နိုင်ငံရေးအကျဉ်းသားများအနိုင်ကျင့်ခံနေရမှုအပေါ် မသိချင်ယောင်ဆောင်နေသည့် ဘားအံထောင်အုပ်ချုပ်သူများကို နိုင်ကျဉ်းများဆန္ဒပြမှု ယနေ့ညနေကဖြစ်ပွါးခဲ့ကြောင်း အကျဉ်းဦးစီးဌာန၊အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကပြောသည်။
အဆိုပါ နိုင်ငံရေးကျဉ်းသားများဆန္ဒပြမှုသည် ယနေ့ညနေ ၅နာရီ ၄၆မိနစ်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထောင်အာဏာပိုင်တို့၏ မသိကျေးကျွံပြုမှုတို့ကြောင့် ကြွေးကြော်သံများ ရွတ်ဆိုခြင်း၊ နိုင်ငံရေး သီချင်းများ သီဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာန၊အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကပြောသည်။
“ထောင်သားအချင်းချင်းရန်ဖြစ်ကြတာ။ နိုင်ကျဉ်းတွေကို ဘလိုင်းကြီး ကွိုင်ရှာတာထိုးကြိတ်တာတွေလုပ်လို့ အထဲမှာ ပြဿနာဖြစ်နေတာ ၂ရက်ရှိပြီ။ ဒီနေ့မှ တစ်နိုင်ငံလုံးသိသွားတာ”ဟု အကျဉ်းဦးစီးဌာန၊အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
ယနေ့ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှ ထောင်အာဏာပိုင်များကို ဆန္ဒပြမှုကို ထောင်လုံခြုံရေးအပြင် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များရောက်ရှိကာ ကျည်အစစ်အသုံးပြုသည့် သေနတ်ဖြင့် ချိန်ရွယ်ရပ်တန့်ခိုင်းခဲ့ကြောင်း အကျဉ်းဦးစီးဌာန၊အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
“ညနေ၆နာရီလောက်ကျတော့ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က တာဝန်ယူသွားတော့ ကျွန်တော်တို့ဘာမှမသိရတော့ဘူး။ အထဲမှာတော့ ၇နာရီလောက်အထိ ဆန္ဒပြနေကြသေးတယ်။ ပစ်တာခတ်တာတော့ မရှိခဲ့ဘူး”ဟု အကျဉ်းဦးစီးဌာန၊အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
ယနေ့မှာ ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားစေသည့် ဘားအံအကျဉ်းထောင်မှ ဦးဆောင်သူ အကျဉ်းသားများကို ပြစ်ဒဏ်ချမှတ်ရန် စီစဉ်နေကြောင်း ယနေ့လိုအဖြစ်မျိုးထပ်မံမဖြစ်ပွားစေရန်အတွက် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်များက အထူးကြပ်မတ်လုပ်ဆောင်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
#ထောင်တွင်းဆန္ဒပြ #ဘားအံအကျဉ်းထောင် #MPA #Myanmar