ယမန်နေ့က ဗိုလ်နဂါးဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်များက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ လက်နက် တပ်ဆင်ပေးရန် တောင်းဆိုသည့်စာကို ဗိုလ်နဂါး၏ တရားဝင်ဖေ့ဘုတ်အကောင့်တွင် တင်ခဲ့ပြီးနောက် နာရီပိုင်း မကြာသော အချိန်တစ်ခုအတွင်း ယင်းပို့စ်သည် Report ထုခံရ၍ ကျသွားခဲ့ရသည်။
အစောပိုင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဗိုလ်နဂါးတို့ တွေ့ဆုံဆွေးနွေးမှုတစ်ခုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်အား ဝန်ကြီးဘက်မှ တစ်လအတွင်း လက်နက်တရင်းစာ တပ်ဆင်ခြင်းကို တစ်လအတွင်း ပြုလုပ်ပေးမည်ဟု ကတိပေးဖူးသော်လည်း ၂ လ တင်းတင်းပြည့်ရန် ရက်ပိုင်းအလိုထိ ယင်းလက်နက်တပ်ဆင်ပေးရေးကိစ္စမှာ မထူးခြားခဲ့ဘဲရှိခဲ့သည်။
ထို့ကြောင့် ဗိုလ်နဂါးဘက်မှ ယင်းအခြေအနေနှင့်ပတ်သက်ပြီး ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း အကြောင်းပြန်မှုမရှိ၍ ဗိုလ်နဂါးက တပ်ရင်းတစ်ရင်းစာလက်နက်တပ်ဆင်ပေးပါရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ရေးသားသည့်ပို့စ်သည် ဗိုလ်နဂါး၏အကောင့်နှင့် MRDA ၏ သက်ဆိုင်ရာအကောင့်များတွင် အကြိမ်ကြိမ်တင်ပြီး အသိပေးခဲ့သော်လည်း Report ထုမှုများရှိခဲ့၍ အကြိမ်ကြိမ်ပြုတ်ကျခဲ့ကြောင်း သက်ဆိုင်ရာပေ့ချ်များက အသိပေးထားသည်။