စစ်အာဏာသိမ်းခံခဲ့ရသည့် ၁ နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်မည့် ပြည်လုံးကျွတ်အသံတိတ်သပိတ်ကို ဖျက်ဆီးရန် စစ်ကောင်စီက ရခိုင်ပြည် လုံးကျွတ်ဆွမ်းလောင်းပွဲကို အတင်းအဓမ္မပြုလုပ်ရန် ဖိအားပေးပြင်ဆင်နေသည်။
” သူတို့လာစေချင်တဲ့ဘုန်းကြီးကျောင်း တွေကိုရွေးပြီး ဘယ်နှစ်ပါးကြွလာပါဆို ပြီးစီစဥ်နေတာပါ။ဒါကိုသိသွားတဲ့ တ ကာ၊တကာမတချို့ကတော့ မသွားဖို့ ကန့်ကွက်လျှောက်ထားနေကြပါတယ်။ “ ဟုမြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
ပြည်သူလူထု၏ထောက်ခံမှုဖြင့် ရွေး ကောက်ခံဒီမိုကရေစီအစိုးရကို စစ်တပ်ကအာဏာသိမ်းလိုက်သည့် တစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်၊ယနေ့တွင် မြန်မာတစ်ပြည်လုံးအသံတိတ်သပိတ် ပြုလုပ်မည်ကို ဖျက်ဆီးချေပရန်အတွက် ဆွမ်းလောင်းလှူပွဲကို ပြုလုပ်ရန်စီစဥ်နေခြင်းဖြစ်သည်။
” ဘယ်ကျောင်းကဘယ်နှစ်ယောက်လာရမယ်ဆိုပြီး မလာမနေရအတင်းခေါ် ထားပါတယ်။တကယ့်လုပ်ရမယ့် ဘာ သာရေးပွဲမဟုတ်တော့ မသွားချင်ပါဘူး။ဒါပေမယ့် ဝန်ထမ်းတွေက ခေါ်ရင်မသွားလို့မရဘူးလေ။” ဟု မြောက်ဦးမြို့က ကျောင်းဆရာမတစ်ဦးက MPA သို့ပြောသည်။
စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကြောင်းပြသသည့် အသံတိ တ်သပိတ်များကို တနိုင်ငံလုံးက တက် တက်ကြွကြွ ပူးပေါင်းပါဝင်နေကြသဖြင့် တန်ပြန်မှုများကို စစ်တပ်က ပြင်း ပြင်းထန်ထန် ဖိနှိပ်ပြုလုပ်နေသည်။
” မနေ့က ရခိုင်မှာပြုလုပ်ခဲ့တဲ့ပွဲ စစ်တပ် ထောက်ခံပွဲဟာ ရခိုင်တွေလုပ်တာမဟု တ်ပါဘူး။စစ်တပ်ကအာဏာသိမ်းတာ ကို ရခိုင်တွေလည်း ဆန့်ကျင်ကန့်ကွက်ပါတယ်။” ဟု ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီကပြည်မမှာဈေးဆိုင်များကို ဖိအားပေးဖွင့်ခိုင်းခြင်း၊အသံတိတ်သပိတ်တွင်ပါဝင်မည်ဟု ကြေညာသည့်ဆိုင်ရှင်များကို ဖမ်းဆီးခြင်းတို့ ပြုလုပ်လျက်ရှိသကဲ့သို့ ရခိုင်ကမြို့နယ်တချို့ မှာလည်း လက်ကမ်းစာစောင်များဖြန့် ဝေခဲ့ကြသည်။
” ဘုန်းကြီးကျောင်းကိုတော့ လာလျှော က်လာကြပါတယ်။ဘယ်နှစ်ပါးကြွလာ ပါဆိုပြီးတော့။ဒါပေမယ့် ဘုန်းကြီး ကျောင်းကတော့ မကြွပါဘူး။အာဏာ သိမ်းတာကို မထောက်ခံလို့ဖြစ်ပါတ ယ်။” ဟု စစ်တွေမြို့ပေါ်မှကျောင်းထိုင် ဆရာတော်တစ်ပါးကမိန့်ကြားသည်။
ရခိုင်ပြည်နယ်ကမြို့နယ်အများစုမှာ ဇန်နဝါရီလ ၂၉ ရက်နေ့စတင်ကာ စစ် ကောင်းစီမှလုံခြုံရေးတိုးမြှင့်ထားပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ကာ မြောက်ဦးမြို့ရှိ၊သျှစ်သောင်းပုထိုးတော်ပေါ်သို့ စစ်တပ်ကတက်ရောက် နေရာယူထားကြောင့်လည်း ဆိုသည်။
” ရခိုင်မှာတိုက်ပွဲတွေပြင်းထန်းနေချိန်ကတည်းက ရှေးဟောင်းဘုရားတွေပေါ်မှာ တပ်စွဲထားတာကခုချိန်ထိပါ။ခုမှ သူတို့က ရခိုင်တစ်ပြည်လုံးဆွမ်းလော င်းပွဲလုပ်ပြရင်လည်း မယုံသလိုမသွား ပါဘူး။ဒီလုပ်ရက်က ဘာသာရေးကို အတင်းအဓမ္မအသုံးချနေတာပါ။” ရခိုင် ဆရာတော်ကြီးတစ်ပါးက ထောက်ပြမိန့်ကြားသည်။
“ CRPH/ NUG နှင့်ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီးလှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တဆင့်လှုံ့ဆော်ခြင်းပြုလုပ်လျက်ရှိပါသည်။ပြည်သူများ အနေဖြင့် လှုံ့ဆော်မှု၊ ဝါဒ ဖြန့်မှုများပေါ် မသိနားမလည်၍ဖြစ်စေ ၊ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါဆောင် ရွက်ခြင်း၊တနည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊လုံ့လုံ့ဆော်ဝါဖြန့်မှုများကို တဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နှင့် ၅ဝ၅(က)၊အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေဖြင့်အရေးယူခံရမည်” ဟု ရခိုင်မြို့နယ်တချို့တွင် ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။