စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတွင် ဧပြီလ အတွင်း ခေါင်းဖြတ်ခံထားရသည့် ရုပ်အလောင်း သုံးလောင်းအပါအဝင် အလောင်းခြောက်လောင်းဆယ်ယူတွေ့ရှိ ခဲ့ကြောင်း ရွှေဘိုမြို့နယ်ရှိ အမည်မဖော်လိုသူ လူမှုကူညီကယ်ဆယ်ရေး အသင်းကပြောသည်။
ယခုကဲ့သို့ အလောင်းတွေ့ရှိမှုသည် ဧပြီလ ၁ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၀ရက်နေ့နောက်ပိုင်းမှစတင်ကာ ရက်စိပ်တွေ့မြင်လာရကြောင်း ၎င်းကဆိုသည်။
“မျောလာတဲ့အလောင်းတွေက သမာရိုးကျသေတာမဟုတ်ဘူး။တွေ့တဲ့အလောင်းတွေရောပဲပေါ့။တပ်ကလို့ ယူဆရတဲ့အလောင်းတွေရှိသလို ဘယ်ကမှန်းမသိတဲ့ အသတ်ခံရတဲ့ ပြည်သူ့အလောင်းတွေလဲပါတယ် ”ဟု အမည်မဖော်လိုသူ လူမှုကူညီကယ်ဆယ်ရေးအသင်းက ရှင်းပြသည်။
အထက်ပါအလောင်းတွေ့ရှိမှုနှင့်ပတ်သက်ပြီး သွားရောက်သိမ်းယူမီးရှို့သည့်ကိစ္စများကို ရွှေဘိုဒေသခံ လူမှုကယ်ဆယ်ရေးအသင်းများကပြုလုပ်ကြရပြီး ဒေသခံအလောင်းတွေ့ရှိမှုမှတ်တမ်းများအရ ဧပြီ ၁ ရက်နေ့တွင် ရေဦးမြို့နယ် ၊နှောကုန်းကျေးရွာအနီးရှိ မူးမြစ်အတွင်း ပုပ်ပွနေသည့် အလောင်း နှစ်လောင်း၊ လောင်း၊ ဧပြီ ၂၃ ရက်နေ့တွင်လည်း ပုပ်ပွနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းနှင့်ဧပြီလ ၂၂ရက်နေ့တွင် ရွှေဘိုမြို့ တောင်တံခါး မူးရေပေးဝေသည့် မြောင်းအတွင်း ခေါင်းဖြတ်ခံထားရသည့် ရုပ်အလောင်းသုံးလောင်း တွေ့ရှိခဲ့ရပြီး ဆယ်ယူကာ သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် သဂြိုလ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အထက်ပါ အလောင်းများကို မူးမြစ်အတွင်း အများဆုံးတွေ့ရှိခဲ့ရပြီး မူးမြစ်အတွင်းမှ ရေအား ရွှေဘိုမြို့ရှိ လယ်ကွင်းများအတွင်း ရေရရှိရန် သွယ်တန်းပေးထားသော ရေနှုတ်မြောင်းကို မူးရေပေးဝေသည့် မြောင်းဟု ပြောဆိုခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နေ ဒေသခံတစ်ဦးကဆိုသည်။
“မူးမြစ်ထဲမှာ အလောင်းတွေ့တယ်ဆိုတာက ရွှေဘိုအထက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတော့ အသတ်ခံရတဲ့ PDFတွေနဲ့ ရွာသားအလောင်းတွေကို ဟိုခွေးတွေက ရက်ရက်စက်စက်သတ်ပြီး မြစ်ထဲမျောတာ။အခုနောက်ပိုင်းတိုက်ပွဲပြင်းထန်လာတော့ အလောင်းတွေ့ရတာစိပ်လာတာ ” ဟု ရွှေဘိုမြို့နေ ဒေသခံတစ်ဦးက ရှင်းပြသည်။
လက်ရှိအချိန်၌ ရွှေဘိုမြို့အထက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံPDFများတိုက်ပွဲထိတွေ့မှု မကြာခနဆိုသလိုဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားရာနေရာအနီးအနားမှ ရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။
#ရုပ်အလောင်း #ခေါင်းပြတ် #ရွှေဘို #MPA #Myanmar