By MPA
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ယမန်နေ့ည ၁၁ နာရီ ၅ မိနစ် အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA)က ကျီးကန်းပြင်ဌာနချုပ်အကျော်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့်ကားပျက်စီးပြီး စစ်သား ၁၀ ဦးနီးပါးသေဆုံးကြောင်း ဒေသခံအချို့ကပြောသည်။
အဆိုပါနေရာမှာ နယ်ခြားစောင့်ကွပ်ကွဲမှုဌာနချုပ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်အကျော် ဖားဝပ်ချောင်း ရခိုင်ရွာ နှင့် ငန်းချောင်းရိုဟင်ဂျာကျေးရွာကြား ကားလမ်းမပေါ်မှာဖြစ်ကြောင်းလည်း ဆိုသည်။
” လူတွေအကုန်လုံးအိပ်နေကြတဲ့ ည ၁၁နာရီကျော်အချိန်လောက်မှာ စဖြစ်ကြတာပါ။နာရီဝက်လောက်ကြာတော့ ရပ်သွားပါတယ်။ပြီးတော့ လက်နက်ကြီးပစ်သံတွေကြားရပါတယ်။” ဟု ဖားဝပ်ချောင်းရွာသားတစ်ဦးက MPAသို့ ပြောသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီစီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို အေအေဖက်က တိုက်ခိုက် ဖျက်စီးနိုင်ခဲ့သဖြင့် ကားပေါ်တွင်ပါလာသည့် စစ်သား၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ငန်းချောင်းရွာ သားတချို့က ပြောသည်။
ထိုမောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော် (AA)နှင့် အကြမ်း ဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
“မြန်မာစစ်တပ်ဖက်ကနေပြီး ထပ်ပြီးထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဆက် ဖြစ်နေတာဖြစ်တယ်။” ဟု ရက္ခိုင့် တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက MPAသို့ ပြောဆိုထားသည်။
ထိုနေရာများမှာ ကြိမ်ချောင်း-တောင်ပြိုကားလမ်း၊ သဘော်လှကျေးရွာနောက်ကျောဖက်၊ မင်္ဂလာညွန့် ကျေးရွာ အနောက်ဘက်နှင့် မဲဇလီချောင်းတို့ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့်နေရာအနီးက ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီဖက်က ရွာပြင်သို့ သွားလာ ခွင့်ပိတ်ထားကြောင်းဒေသခံများက ပြောသည်။
ထို့အပြင် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ အထက်ပိုင်းကျေးရွာသို့ ပြေးဆွဲနေသော ယာဥ်လိုင်းများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစတင်ကာ အကြမ်းဖက်စစ်ကောင်စီဖက်က ပိတ်ထားလိုက်ကြောင်းလည်း ဆိုသည်။
“ကြိမ်ချောင်းကအထက်ပိုင်းကို ပြေးဆွဲနေတဲ့ လိုင်းကားတွေကိုပိတ်လိုက်ပါတယ်။ကိုယ်ပိုင်ကားနဲ့ သွားတဲ့ သူတွေ ကိုလည်း စစ်ဆေးမှုတွေ အရမ်းလုပ်နေပါတယ်”ဟု ကျေးရွာသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကျေးရွာများက မောင်တောမြို့သို့ရောက်ရှိနေသော ဝန်ထမ်းအားလုံး တာဝန်ကျရာနေရာသို့ ပြန်ကြရန် ခက်ခဲ နေပြီး ဖေဖော်ဝါရီလ ၈ ရက်၊ ယနေ့နံနက်ကစတင်ပြီး ကျီးကန်းပြင်ဌာနချုပ်ဂိတ်တွင် ပိတ်ထားလိုက်သဖြင့် မောင်တောမြောက်ပိုင်းတစ်ခုလုံးနီးပါး ပိတ်ဆို့ခံနေရကြောင်း ဒေသခံများက ဆိုသည်။
ထိုကျီးကန်းပြင်ဌာနချုပ်အထက်ဘက်ရှိ ကျေးရွာများမှ ကျောင်းတချို့ကိုလည်း ပိတ်ထားလိုက်ရကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။
“ကျမတို့ကျောင်းတက်သွားဖို့ ရွာကလူတွေကို စုံစမ်းကြည့်တော့ ကျီးကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ်စခန်းက ပိတ်ထားတယ်လို့သိခဲ့ရတယ်။ ဒါကြောင့်ကျောင်းကိုမသွားကြပါဘူး။ ”ဟု ဖားဝပ်ချောင်းကျေးရွာတွင် တာဝန် ကျနေသော ကျောင်းဆရာမတစ်ဦးက ဆိုသည်။
ထိုမြောက်ပိုင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား တက်သွားကြောင်းလည်း မျက်မြင်တွေ့ရ သူတချို့ကပြောသည်။
ထို့အပြင် ရခိုင်ပြည်ရှိ တခြားမြို့နယ်တချို့တွင်လည်း ညမထွက်ရအမိန့်ထုတ်ပြန်လာကာ စစ်အင်အားတိုးချဲ့မှုများနှင့်စစ်ရေးလှုပ်ရှားမှုများလည်းရှိနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
#MPA #AA #အကြမ်းဖက်စစ်ကောင်စီ #ရခိုင်ပြည်နယ် #မောင်တော
ဒီပဲယင်းမြို့ပေါ် စစ်တပ်အထိုင်ချစခန်း ငါးနေရာကို PDF တစ်ပြိုင်တည်းဝင်တိုက်
By Nway / MPA စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်း ငါးနေရာကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၇ရက်၊ နံနက် ၁၀နာရီခန့်က ဒီပဲယင်းမြို့ပေါ်ရှိ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အထက...