အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃၄ ကြိမ်မြောက် အထူးအစည်းအဝေးကို ကြိုဆိုလိုက်ပြီး ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်အတွက် ရှုတ်ချမှုပြုလုပ်လိုက်သည်။
ရုရှားနိုင်ငံသည် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ပြီး ယူကရိန်းနိုင်ငံကို တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အထူးအစည်းအဝေးကျင်းပပြီး ဆွေးနွေးအဖြေရှာခဲ့သည်။
ယူကရိန်းအပေါ် ရုရှားနိုင်ငံ၏ ကျူးကျော်စစ်တွင် ကလေးသူငယ်များအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု အစရှိသည့် စစ်ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်နေသည့် သက်သေများရှိနေသည်။
ထို့ကြောင့် ရုရှားနိုင်ငံ၏ စစ်ရာဇဝတ်မှုများချိုးဖောက်နေမှုကို ရပ်တန့်ရန်နှင့် ရန်လိုမှုကို အဆုံးသတ်ရန် ဆိုသည့် လူ့အခွင့်အရေး ကောင်စီ၏ အလိုရှိချက်အတိုင်း မြန်မာနိုင်ငံကလည်း ရပ်တည်ကြောင်း NUG အစိုးက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အတွက်အကြောင့် ရုရှားနိုင်ငံ၏ ကျူးကျော်စစ်ကို ရှုတ်ချသလို ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း NUG အစိုးရက အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။