ရုရှားသမ္မတ ပူတင်သည် ယူကရိန်းအပေါ် ယုတ်ညံ့စွာ ပြုမူဆက်ဆံနေကြောင်း အမေရိကန်ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲပြောကြားလိုက်သည်။
ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ရုရှား၏လုပ်ရပ်တိုင်းကို တရားမျှတမှုမရှိသည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ထားသည်။
အမေရိကန်ပြည်ထောင်စုဘက်က ယခုလို စွပ်စွဲပြောကြားထားသော်လည်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ် အနာတိုလီ အန်တိုနော့ဗ်က ယင်းစွပ်စွဲချက်ကို ပယ်ချပြီး ရိုင်းစိုင်းလွန်းသည့် စွပ်စွဲချက်ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။
လက်ရှိမှာ ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် စစ်မက်ရေးရာအခြေအနေမှာ ပြင်းထန်နေသော်လည်း ယူကရိန်းသမ္မတ ဇီလန်စကီးက နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် အမြဲလမ်းဖွင့်ထားကြောင်း ပြီးခဲ့သည့် ဧပြီ ၂၉ ရက် သောကြာနေ့က အသိပေးထားသည်။
စစ်ပွဲအကြား ပိုမိုပြီး ထိခိုက်မှုရှိနေသည့် ယူကရိန်းအရပ်သားများမှာ လက်တလောတွင် ရုရှားနိုင်ငံ၏ စစ်အကျဉ်းသားများအဖြစ် ဖမ်းဆီး ခေါ်ဆောင်တာတွေကိုခံနေရပြီး ဂျီနီဗာကွန်ဗင်းရှင်းက တားမြစ်ထားသည့် လှုပ်ရှားမှုတွေပါ ပြုလုပ်နေကြောင်း ယူကရိန်းဒုဝန်ကြီး ဖီဒိုရော့က ဘီဘီစီ သတင်းဌာနကို ပြောသည်။
ရုရှားနိုင်ငံအနေနှင့် ယူကရိန်းနိုင်ငံကို လေကြောင်း ပစ်ခတ်မှုတွေပါ ပြုလုပ်နေခဲ့တာဖြစ်ပြီး ကုလအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်၏ ယူကရိန်းခရီးစဉ်တွင်မှာပါ လေကြောင်းပစ်ခတ်မှု မရပ်နားခဲ့ဘဲ ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုတွေ အမျိုးသမီး သတင်းဂျာနယ်လစ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။
Photo – Reuters and Google