( Photo-MPA / ပုံစာ- ပုလောတံတားကြီးအပေါ်ရှိ တပ်စွဲကင်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ )
( Photo-MPA / ပုံစာ- ပုလောတံတားကြီးအပေါ်ရှိ တပ်စွဲကင်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ )
By MPA 001
အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် စရဖတပ်ဖွဲ့ဝင်များ အချင်းချင်းပြန်လှန်ပစ်ခတ်မှု ယနေ့ညနေက ဖြစ်ပွားခဲ့ကြောင်း ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါပစ်ခတ်မှုသည် ယနေ့ဧပြီလ ၂၃ရက်နေ့ ညနေ ၅နာရီ၃၀မိနစ် ပုလောတံတားကြီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တံတားဂိတ်စောင့်စစ်သားများနှင့် ပုလောထောက်လှမ်းရေးရုံးက စရဖနှစ်ဦးတို့ အပြန်အလှန်တို့အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ယနေ့ ညနေ ၅နာရီ ၃၀မိနစ်က ပုလောမြို့နယ်သို့ သွားသည့် ပုလောတံတားကြီးပေါ်သို့ ပုလောစရဖနှစ်ဦး ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားစဉ် ပုလောတံတားလုံခြုံရေး ကင်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးက ဆိုင်ကယ်ရပ်ခိုင်းခဲ့ကြောင်း ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF)၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ပုလောစရဖ တပ်ဖွဲ့ဝင်နှစ်ဦးပါ ဆိုင်ကယ်မှာ ရပ်တန့်ခြင်းမရှိပဲ ဖြတ်သန်းမောင်းနှင်သည့်အတွက်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ စက်သေနတ်ဖြင့် လေးချက်စတင်ပစ်ခတ်ခဲ့ပြီး ပုလောစရဖတပ်ဖွဲ့ဝင်နှစ်ဦးမှလည်း အသင့်ပါ ပစ္စတိုသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF)၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“သေတော့မသေဘူး။သူတို့အချင်းချင်းပစ်ကြတာ။ အနီးအနားက ထမင်းဆိုင်နဲ့ ဒေသခံတွေဆို ဝပ်နေရတာ။စကစဘက်က အင်အားများတယ်။ စရဖဘက်ကလည်း ပြန်ပစ်တယ်။ ဆိုင်ကယ်ရပ်ခိုင်းတာမရပ်လို့ စကစဘက်က စပစ်တာပေါ့”ဟု ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF)၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပုလောစရဖရုံးသို့ ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှုဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်းနှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ပုလောစရဖတပ်ဖွဲ့ဝင်နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကာ စစ်ဆေးမှုခံနေရကြောင်း ပြန်လည်ပြောကြားခဲ့သည်။
“ပစ်တဲ့နှစ်ယောက်က ဖရဲသီးတော့မဟုတ်ဘူး။ သူတို့ကိုပစ်လို့ ပြန်ပစ်တာပြောတယ်။ စကစဘက်က ၁၀ယောက်လောက်ဆိုတော့ ဒီဘက်ကထိတယ်။ဆိုင်ကယ်မှောက်ချိန် လက်နက်ချတော့မှ ဖမ်းလိုက်လို့တော်သေးတယ်။နှစ်ဖက်ပစ်ခတ်မှုက ခနပဲဖြစ်တာပါ”ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့၀င်တစ်ဦးကပြောသည်။
ယနေ့ညနေ ၅နာရီ ၃၀မိနစ်ကျော်လောက်က သေနတ်သံများ ပုလောတံတားပေါ်တွင် ထွက်ပေါ်ခဲ့ကြောင်းနှင့် ၅မိနစ်ခန့်အကြာတွင် ပြန်လည်ငြိမ်သက်ပြီးနောက် လူမှုကူညီရေးအသင်းကားများဖြင့် ပုလောဆေးရုံဘက်သယ်သွားကြောင်း ပုလောတံတားကြီးအနီး ထမင်းဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
“PDFတွေနဲ့ဖြစ်တယ်ထင်တာ။နောက်မှ သူတို့ချင်းပစ်မှန်းသိတာ။အချင်းချင်းတော့ ချကုန်ကြပြီ။၂၈၅ကကောင်တွေမဟုတ်ပဲ မြိတ်က လာတဲ့ကောင်တွေ ပစ်တာလို့ကြားတယ်။ဒီက ခွေးတွေဆို အချင်းချင်းသိနေကြတာဆိုတော့လေ။ကြားရတာပျော်ပါတယ်”ဟု ပုလောတံတားကြီးအနီး ထမင်းဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
လက်ရှိမှာ စရဖနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်း၊၂၈၅တပ်ရင်းမှ တပ်ရင်းမှုးကိုယ်တိုင် ကိုင်တွယ်စစ်ဆေးနေပြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ တစုံတရာ ထိခိုက်မှုမရှိကြောင်း စုံစမ်းသိရသည်။
#စရဖ #အပ ြန်အလှန်ပစ်ခတ် #အက ြမ်းဖက်စစ်ကောင်စီ #ပုလော #MPA #Myanmar
( Photo-MPA / ပုံစာ- ပုလောတံတားကြီးအပေါ်ရှိ တပ်စွဲကင်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ )