• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
22 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ပုလောမှာ NLD ပါတီဝင်များနှင့် PDF မိသားစုဝင်များကို သတ်ရန် သွေးသောက်အဖွဲ့ဖွဲ့၊ အနီရောင်စစ်ဆင်ရေးအဖြစ် ကြေညာ

ကောင်းဇော်ဟိန်း by ကောင်းဇော်ဟိန်း
May 4, 2022
in Human Right Violations, PDF, သတင်း
0
0
Share on FacebookShare on Twitter
4 May By MPA 001
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းပြီဟုဆိုကာ NLD ပါတီဝင်များနှင့် PDF မိသားစုဝင်များကို သတ်တော့မည်ဖြစ်ကြောင်း ယနေ့ မေလ ၄ ရက်နေ့တွင် ပုလောမြို့အတွင်း စာကပ်ကြေညာထားသည်ဟု ပုလောမြို့နေ ပြည်သူများက ပြောသည်။
အထက်ပါ ခြိမ်းခြောက်စာကို ပုလောမြို့နယ်အတွင်းရှိ လူမြင်ကွင်းများဖြစ်သော ဓာတ်တိုင်၊ အုတ်နံရံနှင့် လမ်းမီးတိုင်များတွင် ကပ်ထားခြင်းဖြစ်ပြီး ယနေ့နံနက် ၄နာရီခန့်က ပျူစောထီးများ ဆိုင်ကယ်ဖြင့် လိုက်လံကပ်ခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“မနက် ၄ နာရီမထိုးခင်လောက်က ပြည်သူ့စစ်တွေ သေနတ်တွေလွယ်ပြီး လိုက်ကပ်နေတာ။ အစက ဗုံးထောင်တယ်ထင်နေတာ။ နောက်မှ စာကပ်သွားမှန်းသိတယ်”ဟု ပုလောမြို့နေပြည်သူတစ်ဦးက ဆက်လက်ရှင်းပြသည်။
ယနေ့ မေလ ၄ရက်နေ့မှ စတင်ပြီး ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်ဝေခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးအဖွဲ့များသည် သွေးသောက်အဖွဲ့ (ပုလော) ဟု အမည်ပြောင်းကာ အနီရောင်စစ်ဆင်ရေးအဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပုလောကုန်းရွာနေ အမည်မဖော်လိုသူ ပျူစောထီးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အခုမှ သူတို့ကို တပ်ကစဖို့ပြောတာ။ အရင်ကလည်း သေနတ်ကိုင်ခိုင်းထားပေမယ့် အခုဟာက အနီတွေမှန်သမျှ သတ်ခွင့်ပြု ပေးလိုက်တဲ့ သဘောပေါ့။ ပျူတွေကြိုက်တာလုပ် တပ်ကရှင်းပေးမယ်ဆိုတာမျိူး။ မစ်ရှင်ကြီးတွေကျရင် တပ်ကလူတွေပါ ထည့်ပေးမယ်လို့ ပြောထားတာမျိုးရှိတယ်။ သွေးချောင်းစီးမယ့်သဘောပဲ”ဟု ၎င်းက ပြောသည်။
ယနေ့စတင်ဖွဲ့စည်းလိုက်သည့် ပျူစောထီးအသွင်ပြောင်း သွေးသောက်အဖွဲ့၏ အနီရောင်စစ်ဆင်ရေးအပေါ် ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး (ပကတ) များက စောင့်ကြည့် အကဲခတ်နေကြောင်းနှင့် လက်နက်မရှိသောပြည်သူအား အနိုင်မကျင့်ဘဲ မိမိတို့အား လက်နက်ကိုင်ချင်းပီပီ လာရောက်တိုက်ခိုက်ရန် စိန်ခေါ်ကြောင်း PRDF အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သွေးသောက်အဖွဲ့အကြောင်း ကြားနေတာတော့ကြာပြီ။ အခုမြို့မှာ သူတို့ရှိလာပြီဆိုတော့ အပြစ်မဲ့ပြည်သူတွေမသေအောင် ကျွန်တော်တို့ကာကွယ်ရမယ်။ သူတို့က Media ကိုလည်း အသုံးပြုလာတဲ့သဘောရှိတယ်။ ရက်ရက်စက်စက်သတ်ပြီး ဆွဲပြားချိတ်တဲ့သဘောကိုကြည့်ရင် နောက်ကွယ်က စစ်ခွေးတွေကြိုးကိုင်ပြီး မစ်ရှင်နဲ့ သွားပုံရတယ်။ ကျွန်တော်တို့ တိုက်ရိုက်စိန်ခေါ်ပါတယ်။ ဇရှိရင် လာတိုက်ပါ”ဟု PRDF အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုလောမြို့နယ်က ပျုစောထီးများအနေဖြင့် သွေးသောက်အဖွဲ့အဖြစ် တရားဝင်မကြေညာမီကတည်းက NLD ပါတီဝင် နှင့် နီးစပ်ရာအသိုင်းအဝိုင်းများကို လိုက်လံသတ်ဖြတ်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က ပုလောမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ NLD ပါတီဝင် ဦးအေးလွင်အိမ်ကို ဗုံးခွဲခဲ့ပြီး ယင်း အိမ်နေ NLD ပါတီ အမာခံထောက်ခံသူ ဒေါ်ချစ်သူ ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။
#ပျူစောထီး #ပုလော #MPA
Photo – MPA
ပုံစာ-ယနေ့ဓာတ်မီးတိုင်များတွင် သွေးသောက်အဖွဲ့မှ ကပ်ထားသည့် အနီရောင်စစ်ဆင်ရေးကြေညာချက်
Tags: ChallengemilitaryNLDPDFPoliticsPRDFPulawPyusawhteeTanintharyiRegionThawethoutthreat
Advertisement Advertisement Advertisement
ADVERTISEMENT
ကောင်းဇော်ဟိန်း

ကောင်းဇော်ဟိန်း

ကောင်းဇော်ဟိန်း သည် အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ ဤဝဘ်ဆိုဒ်အတွက် သတင်းများကို တင်ဆက်ပေးနေသူ ဖြစ်သည်။

ဆက်စပ် သတင်းများ

PDF

ဘီလူးစစ်ကြောင်း သိမ်းပိုက်လိုက်သည့် MBT ဌာနချုပ်ကို မဟာမိတ်များအကူအညီဖြင့် ပြန်လည်ရယူ

Mar 20, 2023
ဘီလူးစစ်ကြောင်း သိမ်းပိုက်လိုက်သည့် MBT ဌာနချုပ်ကို မဟာမိတ်များအကူအညီဖြင့် ပြန်လည်ရယူ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဘီလူးကွန်မန်ဒိုစစ်ကြောင်း စီးနင်းသိမ်းပိုက်လိုက်သော Myingyan Black Tiger တပ်ဖွဲ့ဌာနချုပ်ကို မဟာမိတ်များ အကူအညီဖြင့် ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ဘီလူးကွန်မန်ဒိုစစ်ကြောင်း သိမ်းပိုက်ထားသည့် MBT တပ်ဖွဲ့၏...

Read more
by MPA
0 Comments
PDF

မုံရွာ နမခ ဂိတ် လက်နက်ကြီး ထိမှန်ပြီးနောက် ဓာတုလက်နက်ဖြင့် စစ်ကောင်စီတပ် ပြန်ပစ်ဟုဆို

Mar 20, 2023
မုံရွာ နမခ ဂိတ် လက်နက်ကြီး ထိမှန်ပြီးနောက် ဓာတုလက်နက်ဖြင့် စစ်ကောင်စီတပ် ပြန်ပစ်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က PDF များကို ဓာတု လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်ထားသည်။ မတ်လ ၁၉ ရက် ၊မွန်းလွဲ ၂...

Read more
by MPA
0 Comments
PDF

မြိုင် ရေနံမြေ စစ်ကောင်စီစခန်းကို PDF အဖွဲ့ ၃၀ ကျော် ပူးပေါင်းတိုက်၊ စစ်သား ၇ ဦး သေဆုံးပြီး လေကြောင်းပစ်ကူ ၃ ကြိမ်ခေါ်ရ

Mar 18, 2023
မုံရွာလဝကရုံးဟောင်း တိုက်ခိုက်ခံရ၊ Tikk tok ဆော့နေသောစစ်သား၂ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် Well-2 ရေနံမြေက စစ်ကောင်စီစခန်း ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃၀ ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေယာဥ်ပစ်ကူ ၃ ကြိမ်ခေါ် ခဲ့ရကြောင်း သိရသည်။ မတ်လ ၁၇ ရက် နံနက် ၇နာရီ...

Read more
by MPA
0 Comments
PDF

သံတောင်ကြီး တိုက်ခိုက်ရေးကျောင်းထဲ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲ

Mar 18, 2023
သံတောင်ကြီး တိုက်ခိုက်ရေးကျောင်းထဲ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း ကို လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၃၅၀၂ ထံကသိရသည်။ မတ်လ ၁၇ ရက် နံနက် ၈...

Read more
by MPA
0 Comments
PDF

မိုးညိုရဲစခန်းအနီးက လောင်းကစားဝိုင်း လက်ပစ်ဗုံးနှင့်အထုခံရပြီး ပျူ ၃ဦးသေဆုံး

Mar 18, 2023
မိုးညိုရဲစခန်းအနီးက လောင်းကစားဝိုင်း လက်ပစ်ဗုံးနှင့်အထုခံရပြီး ပျူ ၃ဦးသေဆုံး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ် ရေကင်းရဲစခန်းအနီး လိုင်းကြေးပေးဖွင့်နေသော လောင်းကစားဝိုင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း သိရသည်။ မတ်လ ၁၇ ရက် ၊ ည ၁၁နာရီ ၄၅ မိနစ် ဝန်းကျင်မှာ...

Read more
by MPA
0 Comments
PDF

ရေစကြို စစ်တပ်အနီးကင်းစောင့်နေသော ပျူများအလစ်အငိုက်တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ သေနတ် ၂ လက် သိမ်းဆည်းမိ

Mar 18, 2023
ရေစကြို စစ်တပ်အနီးကင်းစောင့်နေသော ပျူများအလစ်အငိုက်တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ သေနတ် ၂ လက် သိမ်းဆည်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် စစ်တပ်အနီး ကင်းချထားသော လက်နက်ကိုင်ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးသွားပြီး သေနတ်၂ လက်သိမ်းဆည်းရမိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ မတ်လ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် ခမရ...

Read more
by MPA
0 Comments
PDF

ပေါင်းတည်တွင် စစ်သားတင်စက်လှေ မိုင်းဆွဲခံရ၊ ၅ ဦးထက်မနည်းသေဆုံးဟုဆို

Mar 17, 2023
ပေါင်းတည်တွင် စစ်သားတင်စက်လှေ မိုင်းဆွဲခံရ၊ ၅ ဦးထက်မနည်းသေဆုံးဟုဆို

ပဲခူးရိုးမတောင်ခြေတဝိုက် စစ်ကြောင်းထိုးပြီး ပြန်ဆင်းလာသော စစ်တပ်ကို ရှေ့ထွက်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၃၆၀၂၊TPDFတပ်ခွဲ(၄)က ထုတ်ပြန်သည်။ မတ်လ၁၇ရက်နေ့၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်အထက် ပြင်ကြီးရွာ စက်လှေဆိပ်မှ စက်လှေ...

Read more
by MPA
0 Comments
သတင်း

ကျိုက်ဝိုင်းဘုရားအနီး စစ်ကောင်စီ ပျော်ပွဲရွှင်ပွဲပြုလုပ်မည့်နေရာကို အဝေးဗုံးဖြင့် သတိပေး ဖောက်ခွဲ

Mar 17, 2023
စစ်ကောင်စီတပ် ပြည်သူကိုသတ်ရုံမက ယဉ်ကျေးမှုအမွေအနှစ်များပါ ဖျက်ဆီးနေဟုဆို

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားအနီး ပျော်ပွဲရွှင်ပွဲ ကျင်းပမည့်နေရာကို အဝေးထိန်းဗုံး ဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်း People’s Defence Force Western District Yangon က ထုတ်ပြန် သည်။ ယနေ့ နံနက် ၉...

Read more
by MPA
0 Comments
နိုင်ငံရေး

ဖိနှိပ်မှုများကြား အကြမ်းမဖက်သောနည်းဖြင့် မြန်မာပြည်သူတို့ ဆက်လက်တိုက် ပွဲဝင်နေဆဲဟု ကုလအထူးကိုယ်စားလှယ်ဆို

Mar 17, 2023
ဖိနှိပ်မှုများကြား အကြမ်းမဖက်သောနည်းဖြင့် မြန်မာပြည်သူတို့ ဆက်လက်တိုက် ပွဲဝင်နေဆဲဟု ကုလအထူးကိုယ်စားလှယ်ဆို

စစ်ကောင်စီက ဖိနှိပ်နေသော်လည်း မြန်မာပြည်သူများသည် အကြမ်းမဖက်သောနည်းဖြင့် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ပြောသည်။ မတ်လ ၁၆ ရက်နေ့၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး အထူးကိုယ်စားလှယ် Noeleen...

Read more
by MPA
0 Comments
PDF

ကျောက်တံခါးပြည်သူ ၅ ဦး စစ်တပ် ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်၊ ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ စစ်ရှောင်နေရ

Mar 17, 2023

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ၂၀၀၀ ကျော်စစ်ဘေးရှောင်နေရကြောင်း ဒေသတွင်း ပကဖ ရဲဘော်တစ်ဦးက ပြောသည်။ မတ်လ ၁၅ ရက်နေ့ တွင် စစ်တောင်းတံတား...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (2632) Myanmar (2367) News (1887) military (289) Politics (274) PDF (255) Yangon (225) SAC (192) SagaingRegion (153) RakhineState (122) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (80)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In