• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
31 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ဂရန်မြေထက် စလစ်မြေက ပိုပြီးအဝယ်လိုက်နေ

ကောင်းဇော်ဟိန်း by ကောင်းဇော်ဟိန်း
May 13, 2022
in စီးပွားရေး, သတင်း
0
0

Photo - HHSRE

Share on FacebookShare on Twitter
                                                                                                Photo – HHSRE
By MPA/007
မြောက်ဒဂုံ၊ ရွှေပြည်သာနှင့်ဆင်ခြေဖုံးမြို့နယ်များတွင် ဂရန်မြေထက် စလစ်မြေက ပိုပြီးအဝယ်လိုက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
“အရင်ကလောက် အိမ်ခြံမြေဈေးကွက်က အရောင်းမသွက်ပေမယ့် အခုလက်ရှိမှာတော့ ပုံမှန်လည်ပတ်နိုင်တယ်လို့ ဆိုရပါမယ်။ အိမ်ခြံမြေ အရောင်းအဝယ်တွေ ဈေးပေါ်မူတည်ကာ အရောင်းအဝယ်လုပ်ကြပါတယ်။ ဈေးတန်တာထက် သိန်းတစ်ထောင် လောက်ခွာပြီး ဈေးခေါ်ထားတာမျိုးတွေလည်း ရှိကြတယ်။ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် ဖြစ်တာကတော့ တိုက်ခန်း အရောင်းအဝယ် အများစုဖြစ်ပါတယ်။ ကျပ်သိန်း ၁၀၀ ကျော်ကနေ သိန်းထောင်ဂဏန်းထိ အရောင်းအဝယ်ဖြစ်နေပါတယ်”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်း ကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်များ ဆက်လက်တည်ငြိမ်နေသည်။
“အခုလက်ရှိက စီးပွားရေးကကျပ်တည်းလာတော့ အရင်က ငွေပိုလို့ဝယ်ထားတဲ့ အိမ်တွေတိုက်ခန်းတွေကို ဈေးသင့်သလောက်နဲ့ ရောင်းပြီး ထက်ဝက်လောက်နဲ့ရတဲ့ အိမ် လေးတွေ ပြန်ဝယ်ထားရတယ်။ ဘဏ်တွေကနေလည်း ငွေထုတ်ရတာ အဆင်မပြေတော့ အခုအခြေအနေကလည်း လက်ထဲမှာ ငွေတွေဆောင်ထားရတာလည်း အဆင်မပြေတော့ ဝယ်ရောင်းပဲလုပ်နေရတယ်။ အခု အခြေအနေမှာက အိမ်တစ်လုံးရောင်းရင် အုပ်ချုပ်ရေးမှူးရုံးမှာ စာချုပ်ချုပ်ရပြီးတော့ ရောင်းရငွေရဲ့၁၀ရာခိုင်နှုန်း လောက်ကို ပေးနေရတယ်။ စီးပွားရေးက ကျပ်တည်းလို့ လက်ထဲငွေမရှိလို့ အိမ်ရောင်းပါတယ်ဆိုမှ ရတဲ့အမြတ်ထဲက ပေးလိုက်ရသလို ဖြစ်နေတာပေါ့”ဟု အိမ်ပိုင်ရှင်တစ်ဉီးက ပြောသည်။
“အခုဆို စီးပွားရေးကလည်း အဆင်မပြေ၊ အလုပ်အကိုင်တွေကလည်း ရှားပါးနေတော့ ကျွန်တော်တို့မှာ အိမ်ပိုင်လေးကိုရောင်းချပြီး ပြန်ဝယ်ဖို့လည်း ငွေအားကမနိုင်တော့ အိမ်ငှားဘဝကို ရောက်နေရတယ်။ အခုလက်ရှိအခြေအနေကလည်း စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဘယ်လိုမှအဆင်မပြေနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်”ဟု အိမ်ရောင်းလိုက်သူတစ်ဦးက ပြောပါသည်။
တိုက်ခန်းဈေးကွက်တွင် ယခင်ကဲ့သို့ ကြိုပွိုင့်ဝယ်ယူမှုများ အဆင်မပြေရှိလာပြီး နားလည်သဘောတူညီမှုနှင့် စာချုပ် ချုပ်ဆိုကာ အရစ်ကျပေးချေမှု ပြုလုပ်လာကြတာမျိုးများလည်း ရှိနေသည်။ တိုက်ခန်းအရောင်းအဝယ်ဈေး မြင့်တက်နေပြီး လုံးချင်းအိမ်များ ရောင်းဝယ်မှုများသည်လည်း အုပ်ချုပ်ရေးမှူးရုံးကို ပေးနေရခြင်းနှင့် အဆင်မပြေမှုများ ဖြစ်နေသည်ဟု စုံစမ်းသိရှိရည်။
#အိမ်ခြံမြေ #ဈေးကွက် #MPA
Tags: marketingMPAPeoplereal estateYangon
Advertisement Advertisement Advertisement
ADVERTISEMENT
ကောင်းဇော်ဟိန်း

ကောင်းဇော်ဟိန်း

ကောင်းဇော်ဟိန်း သည် အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ ဤဝဘ်ဆိုဒ်အတွက် သတင်းများကို တင်ဆက်ပေးနေသူ ဖြစ်သည်။

ဆက်စပ် သတင်းများ

သတင်း

စစ်ကောင်စီ၏ စောင်နီလေးတစ်ထည် ဝါဒဖြန့် ဇာတ်ကားအပေါ် ကချင်လူထုဘက်မှ ဝေဖန်ရှုတ်ချမှုများရှိ

Mar 31, 2023
စစ်ကောင်စီ၏ စောင်နီလေးတစ်ထည် ဝါဒဖြန့် ဇာတ်ကားအပေါ် ကချင်လူထုဘက်မှ ဝေဖန်ရှုတ်ချမှုများရှိ

စစ်‌ကောင်စီက တပ်မတော်နေ့ကို ဂုဏ်ပြုသော စောင်နီလေးတစ်ထည် ဇာတ်ကားသည် သမိုင်းတု သမိုင်းမှားများ တင်သွင်းပေးခြင်းဖြင့် ဝါဒဖြ‌န့်ကာ ကချင်တိုင်းရင်းသားများကို လူမျိုးရေး မုန်းတီးမှုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ကချင်နိုင်ငံရေးတက်ကြွလူငယ် တစ်ဦးထံမှ သိရသည်။ "စစ်ကောင်စီက သူတို့...

Read more
by MPA
0 Comments
သတင်း

Project Dragon Fly မှ ရသည့် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ကို လေကြောင်းရန် ကာကွယ်ရေးကဏ္ဍများအတွက် သုံးစွဲနေဟု NUG ကာကွယ်ရေးဝန်ကြီးဌာနအသိပေး

Mar 31, 2023
Project Dragon Fly မှ ရသည့် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ကို လေကြောင်းရန် ကာကွယ်ရေးကဏ္ဍများအတွက် သုံးစွဲနေဟု NUG ကာကွယ်ရေးဝန်ကြီးဌာနအသိပေး

Project Dragon Fly အစီစဉ်မှ ရရှိလာသည့် အမေရိကန်ဒေါ်လာနှစ်သန်းကျော်ကို လေကြောင်းရန်ကာကွယ်ရေးနှင့် တန်ပြန်လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍများတွင် သုံးစွဲနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်အသိပေးသည်။ လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက်...

Read more
by MPA
0 Comments
သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာမှ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့မှုအပေါ် ICNCC ကောင်စီက ပြစ်တင်ရှုတ်ချ

Mar 31, 2023
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာမှ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့မှုအပေါ် ICNCC ကောင်စီက ပြစ်တင်ရှုတ်ချ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကို ယမန်နေ့က စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပေါ် ICNCC ကောင်စီက ပြစ်တင်ရှုတ်ချလိုက်သည်။ စစ်ကောင်စီသည်...

Read more
by MPA
0 Comments
PDF

မည်သည့် ဒရုန်းမှလာမရဟု ကြွေးကြော်ထားသော သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲ

Mar 31, 2023
မည်သည့် ဒရုန်းမှလာမရဟု ကြွေးကြော်ထားသော သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲ

မည်သည့် ဒရုန်းမှလာမရဟု ကြွေးကြော်ထားသည့် မြဝတီမြို့နယ်အတွင်းရှိ သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ရဲစခန်းကို ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မတ်လ ၃၀ရက်နေ့၊မနက်ပိုင်းက သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို Federal Wingsတပ်ဖွဲ့က ပျံသန်းမှု ၃ ကြိမ်ပြုလုပ်ကာ ဗုံး ၆လုံးကြဲချခဲ့ကြောင်း...

Read more
by MPA
0 Comments
သတင်း

မိုးကုတ်-မိုင်းလုံလမ်းတွင် ဆန်သယ်ယူလာသောကားများကို စစ်ကောင်စီတပ် လယ်ကြီးဂိတ်က ပိုက်ဆံတောင်း

Mar 31, 2023
မိုးကုတ်-မိုင်းလုံလမ်းတွင် ဆန်သယ်ယူလာသောကားများကို စစ်ကောင်စီတပ် လယ်ကြီးဂိတ်က ပိုက်ဆံတောင်း

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းသို့ ဆန်သယ်ယူလာသော ကားများကို စစ်ကောင်စီတပ် လယ်ကြီးဂိတ်မှ ပိုက်ဆံတောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ''တိုက်ပွဲတွေဖြစ်တုန်းကဆို မိုးကုတ်ကနေ ဆန်တင်လာရင် လုံးဝ ပေးမတင်ဘူး။ အကုန်သိမ်းပစ်တာ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကို ထောက်ပံ့မှာ ဆိုးနေတာ''ဟု...

Read more
by MPA
0 Comments
PDF

ဇီးဖြူကုန်းပျူရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီစခန်း တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ခံရ

Mar 31, 2023
ဇီးဖြူကုန်းပျူရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီစခန်း တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉ (Pale Jokers PDF) က မတ်လ ၂၇ ရက်နေ့၊ ညနေ ၆ နာရီ ၁၃ မိနစ်တွင်...

Read more
by MPA
0 Comments
PDF

ကနီမြို့ပေါ် ကင်းစောင့်ရန်ထွက်လာသော စစ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးဟုဆို

Mar 31, 2023
ကနီမြို့ပေါ် ကင်းစောင့်ရန်ထွက်လာသော စစ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ကနီမြို့ပေါ်တွင် ကင်းစောင့်ရန်လာသော စစ်သား များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ၂ ဦးသေဆုံးကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ က သတင်းထုတ်ပြန်ထားသည်။ မတ်လ ၃၀ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ကနီမြို့ပေါ်၊ ကြို့ပင်သာရပ်ကွက်...

Read more
by MPA
0 Comments
မှုခင်း

သာကေတတွင် လုပ်အားပေး လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်တိုင်ပေါ် ဓာတ်လိုက် သေဆုံး

Mar 31, 2023
သာကေတတွင် လုပ်အားပေး လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်တိုင်ပေါ် ဓာတ်လိုက် သေဆုံး

ရန်ကုန်မြို့၊သာကေတမြို့နယ်တွင် လုပ်အားပေး လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်အားလိုင်းပြုပြင်ရာမှ ဓာတ်တိုင်ပေါ် ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။ မတ်လ ၃၀ရက်နေ့၊ညနေ ၅နာရီ၊မိနစ် ၄၀ခန့်က သာကေတမြို့ နယ်၊ ၆/နောက်ရပ်ကွက်၊ရွှေပြည်သာလမ်းမနှင့်ဝေဇယန္တာလမ်းဆုံရှိ ဓာတ်တိုင်တွင် လုပ်အားပေး လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်ကာသေဆုံးသွားခြင်းဖြစ်ကြောင်း ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း၏...

Read more
by MPA
0 Comments
သတင်း

စစ်ကောင်စီ ထောင်ဖမ်းခဲ့သည့် ဗကသရဲဘော်ကို ထောင် ၃နှစ်ချမှတ်

Mar 31, 2023
စစ်ကောင်စီ ထောင်ဖမ်းခဲ့သည့် ဗကသရဲဘော်ကို ထောင် ၃နှစ်ချမှတ်

စစ်ကောင်စီက ကွင်းဆက်လိုက်ကာ ထောင်ဖမ်းခဲ့သည့် ဗကသရဲဘော် မဆုသွန်းပိုင်ကို ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ကြောင်းသိရသည်။ အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် မဆုသွန်းပိုင်ကို မတ်လ ၃၀ရက်နေ့က ၅၀၅(က) ပုဒ်မဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၃နှစ်...

Read more
by MPA
0 Comments
PDF

သိမ်းဆည်းရရှိလက်နက်များမှာ ကော်ဘရာစစ်ကြောင်းအတွက် မလုံလောက်သဖြင့် ထပ်မံပေးရန် မေတ္တာရပ်ခံ

Mar 31, 2023
သိမ်းဆည်းရရှိလက်နက်များမှာ ကော်ဘရာစစ်ကြောင်းအတွက် မလုံလောက်သဖြင့် ထပ်မံပေးရန် မေတ္တာရပ်ခံ

မြဝတီကုန်သွယ်ရေးဇုန်မှ သိမ်းဆည်းရရှိသည့် လက်နက်များမှာ ကော်ဘရာစစ်ကြောင်းအတွက် မလုံလောက်သဖြင့် ထပ်မံပေးအပ်ရန် စစ်တပ်နှင့် BGF များအားမေတ္တာရပ်ခံပါသည် ဆိုသော သရော်စာကို ကော်ဘရာ စခန်း၌ ရေးသားချိတ်ဆွဲ ထားသည်။ မတ်လ၂၅ရက်နေ့ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များထံက လက်နက်များ သိမ်းဆည်းရရှိပြီးနောက်...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (2696) Myanmar (2429) News (1951) PDF (295) military (290) Politics (275) SAC (233) Yangon (232) SagaingRegion (162) RakhineState (123) militarycoup (118) Covid_19 (103) Battle (85) Mandalay (84) Pressphoto (84)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In