
ဘုရားသုံးဆူမြို့တွင် တရားမဝင်ရောက်ရှိနေသော တရုတ်များ အမြန်ဆုံး ထွက်ခွာရန် DKBA ထုတ်ပြန်၊ထိုင်းလျှပ်စစ်နှင့် လောင်စာဆီ အမြန်ဆုံးပြန်ရရန် ကြိုးပမ်းသွားမည်ဟုဆို
By Ko Paing/MPA ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့တွင်းသို့ တရားမဝင် ဝင်ရောက်ကာ စား သောက်ကုန်၊ကာစီနိုနှင့်ဂိမ်းရုံများ လုပ်ကိုင်နေကြသော တရုတ်လူမျိုးများ အမြန်ဆုံးထွက်ခွာသွားကြ ရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ယနေ့(ဖေဖေါ်ဝါရီကိုးရက်)သတင်းထုတ်ပြန် လိုက်သည်။ ယင်းတရုတ်လူမျိုးများအနေဖြင့် ဖေဖေါ်ဝါရီ၂၈ရက် မတိုင်မီ ဘုရားသုံးဆူမြို့မှ ထွက်ခွာပေးကြရန်နှင့်...