AYAဘဏ်အနီး ပြည်သူတွေ မသွားလာကြရန် နှင့် တိုက်ခိုက်မှုများဖြစ်ပါက မမြင်ချင်ယောင်ဆောင်ပေးကြရန် ပြည်သူတွေအား B.F.R.A.Fမှမေတ္တာရပ်ခံလိုက်သည်။
ယခုလို မေတ္တာရပ်ခံရခြင်းမှာ AYAဘဏ် အနေနှင့် CDMသမားများကို ငဲ့ညှာထောက်ထားခြင်းအလျဉ်းမရှိသည့်အပြင် ချေးငွေအတိုးများ ကောက်ခံနေခြင်း၊နောက်ကျကြေးများ ဒဏ်ရိုက်ခြင်းနှင့် ကာယကံရှင်ဆီ တိုက်ရိုက်မတောင်းဘဲ မိဘဆွေးမျိုးတွေဆီမှတစ်ဆင့်တောင်းခံခြင်းတို့ကို ပြုလုပ်နေတာကြောင့် အာဏာရှင်ထောက်တိုင်များအား တိုက်ခိုက်ရန်ဖြစ်သည်ဟု ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)၏တာဝန်ခံတစ်ဦးကပြောသည်။
“ မနေ့က အလုံကဧရာဘဏ်ကို မိုင်းခွဲဖို့လုပ်ထားတာ။မနက်အစောပိုင်းလောက်ပေါ့။လူမပြတ်တာနဲ့မလုပ်ပဲ တပ်ခေါက်လာရတယ်။ပြည်သူတွေညီရင် လုပ်ရကိုင်ရလွယ်တာပေါ့” လို့ ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)၏တာဝန်ခံတစ်ဦးကရှင်းပြပါသည်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းရှိ ဧရာဝတီဘဏ်တွေကို အဓိကထားဖောက်ခွဲသွားမည်ဖြစ်ပြီး CDMသမားများအပေါ် ငဲ့ညှာခြင်းမရှိသည့် AYAဘဏ်မှ အကြီးအကဲတွေကို နာမည်ပျက်စာရင်းသွင်းကာ တိုက်ခိုက်သွားမည် ဖြစ်သဖြင့် AYAဘဏ်မှ တာဝန်ရှိသူများကို အမြန်ဆုံးဆင်ခြင်ကြဖို့ ထပ်လောင်းသတိပေးပြောဆိုခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၄ရက်နေ့က ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)မှ AYAဘဏ်အား ဗုံးဖောက်စဉ်မအောင်မြင်ခဲ့ခြင်းကို စာအမှတ် ၁၄/၂၀၂၂ကိုထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်ခေါင်းစဉ်ကို AYA Bankအားသတိပေးချက်ထုတ်ပြန်ခြင်း ခေါင်းစဉ်တပ်ကာ ထုတ်ပြန်ခဲ့သေးသည်။