စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကိုင်းတွင်းရွာနှင့် လှော်ကားကျေးရွာကို အကြမ်းဖက်စစ်တပ်က ၀င်ရောက်ဖျက်ဆီးကာ မီးရှို့ခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ အင်မထီးရွာတွင် အထိုင်ချနေသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီများသည် ဇန်နဝါရီ ၄ရက်နေ့ ညနေပိုင်းတွင် ကိုင်းတွင်းရွာနှင့် လှော်ကားကျေးရွာတို့ကို မီးရှို့ဖျက်ဆီးပြီး နေအိမ်များရှိ တန်ဖိုးကြီးပစ္စည်းများကို ကားများဖြင့် ခိုးယူသွားကြောင်း ဒေသခံများက အတည်ပြုပြောဆိုခဲ့သည်။
“ မနေ့က မင်းတိုင်ပင်ရွာကို အင်မထီးရွာ ပျူစောထီးတွေနဲ့ အတူဝင်စီးပြီး ရွှေဆိုင်တွေ၊ ဖုန်းဆိုင်တွေ၊ အထည်ဆိုင်တွေက ပစ္စည်းတွေ အပါအဝင် ရွာထဲက အဖိုးတန်ပစ္စည်းတွေကို ဖောကား ဆယ်စီးနဲ့ တိုက်ပြီး သယ်ယူသွားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီနေ့အထိ မင်းတိုင်ပင်ရွာမှာ ရှိနေခဲ့ပြီး ညနေပိုင်းမှာ မင်းတိုင်ပင်ရွာကနေ ကိုင်းတွင်းရွာကိုကူးပြီး မီးရှို့၊ ကိုင်းတွင်းကို မီးရှို့ပြီးတော့ ညတစ်နာရီလောက်မှာ လှော်ကားကို ဆက်မီးရှို့တာဖြစ်ပါတယ်။ “ ဟု ဒေသခံရွာသားတစ်ဦးက MPA ကိုပြောသည်။
ကိုင်းတွင်းရွာ မီးရှို့ချိန်တွင် စစ်ယူနီဖောင်ချွတ်ကာ မီးရှို့ခြင်းကို ဓါတ်ပုံရိုက်ယူထားသလို စစ်ယူနီဖောင်း၀တ်များဖြင့် ရေဖြင့်လိုက်လံငြိမ်းသတ်နေသည့် ပုံများကိုလည်း မှတ်တမ်းအနေဖြင့် အကြမ်းဖက်စစ်တပ်များကရိုက်ယူသွားကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများပါ၀င်သည့် အင်အား၃၀၀ ခန့်သည် ကိုင်းတွင်းရွာတွင် အိမ်ခြေ၆၀၀ ခန့်ရှိပြီး တစ်ရွားလုံးနီးပါး မီးရှို့ခံရပြီး ယနေ့ နံနက် ၉ နာရီနထိ မီးများများလောင်ကျွမ်းနေပြီး ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်ရှိ မင်းရွာ ၊ ပန်းရွာနှင့် မွေ့ထုံရွာ တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် ရွာလုံး ကျွတ်မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ရာပျော်ဘွယ်၊ ကုန်းပေါ်၊ လက်ပံလှ၊ (၉၇)အိမ် မီးလောင်ကျွမ်းပြီး အောက်ကျင်းရပ်က (၇၁)အိမ် မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီများသည် မြိုင်နှင့် ပုလဲဒေသရှိ ယင်းတို့ဖြတ်သန်းသွားလာရာ တလျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြလုပ်လေ့ရှိကြောင်း သိရသည်။