Photo – MPA ပုံစာ- မေလ ၁ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်စစ်ပွဲကြောင့် စစ်ဘေးရှောင်လာသည့် ပြည်သူများ

Photo – MPA
ပုံစာ- မေလ ၁ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်စစ်ပွဲကြောင့် စစ်ဘေးရှောင်လာသည့် ပြည်သူများ
By MPA 001
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြိတ်မြို့နှင့် ပုလောမြို့နယ်များတွင် စစ်ဘေးရှောင်များ ထောင်ချီတိုးလာသောကြောင့် စားနပ်ရိက္ခာနှင့် ရေသန့်များလိုအပ်နေကြောင်း ပုလော စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီ (IDPCMC) ၏ တာဝန်ခံက ပြောသည်။
“တနင်္သာရီတိုင်းမှာဆိုတာထက် ပုလောမှာကို စစ်ဘေးရှောင်က ၂ ထောင်အထက်ရှိတယ်။ သူတို့အတွက် အဝတ်အထည်၊ အစားအသောက်နဲ့ ဆေးဝါး၊ ရေအကုန်ကိုလိုနေတော့တာ။ အဝေးရောက်မြန်မာတွေကော။ ပြည်တွင်းကကော ကူကြပါဦး”လို့ ပုလောစစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီ (IDPCMC) ၏ တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ပုလော စစ်ဘေးရှောင်စခန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် တည်ဆောက်ထားပြီး စစ်ဘေးရှောင် အင်အား များလာတာကြောင့် စာသင်ကျောင်းနှင့် ဘုရားကျောင်းများအတွင်းတွင် ယာယီထားထားရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် မေလ ၁ရက်နေ့က အကြမ်းဖက်စစ်ကောင်စီနှင့် ပုလောကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုများအကြား ဖြစ်ပွားခဲ့သည့် ကျောင်းနိမ့်တိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာ၊ ပိန္နဲတောင်ရွာနှင့် ဆားခဲရွာတို့မှ ရွာသူရွာသားတွေများသည် စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။