆိုတာတော့ ကာယကံရှင်ဖြစ်တဲ့ NLD ပါတီကိုပဲ မေးရင် ပိုပြီးကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
မေး။ ။ ကိုယ်စားလှယ်ပေးမှုကို ရုပ်သိမ်းပြီးတော့ မဟာမိတ်အနေနဲ့ပဲ ဆက်ဆံတယ်ဆိုတဲ့ သဘောပေါ့နော်။
ဖြေ။ ။ အတိအကျပြောရမယ်ဆိုရင်။ မဟာမိတ်အဖြစ် ဆက်ဆံမယ်ဆိုရင်လည်း ဘယ်လို မဟာမိတ်လဲဆိုတာ မေးခွန်း မေးစရာဖြစ်တယ်။ ကျွန်မကိုယ်တိုင်လည်း မရှင်းဘူး။ ဘယ်လို မဟာမိတ်မျိုးကို ပြောချင်တာလဲ။ ဘယ်လို ဆက်ဆံရေးမျိုးကို တည်ဆောက် ချင်တာလဲ ဆိုတာကိုတော့ ကျွန်မကိုယ်တိုင်လည်း မသိပါဘူး။
မေး။ ။ CRPH က NUCC ထဲမှာ ဘယ်လို ကိုယ်စားပြုပါတာလဲ။
ဖြေ။ ။ CRPH ကတော့ သူတို့ပြောတာတော့ CRPH က ကိုယ်စားလှယ်တွေက NLD ပါတီအနေနဲ့ ပါတာ မဟုတ်ဘူး။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အနေနဲ့ ပါတာဖြစ်တယ် ဆိုတာကိုတော့ ကျွန်မတို့ NUCC မှာ သိရှိရပါတယ်။
မေး။ ။ အခုပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ NUCC မှာ NLD ထွက်တယ်၊ မထွက်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး တခြားပြောချင်တာ ဘာရှိမလဲ။
ဖြေ။ ။ ကျွန်မပြောချင်တာက အထူးသဖြင့် ပြည်သူလူထုတွေကြားထဲမှာ စုရွေးလွှတ်ကို ဝန်းရံရမယ်လို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုပဲ လက်ဆုပ်ကိုင်ပြီးတော့မှ NLD အာဏာရရေးတွေ လုပ်ရမယ်ဆိုတဲ့ ဟာမျိုးတွေက တချို့သော လူထုအလွှာကြားထဲမှာ ပျံ့နှံ့နေတဲ့ဟာတွေတော့ ရှိနိုင်တယ်ပေါ့နော်။
ဒါပေမယ့်လို့ ကျွန်မတို့က ၂၀၀၈ ဖွဲ့စည်းပုံ ရပ်သွားပြီ ၂၀၀၈ ကို မလိုချင်လို့ ဖက်ဒရယ်ကို တည်ဆောက်ချင်လို့ တော်လှန်ရေး လမ်းသစ်ကို ကျွန်မတို့ လျှောက်ခဲ့ကြတာပေါ့။ ဆိုတော့ ၂၀၀၈ ကို ပြန်သယ်လာတဲ့ ခြေလှမ်းမျိုး အပေါက်မျိုးဆိုရင်တော့ ကျွန်မတို့အနေနဲ့က လုံးဝ လက်ခံမှာ မဟုတ်ဘူး။
ဆက်ပြီးတော့မှ တော်လှန်သွားရမှာဖြစ်တယ်။ ကျွန်မတို့ တည်ဆောက်ချင်တာက ဖက်ဒရယ်ကို တည်ဆောက်ချင်တာ ဖြစ်တဲ့အတွက် စုရွေးလွှတ် ပေါ်လစီနဲ့ပဲ တော်လှန်ရေးထဲ ဝင်ကြမယ် ဆိုရင်တော့ အခုလက်ရှိ ရှိနေတဲ့ ဖက်ဒရယ်ချာတာကိုလည်း ဆန့်ကျင်ရာ ရောက်တယ်။ ပြီးရင် ချမှတ်ထားတဲ့ ဖက်ဒရယ်မူ ပေါ်လစီကိုလည်း ဆန့်ကျင်တာဖြစ်တယ်။
အဲ့ဒီလိုမျိုး ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွက် ပြည်သူလူထု အနေနဲ့လည်း ကျွန်မပြောချင်တာက အထူးသဖြင့် လူငယ်တွေပေါ့။
ဘာကြောင့် တော်လှန်ရေးထဲကို ဝင်တာလဲ။ ဘာကြောင့်တောထဲကို ဝင်သွားသလဲ ဘာကြောင့် PDF လုပ်နေရသလဲ။ ဘာကြောင့် ကျွန်မတို့ အသက်သွေးချွေးတွေကို စတေးခံပြီးတော့မှ လုပ်နေရသလဲ ဆိုတာ တော်လှန်ရေးပန်းတိုင် ရှင်းဖို့တော့ လိုတယ်။ ကျွန်မတို့ရဲ့ တော်လှန်ရေး ပန်းတိုင်သည် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ပြီးတော့မှ တိုင်းရင်းသား တန်းတူရေးကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် တော်လှန်တာ ဖြစ်တယ်။
ကျွန်မတို့အတွက်တော့ ရှင်းတယ်။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီလိုမျိုး ကျွန်မတို့ သွားချင်တဲ့ တော်လှန်ရေး ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် အဟန့်အတားဖြစ်တယ် ဆိုလို့ရှိရင်တော့ ဆက်လက်ပြီးတော့မှ တော်လှန်နေရဦးမှာပဲ။
မေး။ ။ NUCC က ဘာတွေလုပ်နေလဲ။ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာကို ပြည်သူက မသိဘူး။ ညီလာခံပြီး ကတည်းက ပျောက်သွားလိုက်နဲ့ ပြောလို့ရသလောက် အကြမ်းဖျင်း ပြောပြပေးလို့ ရပါသလား။
ဖြေ။ ။ NUCC အနေနဲ့ကတော့ အဓိကက အခုလောလောဆယ်မှာ ဖက်ဒရယ်ချာတာက အားလုံးသိတဲ့ အတိုင်းပဲ။ နိုင်ငံရေး လမ်းပြမြေပုံကတော့ ရှင်းသလိုလို ရှိပေမယ့်လည်း နည်းနည်းရှုပ်တဲ့ဟာတွေ ရှိတဲ့ အခါကျတော့ အရင်တုန်းက ၈ ချက် ရှိခဲ့တယ်ပေါ့နော်။ ဒါပေမယ့် အခု ပြန်ပြင်လိုက်တော့ ၁၂ ချက် ရှိလာတယ်။
အဓိကအားဖြင့် Transitional justice (အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု) ကိစ္စတွေရော ထည့်ထားသလို ဒီဖက်ဒရယ် အခြေခံမူတွေနဲ့ ပတ်သက်ပြီးတော့မှ အထူးသဖြင့် NUCC ရဲ့ Mandate က ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး အတွက် လုပ်ဆောင်ဖို့ တာဝန်ရှိတာဖြစ်တဲ့ အတွက် NUCC ရဲ့ Mandate က ရှိတယ်။
နောက်တဖက်မှာကျတော့ NUCC က မူ၊ ပေါ်လစီပိုင်းတွေနဲ့ ပတ်သက်ပြီးတော့မှ NUG နဲ့ CRPH ကို Political Guiding ပေးနိုင်ဖို့ အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဆိုတော့ အဖွဲ့အစည်း ဘာလုပ်နေလဲ။ ဘယ်လိုတွေဖြစ်နေလဲ ဆိုတော့ လောလောဆယ်မှာ ဒီဖက်ဒရယ်ချာတာတွေကို ရီဗျူးလုပ်ပြီးပြီ။
ရီဗျူး လုပ်ပြီးတဲ့ ကာလမှာ ဒီ Strategy ကို ဆွဲနေတဲ့ ကာလမှာ ရှိနေတဲ့ အနေအထားမှာ ရှိတာပေါ့နော်။ ဆိုတော့ လက်တွေ့မှာ ချပြဖို့တော့ နည်းနည်း ခက်တဲ့ အနေအထားမှာရှိတယ်။
သို့ပေမယ့်လို့ NUG တို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို တကယ်ရော ထိထိရောက်ရောက် Guiding လုပ်နိုင်လား ဆိုတာတော့ ပြောရ အရမ်းခက်ပါတယ်။ အမှန်တိုင်းပြောရမယ် ဆိုရင် အဲ့ဒီလောက်ထိ မလုပ်နိုင်သေးဘူး။ အဲ့ဒါကိုတော့ တွေ့မြင်နေရပါတယ်။
NUCC က အွန်လိုင်းမှာပဲ အစည်းအဝေးတွေပဲ လုပ်နေတယ်ပေါ့။ အစည်းအဝေးတွေနဲ့ပဲ အလုပ်တွေ ရှုပ်နေတယ်ပေါ့။ တဖက်မှာ ကြည့်မယ်ဆိုရင်လည်း မှန်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ပြန်ကြည့်ပြန်တော့ မူ၊ ပေါ်လစီတွေကိုက အစည်းအဝေးမထိုင်ဘဲ မညှိနှိုင်းဘဲ မရနိုင်ဘူးပေါ့နော်။ မူ၊ ပေါ်လစီတွေကို ချမှတ်နိုင်ဖို့ အတွက် လုပ်ဆောင်ဖို့က အရေးကြီးတယ်။ ဒါပေမယ့်လို့ ပြည်သူလူထုတွေကို ချပြမယ့် ပလက်ဖောင်းတော့ လိုတယ်။
အခုဆိုလို့ရှိရင် ဖက်ဒရယ်ချာတာကို ကျွန်မတို့ ပြည်သူလူထုတွေက ဖတ်ရကောင်း ဖတ်ရလိမ့်မယ်။ ဒါပေမယ့်လို့ တချို့ကျတော့ ဥပဒေစကားတွေ ဖြစ်တဲ့အခါမှာ ဘယ်အပိုဒ်က ဘာကိုဆိုလိုလဲ၊ ဘယ်အပိုဒ် ကတော့ ဘယ်လိုဆိုလိုလဲ။ ဖက်ဒရယ်ကို ဘယ်လို တည်ဆောက်ဖို့အတွက် ဒီချာတာက အရေးကြီးသလဲ အစရှိသဖြင့် အဲ့ဒီလို ရှင်းလင်းချက်တွေကို ကျွန်မတို့ ပြည်သူလူထုကို ချပြနိုင်တဲ့အနေအထားမှာ မရှိဘူး။
သုံးမယ့် ဆိုရှယ်ပလက်ဖောင်းတွေက အစ ငြင်းရခုန်ရတာနဲ့ အချိန်ကုန်သွားတဲ့ ကိစ္စတွေ အများရှိတယ်ပေါ့နော်။ အဲ့ဒီလို ဆိုရှယ်မီဒီယာတွေကို ကျွန်မတို့ အားပြုပြီးတော့မှ အသုံးမပြုဘူးဆိုရင် ဘာကို သွားအသုံးပြုမလဲပေါ့။ ပြည်သူလူထုကို ဒီလို နိုင်ငံရေးအကျပ်အတည်းကာလမှာ ချပြဖို့ဆိုတာ ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုကို အသုံးချမယ်ဆိုရင် ကျွန်မတို့ ပေးချင်တဲ့ မက်ဆေ့ချ်တွေက ပြည်သူလူထုဆီကို ရောက်သွားလိမ့်လို့တော့ ကျွန်မတို့ မျှော်လင့်ပါတယ်။
ကြားထဲမှာတော့ NUCC နှောင့်နှေးနေတဲ့ အပိုင်းတွေက အများကြီး ရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း အားမရတဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ်။
မေး။ ။ NUCC က ပြည်သူလူထုနဲ့ ချိတ်ဆက်မယ့် မီဒီယာ ပလက်ဖောင်းတစ်ခု လုပ်နေတယ် ဆိုတော့ ဘယ်တော့လောက် ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ NUCC က အခုလောလောဆယ်မှာ သဘောထား အားလုံးကျသွားတာပေါ့၊ ဝက်ဘ်ဆိုက် လုပ်နေတဲ့အ နေအထားမှာ ရှိပါတယ်။ ဒါပေမယ့်လို့ ကျွန်မတို့နိုင်ငံမှာက Facebook အများဆုံး သုံးတဲ့ ပြည်သူလူထု ရှိတာပေါ့နော်။ ဆိုတော့ Facebook ကို NUCC ရဲ့ Page ထောင်လိုက်ဖို့ အတွက် ကျွန်မတို့ ဆွေးနွေးနေ ပါတယ်။ အဲ့ဒါကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်။
မေး။ ။ ပြည်သူတွေကိုရော NUCC ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့က တာဝန်တွေ အရမ်းကျေပွန်ပါတယ်။ အဖက်ဖက်ကနေ ပါဝင်ပြီးတော့မှ တော်လှန်ရေးထဲမှာ ပူးပေါင်းပါဝင်ခဲ့ကြလို့ပေါ့။ တိုက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။ အသက်ဘေးအန္တရာယ်တွေ ကြုံရပေမယ့်လည်း ယနေ့အချိန်ထိ ပါဝင်ပူးပေါင်းပေးနေတာကို ကျွန်မတို့ တွေ့ရတယ်။
ဆိုတော့ ကျွန်မတို့ရဲ့ အိပ်မက်ဖြစ်တဲ့ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကျွန်မတို့ အမျိုးသမီးတွေ ဆိုလို့ ရှိရင်လည်း ပုံစံခွက်ထဲမှာ သွင်းနေတဲ့ လူမှုအသိုင်းအဝိုင်းတွေ ပပျောက်နိုင်အောင် အဲဒီလိုမျိုး ခွဲခြား ဆက်ဆံမှုတွေ မရှိအောင် ကျွန်မတို့က ဖက်ဒရယ်ပြည်ထောင်စု ဒါမှမဟုတ် ငြိမ်းချမ်းတဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးတော့ ငြိမ်းချမ်းတဲ့ Society တစ်ခုကို တည်ဆောက်နိုင်မှသာလျှင် ကျွန်မတို့က တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရလွယ်မှာဖြစ်တယ်။
အဲဒီအတွက်ကြောင့် ကျွန်မတို့လိုချင်တဲ့ ကျွန်မတို့ရဲ့ တော်လှန်ရေးပန်းတိုင်ကို မမေ့ဖို့တော့ လိုအပ်ပါတယ်လို့။ ဖက်ဒရယ် ဖက်ဒရယ်လို့ ပါးစပ်ကနေပဲ ပြောတမျိုး မဟုတ်ဘဲနဲ့ တကယ့် လက်တွေ့မှာလည်း အကောင်အထည် ဖော်ဖို့အတွက် တွန်းအားပေးတာမျိုးကို ပိုပြီးတော့မှ လုပ်စေလိုပါတယ်။ ပါဝင်ပူးပေါင်းစေလို ပါတယ်။
အခုဆိုလို့ရှိရင် ဘာပဲပြောပြော စစ်ကောင်စီက ရွေးကောက်ပွဲတွေ လုပ်ဖို့ ဖိတ်ခေါ်တဲ့ကိစ္စတွေ အများကြီး ရှိတယ်ပေါ့နော်။ ဒါပေမယ့်လို့ ကျွန်မတို့ပြည်သူတွေက ဒါကိုလည်း ဆက်လက်ပြီးတော့မှ တော်လှန်ဖို့ လိုတယ်လို့ ကျွန်မကတော့ ပြောချင်ပါတယ်။ ။
#WLB #MPA #LwayPoeNge #NUCC #NLD #အင်တာဗျုး #Myanmar
Tags: CRPHInterviewLwayPoeNgeMPAMyanmarNLDNUCCPoliticsWLB
Advertisement Advertisement Advertisement
ADVERTISEMENT
ကောင်းဇော်ဟိန်း

ကောင်းဇော်ဟိန်း

ကောင်းဇော်ဟိန်း သည် အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ ဤဝဘ်ဆိုဒ်အတွက် သတင်းများကို တင်ဆက်ပေးနေသူ ဖြစ်သည်။

ဆက်စပ် သတင်းများ

BCM

ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

Mar 21, 2023
ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

ကျနော်က ရဲအုပ် xxx ပါ ။ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကနေ ၄ရက် ၃လ ၂၀၂၁ မှာ ကျနော် CDM လုပ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ထဲ မရောက်ခင် ၁၀တန်းကျောင်းသားဘဝအထိ ကျနော် ရည်ရွယ်ခဲ့တာက အင်ဂျင်နီယာလိုင်းပါ။...

Read more
by MPA
0 Comments
နိုင်ငံရေး

ကမ္ဘာကြီးက သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူများစွာ ယုံကြည်လာကြောင်း ကုလအထူးကိုယ်စား လှယ်ဆို

Mar 21, 2023
ကမ္ဘာကြီးက သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူများစွာ ယုံကြည်လာကြောင်း ကုလအထူးကိုယ်စား လှယ်ဆို

အခြားသောအရေးကိစ္စများဖြင့် ဗျာများနေသောကမ္ဘာကြီးသည် သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူ များစွာက ယုံကြည်လာကြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မတ်လ၂၀ ရက်နေ့၊...

Read more
by MPA
0 Comments
နိုင်ငံရေး

မြန်မာ့အရေး ဆွေးနွေးမည့် အင်ဒိုနှင့်ထိုင်းခရီးစဉ် ဒဲရစ်ချောလက် စတင်

Mar 20, 2023
မြန်မာ့အရေး ဆွေးနွေးမည့် အင်ဒိုနှင့်ထိုင်းခရီးစဉ် ဒဲရစ်ချောလက် စတင်

မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရစ် ချောလက် အင်ဒိုနီးရှားနှင့်ထိုင်းသို့ ခရီးစဉ် ယနေ့စတင်ပြီဖြစ်သည်။ ဒဲရစ်ချောလက်၏ အင်ဒိုနီးရှားနှင့်ထိုင်းခရီးစဉ်သည် မတ်လ၂၀မှ ၂၄ရက်နေ့အထိဖြစ်ပြီး ယင်း၂နိုင်ငံ ၏ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါ ဆိုးရွားလာနေသည့် မြန်မာ့အကျပ်အတည်း နှင့်ပတ်သက်ပြီး ပြည်သူလိုလားသည့်အဖြေရအောင် ငြိမ်းချမ်းသည့်နည်းဖြင့်...

Read more
by MPA
0 Comments
သတင်း

စစ်တပ် မီးရှို့သဖြင့် ပြာကျသွားသောနေအိမ် ခြောက်သောင်းကျော်ရှိ ရွာမီးရှို့ခြင်းကို မဟာဗျူဟာမြောက် ကျင့်သုံးနေ

Mar 20, 2023
စစ်တပ် မီးရှို့သဖြင့် ပြာကျသွားသောနေအိမ် ခြောက်သောင်းကျော်ရှိ ရွာမီးရှို့ခြင်းကို မဟာဗျူဟာမြောက် ကျင့်သုံးနေ

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့နေအိမ် ခြောက်သောင်းကျော်ရှိပြီဖြစ်ကြောင်း Data for Myanmar က ယနေ့ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း...

Read more
by MPA
0 Comments
သတင်း

ကျဆုံးသွားသူများနှင့် တိုက်ပွဲဝင် PDF များကို ကိုယ်ချင်းစာ၊ စစ်ကောင်စီသင်္ကြန်အား ငြင်းဆန်ကြရန် တောင်းဆို

Mar 20, 2023
ကျဆုံးသွားသူများနှင့် တိုက်ပွဲဝင် PDF များကို ကိုယ်ချင်းစာ၊ စစ်ကောင်စီသင်္ကြန်အား ငြင်းဆန်ကြရန် တောင်းဆို

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများနှင့် တိုက်ပွဲဝင်နေသည့် PDF ရဲဘော်များကို ကိုယ်ချင်းစာသည့်အနေဖြင့် စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်တွင် မပါဝင်ကြရန် တန့်ဆည်သပိတ် အင် အားစုက တောင်းဆိုလိုက်သည်။ ယနေ့နံနက်ပိုင်းတွင် တန့်ဆည်မြို့နယ်အတွင်း တန့်ဆည်ပင်မသပိတ်နှင့် တန့်ဆည်အမျိုးသမီးသပိတ်တို့ပူးပေါင်းကာ အာဏာရှင်...

Read more
by MPA
0 Comments
PDF

ဘီလူးစစ်ကြောင်း သိမ်းပိုက်လိုက်သည့် MBT ဌာနချုပ်ကို မဟာမိတ်များအကူအညီဖြင့် ပြန်လည်ရယူ

Mar 20, 2023
ဘီလူးစစ်ကြောင်း သိမ်းပိုက်လိုက်သည့် MBT ဌာနချုပ်ကို မဟာမိတ်များအကူအညီဖြင့် ပြန်လည်ရယူ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဘီလူးကွန်မန်ဒိုစစ်ကြောင်း စီးနင်းသိမ်းပိုက်လိုက်သော Myingyan Black Tiger တပ်ဖွဲ့ဌာနချုပ်ကို မဟာမိတ်များ အကူအညီဖြင့် ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ဘီလူးကွန်မန်ဒိုစစ်ကြောင်း သိမ်းပိုက်ထားသည့် MBT တပ်ဖွဲ့၏...

Read more
by MPA
0 Comments
PDF

မုံရွာ နမခ ဂိတ် လက်နက်ကြီး ထိမှန်ပြီးနောက် ဓာတုလက်နက်ဖြင့် စစ်ကောင်စီတပ် ပြန်ပစ်ဟုဆို

Mar 20, 2023
မုံရွာ နမခ ဂိတ် လက်နက်ကြီး ထိမှန်ပြီးနောက် ဓာတုလက်နက်ဖြင့် စစ်ကောင်စီတပ် ပြန်ပစ်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က PDF များကို ဓာတု လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်ထားသည်။ မတ်လ ၁၉ ရက် ၊မွန်းလွဲ ၂...

Read more
by MPA
0 Comments
အယ်ဒီတာ့အာဘော်

စစ်ကောင်စီ လည်မျိုပေါ် ရောက်လာသော နောက်ထပ်ကြိုးတစ်ချောင်း

Mar 20, 2023
စစ်ကောင်စီ လည်မျိုပေါ် ရောက်လာသော နောက်ထပ်ကြိုးတစ်ချောင်း

စစ်ကောင်စီ၏ ကြောက်မက်ဖွယ်ရာ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ်၊ စုစုပေါင်းအသတ်ခံရသည့် ပြည်သူ ၇၆၆ ဦး ရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၃ ခုနှစ်၊ မတ်လ ၁၃...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

စစ်တပ်မီးရှို့၍ ပြာကျခဲ့သောရွာမှ ကလေး၂၀၀ကို ပဲနို့နှင့်ဟမ်ဘာဂါ ဒါနပြု

Mar 18, 2023
စစ်တပ်မီးရှို့၍ ပြာကျခဲ့သောရွာမှ ကလေး၂၀၀ကို ပဲနို့နှင့်ဟမ်ဘာဂါ ဒါနပြု

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စစ်တပ် မီးရှို့ခြင်းခံရသော ကျေးရွာမှ ကလေးအယောက် ၂၀၀ ကို အာဟာရဒါနပြုခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ထုတ်ပြန်သည်။ ကလေးငယ်များကို အာဟာရဒါန အဖြစ် ပဲနို့နှင့်ဟမ်ဘာဂါ ကျွေးနိုင်ခဲ့ပြီး ယခုလို လှူုဒါန်းနိုင်ရန် ကူညီပေးသော အနာဂတ်အလင်းတန်းများအဖွဲ့ကို...

Read more
by MPA
0 Comments
PDF

မြိုင် ရေနံမြေ စစ်ကောင်စီစခန်းကို PDF အဖွဲ့ ၃၀ ကျော် ပူးပေါင်းတိုက်၊ စစ်သား ၇ ဦး သေဆုံးပြီး လေကြောင်းပစ်ကူ ၃ ကြိမ်ခေါ်ရ

Mar 18, 2023
မုံရွာလဝကရုံးဟောင်း တိုက်ခိုက်ခံရ၊ Tikk tok ဆော့နေသောစစ်သား၂ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် Well-2 ရေနံမြေက စစ်ကောင်စီစခန်း ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃၀ ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေယာဥ်ပစ်ကူ ၃ ကြိမ်ခေါ် ခဲ့ရကြောင်း သိရသည်။ မတ်လ ၁၇ ရက် နံနက် ၇နာရီ...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (2632) Myanmar (2367) News (1887) military (289) Politics (274) PDF (255) Yangon (225) SAC (192) SagaingRegion (153) RakhineState (122) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (80)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In