မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘောဆွေးနွေးညှိနှိုင်းရန်အတွက် မလေးရှားနိုင်ငံက အဆိုပြုသွားမည်ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah ယနေ့ မေ ၁ ရက်နေ့တွင် အသိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်နေမှုကို အဖြေရှာရန်အတွက် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို မြန်မာအာဏာသိမ်း စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘောဆွေးနွေးညှိနှိုင်းရန်အတွက် အဆိုပြုရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ဖော်ပြောကြားချက်အရ ယခုအဆိုပြုချက်အတွက် ကြိုးပမ်းမှုသည် အခြားအစိုးရများကို အသိအမှတ်ပြုခြင်းထက် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စိတ်ကူးယဉ်နိုင်သည့် အခြေအနေမျိုးဖြစ်ကြောင်း အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် မေလ ၅ ရက်နေ့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် မလေးရှားနိုင်ငံမှ အဆိုပြုမည့် အဆိုပြုချက် သုံးချက်တွင် ယခုအဆိုချက်ပါ ပါဝင်နေခြင်းဖြစ်သည်။
ကျန်အဆိုပြုချက်များတွင် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီ နှစ်ဆတိုးလုပ်ဆောင်ရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်များ၏ ရပ်တည်ချက်နှင့် လုပ်ငန်းတာဝန်များ အားကောင်းစေရန်တို့ ပါဝင်နေသည်။