ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်များရှိရာနေရာကို မေလ ၁၄ ရက် နံနက် ၉နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လေယာဥ် ဖြင့် လာရောက်လှည့်ပတ်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခြင်းကိုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၁၄ ရက်နေ့တွင် ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်များရှိရာတို့ Mi-35 နှစ်စင်း၊ ရိုးရိုးဖိုက်တာတစ်စင်း စုစုပေါင်း လေယာဥ် ၃ စီးဖြင့်လာရောက်ပစ်ခတ်မှုကြောင့် ရှေရှင်ရွာ ၊ လည်ကြားရွာ ၊ ကုက္ကိုလ်ရွာ နှင့် ရှားတော ရွာရှိပြည်သူများမှာထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
“ သူတို့က ၄၅မိနစ်ကြာပစ်သွားပါတယ် မြစ်သာမြစ်အရှေ့ဖက်းကမ်းရဲ့တောင်ရှေ့မှာရှိတဲ့စစ်ဘေးရှောင်တွေပစ်တာပါ လောလောဆယ်တော့ ထိခိုက်တဲ့သတင်းတွေ မသိရသေးပါဘူး ” ဟု PDF kalay တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ကလေးမြို့တောင်းပိုင်းရှိ ရွာများတွင်ယခုလိုလေယာဥ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သည်မှာ ဒုတိယအကြိမ်မြောက်ရှိပြီးဖြစ်ကြောင်းနှင့် ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်မှာလည်း ၅လခန့်ရှိပြီးဖြစ်ကြောင်းသိရသည်။
“ PDF Kalay တပ်ရင်း (၄) စခန်းနှင့် စစ်ဘေးရှောင်စခန်းများကို တိုက်လေယာဉ် (၂) စီး ၊ Mi35 ယာဉ် ( ၂ ) စီး နဲ့ ထောက်ပို့ ရဟတ်ယာဉ် (၁) စီးနဲ့ နာရီ၀က်ကြာလာပစ်သွားပါတယ်။ မြေပြင်မှာလည်း ထိုးစစ်ဆင်လာပြီး ထိတွေ့ပစ်ခတ်မှု ရှိပါတယ်။နှစ်ဖက် ထိခိုက် ကျဆုံးမသိရသေးပါ။ အင်တာနက်နှင့်ဖုန်းလိုင်း ဖြတ်တောက်ထားပါတယ်။” ဟု PDF Kalayတပ်ဖွဲ့၀င်တစ်ဦးက ဆိုရှယ်မီဒီယာတွင် ရေးတင်ထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေယာဥ်ဗုံးတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များအတွက် မိုးတွင်းရိက္ခာအတွက်သိုလှောင်ထားခြင်းများ ပျက်ဆီးဆုံးရှုံးခဲ့သမျှ အကူအညီများလိုအပ်နေကြောင်း PDF Kalay တပ်ဖွဲ့၀င်တစ်ဦးကဆိုသည်။
ကလေးမြို့ တောင်းပိုင်းရှိတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်မှာ ၄ လပိုင်းပထမ အပတ်တွင် စတင် ဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် တစ်လကိုအနည်းဆုံး တိုက်ပွဲးသုံးကြိမ်ဖြစ်ပေါ်လျှက်ရှိပြီး အဆိုပါ စစ်ပွဲများကြောင့် စစ်ရှောင် ပြည်သူပေါင်း (၅၀၀၀)ကျော်သည် စားဝတ်နေရေး အလွန်ခက်ခဲနေပြီး အမိုးအကာများ၊ ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။