KNUတပ်မဟာ ၄ တိုက်ပွဲအတွင်း အရှင်ဖမ်းမိသည့် PDFရဲဘော်တစ်ဦးကို စစ်စည်းကမ်းဖောက်ကာ အကြမ်းဖက်စစ်ကောင်စီမှ သေနတ်နှင့်ပစ်ပြီး ဓားဖြင့်ထိုးသတ်ခဲ့သည်။
ကျဆုံးသွားသည့် ရဲဘော် အောင်စိုးဝင်းဆိုသူဖြစ်ပြီး KNUတပ်မဟာ ၄တပ်ရင်း၇တပ်ခွဲ ၁နယ်မြေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အရှင်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်သား ၅ဦးသေဆုံးခဲ့သည့် တပ်မဟာ ၄တိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေတပ်မတော်(PDF) မှ ရဲဘော်အောင်စိုးဝင်းကို စစ်စည်းကမ်းဖောက်ကာသေနတ်ဖြင့် သုံးချက်ပစ်ခတ်ပြီး၊ဓားဖြင့်သုံးချက်ထိုးကာ ဆားခဲရွာက တောင်ယာအတွင်းတွင် ကျဆုံးအလောင်းကို ချန်ရစ်ခဲ့သည်။
“ ဒီကောင်တွေ အောင်စိုးဝင်းကို အရှင်ဖမ်းမိတာ။ပြန်မလွှတ်ပေးပဲ သေနတ်နဲ့ သုံးချက်ပစ်တယ်။ဓားနဲ့ သုံးချက်ထိုးသွားတယ်။နှလုံးတည့်တည့်ကို တစ်ချက် နှလုံးအောက်ခြမ်းကိုနှစ်ချက်ပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၏တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့တိုက်ပွဲသည် ယနေ့မနက် ၆နာရီ၄၅မိနစ်က စတင်ခဲ့တာဖြစ်ပြီး KNUတပ်မဟာ ၄တပ်ရင်း၇တပ်ခွဲ ၁နယ်မြေအတွင်းက ဆားခဲရွာမှာ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNUဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Palaw Regional Defence Force(PRDF) မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
KNLA ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစု အတွင်းမှ PDFရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှတပ်သား ၅ဦးသေဆုံးသည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် လူမှုကွန်ရက်မှာ ဖော်ပြထားသည် ။
ပြီးခဲ့သည့် ဇန်နဝါရီလ၄ရက်နေ့ကဖြစ်ပွားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပျူစောထီးတိုက်ပွဲအတွင်း PDFတပ်စိတ်မှုး ဖြူဖွေး လည်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ပေးလှုသွားခဲ့သည်။
( အနီးကပ်သေဆုံးပုံများသည် ကြည့်ရှု့ရန် မသင့်လျော်သည့်အတွက် အဝေးမှပုံသာဖော်ပြခြင်းဖြစ်သည် )
Terrorist SAC, Violating War Rules, Shot and Stabbed to Death a PDF Comrade who was Captured Alive in KNU Brigade 4 Clash
By MPA
Violating war rules, the terrorist SAC shot and stabbed a PDF comrade to death who was captured alive during the KNU brigade 4 clash.
The fallen comrade was Aung Soe Win who served as a comrade in the people’s defense force (PDF) at unit 1, battalion 7 of KNU brigade 4 and he was arrested alive by the terrorist SAC in a clash today.
In the brigade 4 clash where 5 terrorist SAC troops were killed, comrade Aung Soe Win from Palaw People’s Defense Force was shot three times and stabbed three times, violating war rules, and the dead body was left in a farm in Sarkhe village.
“Aung Soe Win was captured alive. Without freeing him, he was shot three times with gun. He was stabbed three times. One right on the heart and two times below the heart”, said an official from the people’s defense force.
Today’s battle began at 6:45 this morning as a coalition of the KNU-led People’s Defense Force (PDF) and Palaw Regional Defence Force (PRDF) collaborated and initiated the attack on the SAC troops who were based in Sarkhe village under the territory of unit 1 of KNU brigade 4’s battalion 7 and the fight is still ongoing till present.
One comrade led by KNLA coalition was fallen and five terrorist SAC troops were killed, written on the social media of Palaw people’s defense force.
In a clash between the people’s defense force (PDF) and Pyu Saw Htee last January 4, PDF unit commander Phyu Phwe sacrificed her life for the country and the people.
Image – dead body left in a farm in Sarkhe village
( As dead bodies are not proper for close view, it’s shown from a distance )